မင်္ဂလာညချမ်းပါရှင့်..
မနက်ဖြန်အလုပ်သွားရမယ့် ကန်ဒီ့အတွက်က TGIF မဟုတ်သေးပေမယ့် သူများတွေအတွက်ကတော့ Weekend ရောက်ပြီ အားပြီဆိုတော့ အားတဲ့အချိန်လေးမှာ ကြည့်လို့ရအောင် ဗဟုသုတအရမ်းရစေမယ့် ဒီ "What The Health"ဆိုတဲ့ Documentary အသစ်လေးကို YouTube မှာ ရှာတွေ့လို့ ရှယ်ချင်ပါတယ်။ YouTube Policy အရ မကြာခင် ပျက်ချင်လည်း ပျက်သွားနိုင်တာမို့ သူတို့တင်တုန်းလေး ကြည့်ထားကြပါလို့ :)
ဒီတစ်နာရီခွဲစာ ဗွီဒီယိုလေးကို ကြည့်ချင်အောင်.. ကြော်ငြာလိုပေါ့.. အဲ့ထဲက ကန်ဒီအရမ်းသဘောကျတဲ့ သူတို့ပြောသွားတဲ့ ဗဟုသုတရစေမယ့် အပိုင်းလေးတွေကို ဒီမှာ နည်းနည်းရေးပေးမယ်နော်။
Dr. Milton Mills: Here in American medicine, we operate from the disease model. We are in the business of treating sick people, we are not in the business of trying to prevent people from becoming sick.
အရမ်း အရမ်းမှန်တဲ့စကားပါ။ ကိုယ်ကိုယ်တိုင်က ဆေးခန်းမှာ အလုပ်လုပ်ပြီး နေ့စဉ်နဲ့အမျှ ဆေးတွေအကြောင်းချည်း လေ့လာနေရတော့ ပိုသိပါတယ်။ ကန်ဒီတို့အခုသွားနေတဲ့ပုံစံက ရောဂါဖြစ်မှ ဆေးသောက်ပြီး ဆေးကုတာပါ။ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာမျိုးက အရမ်းနည်းပါတယ်။ ဥပမာ- သွေးတိုးရှိပြီဆို သွေးချဆေးတွေ ပေးမယ်။ ဒီဆေးတွေက များသောအားဖြင့် Life Long သောက်ရတာတွေ ကန်ဒီတို့က Chronic medication လို့ ခေါ်ပါတယ်.. ဘာလို့ Life Long သောက်ရလဲမေးရင် ရောဂါရဲ့အရင်းမြစ်ကို ပျောက်စေတဲ့အရာ မဟုတ်လို့ပါ။ သွေးကြောထဲမှာများနေတဲ့ Pressure ကို ဘယ်လိုနည်းနဲ့ချမလဲ ဆိုတာပဲ ဒီဆေးတွေက လုပ်ပေးပါတယ်။ ဘာလို့ သွေးတိုးလဲဆိုတဲ့ သွေးတိုးစေနိုင်တဲ့အကြောင်းအရာတွေကို မရှောင်နိုင်ဘူးဆိုရင်တော့ ဒီသွေးချဆေးတွေနဲ့ပဲ ဆက်သွားနေရမှာပါ။ သွေးတိုး၊ ဆီးချို နှလုံးရောဂါတွေက Lifestyle နဲ့ သက်ဆိုင်တဲ့ ရောဂါတွေမို့ ကိုယ့် Lifestyle ကို ပြောင်းလဲပစ်ဖို့ အရမ်းအရေးကြီးပါတယ်။
Dr. Michael Klaper: If I could deliver one message to the researchers who are looking for the cause of diabetes, the cause of clogged arteries, the cause of high blood pressure and the cause of obesity, I would tell them the answer in three words: It's the food!! It's what American are eating!!
The Interviewer: What role does sugar play in causing Diabetes?
Dr. Neal Barnard: *Driving me crazy* Diabetes is not and never was caused by eating a high carbohydrate diet, and it's not caused by eating sugar. The cause of Diabetes is by Diet that builds up the amount of fat into the blood. I'm talking about the typical meat-based, animal-based diet. You can look into the muscle cells of the human body and you find that they're building up tiny particles of fat that's causing insulin resistance. What that means is the sugar that is naturally from the foods that you're eating can't get into the cells where it belongs. It builds up in the blood and that is Diabetes.
ဟဟဟ.. Dr. Neal Barnard ပထမဆုံးထွက်သွားတဲ့ Driving me crazy ဆိုတဲ့ အာမေဍိတ်သံကို အကြိုက်ဆုံးပါပဲ။ "အချိုတွေ မစားနဲ့... ဆီးချိုဖြစ်မယ်"ဆိုတဲ့စကားမျိုးကြားရင် ကန်ဒီဖြစ်တဲ့ ခံစားချက်နဲ့ တူလို့ပါ။ အချိုစားရင် ဆီးချိုတက်တယ်လို့ ပြောရင်တော့ မှန်ပါတယ်။ အချိုစားလို့ ဆီးချိုဖြစ်တယ်ဆိုရင်တော့ အရမ်းကြီးလွဲသွားပါပြီ။ ဆီးချို သွေးချိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အချိုစားလို့မဟုတ်ပါဘူး။ ကန်ဒီတို့ ခန္ဓာကိုယ်ထဲက သွေးထဲမှာ အချိုဓာတ်များနေပြီဆို အလိုလျှောက်ထွက်လာတတ်တဲ့ Insulin လို့ခေါ်တဲ့ Hormone ရှိပါတယ်။ သူမရှိရင်ဖြစ်ဖြစ် (သို့) ရှိရဲ့သားနဲ့ ခန္ဓာကိုယ်က Cell တွေက Insulin ကို မသိဘဲ Resistance ဖြစ်နေရင်ပဲ ဖြစ်ဖြစ် ဆီးချို သွေးချို ဆိုတာ ဖြစ်ပါတယ်။ လူကြီးပိုင်းမှာ ဖြစ်တဲ့ Diabetes အများစုဟာ Insulin Resistance ကြောင့်ပါ။ Cell တွေက Insulin ကို ဘာလို့မသိတာလဲဆိုတော့ ကန်ဒီတို့ Cell တွေထဲမှာစုနေတဲ့ အဆီတွေကြောင့်ပါလို့ Dr. Neal Barnard က ရှင်းပြထားပါတယ်။ ဆိုတော့ ဒီရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက အဆီပါ။ အချိုမဟုတ်ပါဘူး။ ခုနကအပိုဒ်မှာ ကန်ဒီပြောထားသလို ရောဂါရဲ့အရင်းအမြစ်ကို ကုသချင်ရင် အဆီရှောင်ရမှာပါ။ အချိုရှောင်တာကတော့ သွေးချိုတက်တယ်ဆိုတဲ့ Symptom ကိုပဲ သက်သာစေမှာပါ။
Dr. Garth Davis: Carbs consumption was inversely related with Diabetes. In other words, the more carbs someone ate, the less Diabetes they had. But meat was strongly correlated. The carbs cannot make you fat in and of themselves. We have storage in our muscles and in our livers for carbs called "Glycogen". So, when we eat carbs, we either store it or we burn it. But eat fat, that goes straight to your fat. Your body can't turn those carbs into fat unless you are really overdoing the calories.
ဒါလည်း ကန်ဒီအရမ်းသဘောကျတဲ့အပိုင်းပါ။ လူတော်တော်များများက ၀ိတ်ချချင်ရင် Carbohydrates ကို ရှောင်ကြတယ်။ "Paleo Diet"လို့ခေါ်တဲ့ Protein များများစားတဲ့ဘက်ကို သွားကြတာတွေ့ရတယ်။ ကန်ဒီ့ပတ်ဝန်းကျင်မှာ အဲ့လိုဝိတ်ချနေတဲ့သူတွေ တွေ့ရင်အရမ်းရှင်းပြချင်တာပဲ။ ဒါပေမယ့် ကိုယ်ပြောရင်လည်း နံပါတ် (၁) ကိုယ်က ဆရာကြီးလုပ်တယ် အထင်ခံရမယ်။ နံပါတ်(၂) ကိုယ်ပြောတာလည်း ယုံချင်မှ ယုံမယ်။ အဲ့လို အဲ့လိုတွေးပြီး အပြင်မှာဆို မပြောဖြစ်ဘူး။ Carbs က လူကိုမ၀စေပါဘူး။ တဗြဲနှစ်ဗြဲစားရင်တော့ တမျိုးပေါ့လေ။ Carbohydrates ဆိုတာ ကန်ဒီတို့ ခန္ဓာကိုယ်က တကယ်တောင့်တတဲ့ အရာပါ။ Carbohydrates ကနေ အလွယ်တကူရတဲ့ Glucose ကို တကိုယ်လုံးမှာရှိတဲ့ Cell တွေက သုံးရပါတယ်။ "Paleo Diet"သမားတွေ စားကြတဲ့အသားမှာ ဘာပါလဲဆိုတော့ Protein အပြင် အဆီတွေလည်း ပါပါတယ်။ ကန်ဒီတို့ခန္ဓာကိုယ်က အဆီကို အဆီအနေနဲ့ပဲ Store လုပ်ပါတယ်။ Carbs ကို ကျတော့ Energy အနေနဲ့ သုံးရင်သုံး မသုံးရင် Liver နဲ့ Muscle မှာ "Glycogen"အနေနဲ့ Store လုပ်ပါတယ်။ ညစာမစားတာတို့ အဆာခံတာတို့ကိုလည်း အားမပေးပါဘူး။ အဲ့လိုဝိတ်ချတာတွေဟာ ရေရှည်မလုပ်နိုင်တဲ့အခါ ၀ိတ်ပြန်တက်နိုင်ပါတယ်။ "Paleo Diet"နဲ့ ပက်သက်ပြီး ပိုစ့်တပုဒ်လောက်ရေးဖို့ စိတ်ကူးရှိခဲ့ဖူးပါတယ်။
ခုနက ကန်ဒီရေးပြသွားတာတွေထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတာတွေ သိချင်တယ်ဆိုရင်တော့ ဒီဗွီဒီယိုလေးပဲ ကြည့်လိုက်ပါတော့နော်..
Good Night^^