Quantcast
Channel: My freedom
Viewing all 246 articles
Browse latest View live

3 Days in Yangon: What I did and ate

$
0
0
ဇွန်လကုန်လောက်က ရန်ကုန်(၃)ရက်ပြန်တဲ့ပိုစ့်က မပြီးသေးဘူး။ ညီမ မင်္ဂလာဆောင်တာ သူ့မင်္ဂလာဆောင်ပဲ တင်ရသေးတယ်လေ။ ကိုယ်စားတာတွေ ဘာတွေ မတင်ရသေးတော့ မကျေနပ်လို့ အခုမှဆက်မယ်နော်။ မနက်အစောကြီးလေယာဉ်နဲ့ဆိုတော့ ရန်ကုန်ကိုမနက်(၁၀)နာရီလောက် ရောက်တယ်။ မနက်စာကို လေယာဉ်ပေါ်မှာ စားလာတယ်။


အိမ်ရောက်တော့ အရင်ဆုံးဘာလုပ်လဲဆို အထုတ်ချပြီး တူဦးဦးဖျားဖျားလေးကို အရင်သွားကြည့်တယ်။ ညီမအငယ်ဆုံးရဲ့သားလေး။ အဲ့တုန်းက (၁)လသားလေးပဲရှိသေးတယ်။ သူ့အတွက်ဝယ်လာတဲ့ ကလေးအကျီတွေနဲ့ အရုပ်တွေ သူ့အမေကိုပေး။ ကလေးချီ... ကလေးထိန်း... တီတီခိုင်လုပ်...



နေ့လည်လောက်ကျတော့ ကိုယ့်အိမ်ကိုယ်ပြန်လာတယ်။ အမေက ခြံထဲဆင်း မန်ကျည်းရွက်နုနုလေးတွေသွားခူး သုပ်ပေးမယ်ဆိုတာနဲ့ လတ်လတ်ဆတ်ဆတ် မန်ကျည်းရွက်နုနုလေးတွေ ဆင်းခူးတယ်။




နေ့လည်စာက မန်ကျည်းရွက်သုပ်၊ ကညွှတ်ကြော်... အကုန်သားသတ်လွှတ်။ အမေက သူ့သမီးအကြောင်း သူသိတယ်။ သရက်သီးက ကန်ဒီလာရင်စားဖို့ဆိုပြီး ခြံထဲကသီးတဲ့သရက်သီးတချို့ကို သူများမပေးဘဲ ချန်ထားတာ (xD)။ အဲ့မှာတင်သရက်သီးနှစ်လုံး စားတယ်... မြကျောက်နဲ့ မချစ်စု ထင်တာပဲ။ ညနေလောက်ကြတော့ ဦးလေးတွေ၊ အဒေါ်တွေအိမ် သွားတယ်။ အဲ့ရောက်တော့လည်း သရက်သီးတစ်လုံးထပ်ကျွေးတယ်။ တစ်ရက်ထဲတင် သရက်သီး သုံးလုံးလောက် စားဖြစ်သွားတယ်။ အဲ့အချိန်ကလည်း သရက်သီးပေါတဲ့အချိန်ကိုးး။


နောက်နေ့မနက်မိုးလင်းတော့ အမေပိန္နဲသီးခွဲနေတာကို အိပ်ချင်မူးတူးရုပ်နဲ့ ထိုင်ကြည့်တယ်။ အမှန်က ဓာတ်ပုံရိုက်ချင်လို့ စောင့်နေတာ ဟီးဟီး။ ခွဲလည်းခွဲပြီးရော ပိန္နဲသီးဇလုံကြီးတကားကားနဲ့ ခြံထဲဆင်း ဓာတ်ပုံရိုက်ဖို့ နေရာရှာပါလေရော။ လှတပတဖြစ်အောင် ခရေပန်းလေးတွေ နည်းနည်းပါးပါးကောက်လိုက်သေးတယ်။ ပြီးတော့သစ်ရွက်လေးပေါ်တင်... ပိန္နဲသီးဇလုံလေးနဲ့အတူ ဓာတ်ပုံရိုက်။ အဲ့ဓာတ်ပုံလေးရဖို့ အဲ့လိုလုပ်ခဲ့ရတာနော်... ပေါ့သေးသေးမထင်နဲ့ ဟဟဟဟ




ကိုယ်ကလည်း ပါချင်သေးတာဆိုတော့ ရုပ်ကိုကြည့်ပျော်ရှုပျော်ဖြစ်အောင် အပေါ်တက်မျက်နှာသစ်ရသေးတယ်။ အဲ့လိုလုပ်ပြီးမှ Selfie ဆွဲပြီး Facebook ပေါ် တင်ရပါတယ်(xD)။ အဲ့ပိန္နဲသီးကလည်း ကန်ဒီတို့အိမ်အပင်ကပဲ သီးတာ။ 

တို့ဖူးနွေး သားသတ်လွတ်...



ကန်ဒီစားတဲ့မနက်စာတွေ။ ကင်းပွန်ရွက်ကို အမေက မြေပဲနဲ့ထောင်းပေးတယ်။ နောက် ပဲပိစပ်ချက်... ပဲပြုတ်ထမင်းနဲ့ လိုက်တယ်။ နေ့လည်စာအတွက် အင်ဥပေါ်တဲ့အချိန်ဆိုတော့ အမေက အင်ဥသုပ်ပေးတယ်။ နောက် ကန်ဇွန်းရွက်ကြော်နဲ့ ပဲကုလားဟင်း... ရှလွှတ်


ခရမ်းသီးနှပ်၊ ပဲပိစပ်ချက်၊ အရွက်ကြော်...



အားရင်ခွေးကို သွားနှောင့်ယှက်... ခြံထဲကအသီးတွေ ဓာတ်ပုံရိုက်။ ဒါပဲလုပ်စရာရှိတာကိုး (xD)။ အမှန်က အားတဲ့အချိန်တောင် သိပ်မရှိလိုက်ပါဘူး။ ညီမ မင်္ဂလာဆောင်နဲ့ အားလုံးအလုပ်ရှုပ်နေကြတာ။ (၃)ရက်လေးနေပြီး မ၀,တ၀နဲ့ စင်္ကာပူပြန်ခဲ့ရတယ် ဆိုပါတော့...

Good Night^^

Thoughts: Need Some Respect, Going Back?!

$
0
0
Hello Hello....
တနင်္လာနေ့ကို ထူးထူးခြားခြား Monday မဘလူးဘဲ စာရေးဖို့ အင်အားတွေ ရှိနေသေးတယ်။ ဒီနေ့ဟင်းမချက်ဘူး။ မနေ့ကချက်ထားတာနဲ့ စားပြီး တပတ်စာလျှော်ထားတဲ့အ၀တ်တွေ မီးပူထိုင်တိုက်တယ်။ မီးပူတိုက်ပြီးအခု(၉)နာရီခွဲကျော်ကျော်ပဲ ရှိသေးတာဆိုတော့ စာလေးရောက်တတ်ရာရာ ရေးလိုက်ပါဦးမယ်ဆိုပြီး မဖွင့်တာအလွန်ကြာပြီဖြစ်တဲ့ ယဲ့ယဲ့ပဲကျန်တော့တဲ့ ကန်ဒီ့ Laptop လေး ဖွင့်လိုက်တယ်ဆိုပါတော့။ ကြိုပြောထားတယ်နော်... ဒီ Laptop လေး မတော်တဆအလုပ်မလုပ်တော့ရင် တော်ရုံနဲ့ ပေါ်လာမှာမဟုတ်တော့ဘူး ဟဟ xD



အပတ်တိုင်းလိုလို ကျောင်းမှာမွေးနေ့ရှိနေတော့ ကိတ်မုန့်တွေ့ရင်ကို ကလေးတွေက ပျော်နေတာ... ကြည့်ပါဦး... ကန်ဒီ့တပည့်တွေ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ သူတို့ကို အော်ရတာလည်း အာပေါက်တယ်။ အရင်ကအတန်းမှာ ဆရာမနှစ်ယောက်ရှိတယ်။ အခု ကန်ဒီနဲ့တူတူသင်တဲ့ဆရာမက သူ့ကလေးစာမေးပွဲရှိလို့ ခွင့်ယူထားတာနဲ့ ကန်ဒီတစ်ယောက်တည်း မနိုင်မနင်းတွေ ဖြစ်နေတာ။ မိဘတွေကတော့ ကန်ဒီ့ကိုကူပြီး ကလေးတွေကို လိုက်ကြည့်ပေးပါတယ်။  တစ်နာရီအတွင်းမှာ Attendance က လည်း ခေါ်ရ၊ စာဆိုရနဲ့ သူတို့ကို ရေးခိုင်းထားတာတွေ အမှတ်မခြစ်အားဘူး။ "စာလာမပြကြနဲ့ဦးနော်... Attendance အရင် ခေါ်မယ်နော်..."ပြောလွန်းလို့ မနေ့က ကလေးလေးတစ်ယောက်က "ရေးထားတာတွေ အများကြီးရှိနေပြီနော်... အမှတ်လည်းမခြစ်ပေးဘူး"ဆိုပြီး စာလာပြတယ် ဟဟဟဟ xD 

များသောအားဖြင့် စာသင်ပြီးရင် ပြန်တာများတယ်။ ဘုန်ကြီးကျောင်းမှာ ညစာစားလေ့မရှိဘူး။ သားသတ်လွတ်ဆိုတော့ စားလို့မရတာလည်း ပါတယ်။ တရက်ဘုန်းဘုန်းက ဒီနေ့လက်ဖက်ထမင်းကျွေးတယ် စားသွား ဆိုတာနဲ့ သားသတ်လွတ်ဖြစ်မလားဆိုပြီး မီးဖိုချောင်သွားကြည့်တော့ ပုဇွန်ခြောက်ပါတယ်တဲ့။ အဲ့ဒါနဲ့စားလို့မရတော့ လက်ဖက်ထမင်းလှူတဲ့ဆရာမက ကန်ဒီ့ကိုပြောင်ဖူးပြုတ်နဲ့ ထမင်းနယ်စားဆိုပြီး ပြောတော့ အဲ့ဒါထိုင်စားနေတုန်း ကန်ဒီနဲ့လည်း မသိတဲ့ဦးလေးကြီး တစ်ယောက်က ကန်ဒီ့ကို တရားလာဟောတယ်။ တကယ်တော့ သားသတ်လွတ်စားရမယ်လို့ ဗုဒ္ဓဘုရားက မဟောထားပါဘူး။ တဏှာနဲ့ မစားရင်ရပြီ။ သားသတ်လွတ်စားတိုင်းသာ နိဗ္ဗာန်ရောက်မယ်ဆို နွားတွေဆို မြက်ပဲစားတာ နွားတွေအကုန် နိဗ္ဗာန်ရောက်ကုန်မှာပေါ့တဲ့။ ဘာမှ ပြန်မပြောဖြစ်ပါဘူး... စိတ်ထဲတော့ ခုသွားတာပေါ့။ သူနဲ့လည်း မသိဘဲ အဲ့ဒါတွေ လာပြောနေတယ်။

အဲ့လိုမျိုးလာပြောတဲ့လူတွေဆို အမြင်ကတ်တယ်။ ကန်ဒီ ဘာသာရေးအရ သားသတ်လွတ်စားတာမဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ နိဗ္ဗာန်ရောက်အောင် စားတာလည်းမဟုတ်ဘူး။ တိရိစ္ဆာန်တွေအတွက် သားသတ်လွတ်စားတယ်။ အဲ့ဒါကန်ဒီ့ရဲ့ ကြီးမားတဲ့ယုံကြည်မှု။ ကန်ဒီသူများခံယူချက်ကို Respect ပေးသလို ကန်ဒီ့ခံယူချက်နဲ့ ယုံကြည်မှုကိုလည်း Respect ပေးစေချင်တယ်။ အဲ့လိုလာပြောလို့ အပြင်မှာ သူတို့နဲ့ ပြိုင်ငြင်းနေမှာ မဟုတ်ဘူး။ ကြားရလွန်းလို့လည်း ရိုးနေပြီ။





Mustafa မှာ အလုပ်ကသူငယ်ချင်းတွေနဲ့ တိုရှည်သွားစားတယ်။ အုန်းရည်သောက်တယ်။ သူတို့ဆို ကန်ဒီ့လို သားသတ်လွတ်သမားတွေ မဟုတ်ဘူး။ ကန်ဒီနဲ့ သားသတ်လွတ်ဆိုင်မှာ လိုက်စားတယ်။ ကန်ဒီ့ Opinion ကို ဘယ်တော့မှ Negative comment မပေးဘူး။ 

ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ အတွေးတွေ ဒီရက်ပိုင်းတွေးမိတယ်။ ဘာလဲဆိုတော့ မြန်မာပြည်ပြန်ဖို့။ အဖေနဲ့အမေ အသက်တွေကြီးလာတာမြင်တော့ ပြန်ဖို့တွေးမိတယ်။ မိဘဆိုတာ ရှိတုန်းပြုစုရတာ... မရှိတော့တဲ့အချိန်ကျမှာ နောင်တဆိုတာကြီး မရချင်ဘူး။ ချက်ချင်းကြီးပြန်ဖြစ်ဦးမှာ မဟုတ်ပေမယ့် ပြန်ရင် ရန်ကုန်မှာ ဘာလုပ်မယ်ဆိုတာ စ,စဉ်းစားတော့မယ်။ ရန်ကုန်မှာ သေချာတာတစ်ခုခုလုပ်ဖို့ရှိပြီဆို ပြန်တော့မယ်။ နောက် နှစ်အနည်းငယ်အတွင်းပေါ့။ အဲ့ဒီပြန်ဖို့ကိစ္စစဉ်းစားပြီး သိပ်မကြာခင်မှာဘဲ ကန်ဒီ့ယုန်လေးတွေကို လိုချင်တဲ့ Singaporean မိသားစုကို ပေးလိုက်ပြီ။ ညတိုင်းလိုလို ငိုလိုက်ရတာ... ကန်ဒီအရမ်းချစ်တာလေ။ သူတို့ကို မွေးနေ့လက်ဆောင်အဖြစ် ကန်ဒီစ,ရကတည်းက ဒီလိုတနေ့ပေးလိုက်ရမယ်ဆိုတာ သိပြီးသားပါ။ မတော်တဆ ကန်ဒီရုတ်တရက်ကြီး အကြောင်းအမျိုးမျိုးကြောင့်ပြန်ရမယ်ဆို သူတို့ကိုစောင့်ရှောက်မယ့်လူ မရှိဘူးလေ။ အဲ့ဒါတွေကို အစကတည်းက အမြဲတွေးတယ်။ ပြီးပြီးရော တွေ့တဲ့လူကိုလည်း မပေးခဲ့ချင်ဘူး။ သူတို့ကို ဂရုတစိုက် သေချာမွေးနိုင်မယ်ထင်တဲ့မိသားစုကို သေချာရွေးပြီးတော့ ပေးလိုက်တယ်။ သူတို့ ကံကောင်းပါစေ။ နောက် ဘယ်တော့မှ အကောင်လေးတွေ မမွေးတော့ဘူး... ကိုယ်က သံယောဇဉ်တွယ်တတ်တဲ့သူ :(


အိပ်တော့မယ်နော်...
Good Night^^

Where We Draw the Line?

$
0
0
မင်္ဂလာညချမ်းပါနော်...
တနေ့လုံးအလုပ်လုပ် အပြင်သွားပြီး ပင်ပန်းနေပေမယ့် မအိပ်သေးဘဲ ဒီနေ့တွေးဖြစ်တဲ့ အကြောင်းအရာလေးတစ်ခုကို စာလေးနည်းနည်းရေးချင်လို့ပါ။ အလုပ်မှာဆို တချို့လူနာတွေက သူတို့မသောက်ရတော့တဲ့ ပိုနေတဲ့ဆေးတွေကို ကန်ဒီတို့ဆီ ပြန်လာပေးတတ်တယ်။ အဲ့လိုလာပေးရင် အရင်အလုပ်မှာဆို ကန်ဒီတို့က လာပေးတဲ့ဆေးတွေကို အရင် Expiry Date တွေ ဘာတွေစစ်တယ်။ Expiry Date မကျော်သေးတဲ့ဆေးမျိုးဆို သက်သက်ဖယ်ထားပြီး Nursing Home ကို ပေးတယ်။ Expiry Date ကျော်သွားတဲ့ဆေးတွေဆို ရေနဲ့ဖျောပြီး ဖျက်ဆီးပစ်တယ်ပေါ့။ အခုနေရာပြောင်းလိုက်တဲ့ အလုပ်မှာကြတော့ လူနာမလိုတော့လို့ လာပေးတဲ့ဆေးတွေအကုန် ရေနဲ့ဖျောပြီး ဖျက်ဆီးပစ်တယ်ပေါ့။ အရင်အလုပ် အခုအလုပ်ပြောနေပေမယ့် Organization က အတူတူပါပဲ။ ကန်ဒီ Branch Tranfer လုပ်လိုက်တဲ့နေရာကို ပြောချင်တာ။

အဲ့ဒါ ဒီနေ့ဆေးတွေကို ရေနဲ့ဖျောရင်း အလုပ်က Senior ကို ပြောဖြစ်တယ်။ အရင်ကဆို ကန်ဒီတို့ Expiry မဖြစ်သေးတဲ့ဆေးတွေဆို Nursing Home ကို ပေးတယ်လို့... ဆေးတွေ Waste မဖြစ်တော့ဘူးပေါ့လို့ ပြောပြတော့ သူကလည်း သူ့အတွေးကို ပြောပြတယ်။ "ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် လူနာဆီက မလိုတော့လို့ ပြန်ရတဲ့ဆေးကို Storage Condition တွေဘာတွေ မတူနိုင်လို့ အာနိသင်မတူမှာစိုးလို့ ကိုယ့်ဆီလာတဲ့ တခြားလူနာတွေကိုတောင် ပြန်မပေးတာ Nursing Home က လူနာတွေကိုကြပေးတယ်ဆို ဒါ Ethic နဲ့ မညီဘူးထင်တယ်။ ကိုယ့်လူနာတွေကျတော့ တန်ဖိုးထားပြီး Nursing Home က လူနာတွေကျတော့ တန်ဖိုးမထားရာရောက်တယ်"တဲ့။ သူအဲ့လိုပြောလိုက်တော့ ကန်ဒီ့စိတ်ထဲ နည်းနည်းတွေဝေသွားတယ်။ သူပြောတာကို ကန်ဒီနည်းနည်းလက်ခံတယ်။ ကိုယ်ဆိုလည်း သူများကျန်လို့ရတာထက်စာရင် အသစ်ပဲလိုချင်မှာပေါ့...

ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် Nursing Home တို့ဘာတို့ဆိုတာ Budget နည်းနည်းလေးနဲ့ Run နေရတာမျိုးလေ။ ကန်ဒီတို့ဆီလာနေတဲ့ လူနာတွေက ဒီဆေးတွေကို ပိုက်ဆံပေးပြီး ၀ယ်နေနိုင်ပေမယ့် မ၀ယ်နိုင်လို့ မသောက်ရတဲ့လူတွေလည်း အများကြီးရှိတယ်။ ကန်ဒီတို့ Nursing Home ကို အလကားပေးတဲ့ဆေးတွေကလည်း Expiry Date ကျော်နေတဲ့ မကောင်းတော့တဲ့ ဆေးတွေမဟုတ်သလို၊ ဖွင့်ထားပြီးသား Loose Tablet တွေလည်း မဟုတ်ဘူး။ သူ့ Packaging နဲ့သူ မသိရင် အသစ်အတိုင်းပဲ။ အဲ့လို လိုအပ်တဲ့နေရာကို ပေးလိုက်တဲ့အခါ သူတို့အတွက် အကျိုးရှိသလို ဆေးတွေလည်း Waste မဖြစ်တော့ဘူးပေါ့။

ဆေးမှမဟုတ်ပါဘူး၊ ဘယ်ပစ္စည်းမဆို ကိုယ်ကအသုံးမလိုတော့ပေမယ့် သူများအတွက်တော့ လိုအပ်ချက်ကွက်လပ်လေးတစ်ခု ဖြစ်နေနိုင်တယ်။ အဲ့လိုမျိုးဆို ဒီပစ္စည်းကို ငါသုံးထားတဲ့ပစ္စည်းကြီး သူများပေးလို့မကောင်းပါဘူး Ethic နဲ့မညီဘူးဆိုပြီး ပစ်လိုက်မှာလား?? လိုအပ်တဲ့သူဆီ ပေးလိုက်မှာလား?? 

ဒီနေ့တွေးမိတဲ့အတွေးလေးသက်သက်ပါ...
Good Night နော်...

Meet up with Sister

$
0
0
Hello...
ပြီးခဲ့တဲ့ Weekend က ညီမလေးနဲ့ တွေ့တယ်။ သူအိမ်ထောင်ကျပြီးကတည်းက သိပ်မတွေ့ဖြစ်တော့တာ ခုမှညီအစ်မနှစ်ယောက်တူတူ ညစာစားဖြစ်တယ် ဆိုပါတော့။ စနေနေ့ Bugis မှာ (၄)နာရီလောက်ချိန်း၊ ကန်ဒီ့လက်ကိုင်အိတ်လေး ကြိုးပြုတ်သွားတာလေး ပြင်ချင်တာနဲ့ Bag Repair ဆိုင် လိုက်ရှာ၊ တွေ့တော့လည်း SGD 20 တောင်ပေးရမယ်တဲ့။ မတန်တာနဲ့ မပြင်တော့ဘူး။ နိုဝင်ဘာရန်ကုန်ပြန်မှပဲ ပြင်တော့မယ်ဆိုပြီး Sim Lim Square ဆက်သွားတယ်။ ကန်ဒီလိုချင်တဲ့ CyberLink PowerDirector Video Editing Software ၀ယ်တယ်။ 

ပြီးခဲ့တဲ့ အပတ် IT show လုပ်တုန်းက ကန်ဒီ Laptop အသစ်ဝယ်လိုက်သေးတယ်။ ကန်ဒီ့ Laptop အဟောင်း မကောင်းတဲ့အကြောင်း ညည်းညည်းနေတာ ကြာပြီမလား။ မကောင်းတာလည်း သူ့အပြစ်မဟုတ်ပါဘူး။ သုံးနေတာ ကန်ဒီစင်္ကာပူမှာ ကျောင်းစတက်ကတည်းကဆိုတော့ အခုဆို(၆)နှစ်တောင် ရှိပြီလေ။ အဟောင်းက Sony... အခုအသစ်ကို Dell Inpiron ၀ယ်လိုက်တယ်။ ဈေးလည်းတော်တယ်လေ IT show မှာ ၀ယ်တာဆိုတော့။ Video Editing အတွက် အဆင်ပြေနိုင်မယ့် Laptop ကို သေချာ Research လုပ်ပြီးမှ ၀ယ်လိုက်တာ။ ကိုယ့်ဝါသနာက အဲ့ဒါဆိုတော့လည်း မတတ်နိုင်ဘူး xD

ဒီလ ပိုက်ဆံသုံးတာနည်းနည်းများသွားတယ်။ ဒါပေမယ့် လိုချင်တာရတော့လည်း တန်ပါတယ်။ တခါတလေသုံးတာပဲ နော့။ Laptop အသစ်ကြီးရပြီး မြန်မာစာ ရေးလို့ဖတ်လို့မရလို့ ခေါင်းခြောက်ရသေးတယ်။ ခုတော့ ရသွားပြီ။ အသိအစ်ကိုတစ်ယောက်ကို အကူအညီတောင်း၊ သူပေးတဲ့ စာတွေဟိုဖတ်ဒီဖတ်လုပ်ပြီး ကိုယ့်ဟာကိုယ်လျှောက်လုပ်လိုက်တာ။ မြန်မာစာမရရင် စာရေးလို့ မရဘူးလေ။ ကန်ဒီ့ ဘလော့ဂ် Domain ကလည်း ဒီလထဲ Expired ဖြစ်မှာဆိုတော့ အဲ့ဒါသက်တမ်းတိုးရသေးတယ်။ အဲ့ဒါတွေ ပူရတာလည်း တစ်ဒုက္ခ ဟဟဟ xD

ညီမလေးနဲ့တွေ့တဲ့ကိစ္စကို ဆက်ရရင် Sim Lim Square သွားပြီးတော့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် Shopping ထွက်၊ ကန်ဒီက ခရီးသွားဖို့ ဖိနပ်ဝယ်။ နှစ်ရံဝယ်ရင် 20% Discount ဆိုတာနဲ့ ညီမလေးကို အဖော်ညှိ၊ တခါတလေကျ Shopping ထွက်တာ နှစ်ယောက်မှ ပိုတန်တယ်(xD)။ နောက်ဆုံးသူလည်း တစ်ရံဝယ်၊ ကိုယ်လည်း တစ်ရံဝယ်... ဟဟ ဘယ်လောက်မိုက်လဲ။


အဲ့ဒါပြီးတော့ သူ့အမျိုးသားလည်း ရောက်လာ၊ မိသားစုသုံးယောက် ညစာတူတူစားကြတယ်။ ကန်ဒီနဲ့ဆိုတော့ သားသတ်လွတ်ဆိုင် လိုက်စားပေးတယ်။ "Veggie Cottage"လို့ခေါ်တဲ့ သားသတ်လွတ်ဆိုင်လေး... Bugis ကနေ ကားစီးရင် တစ်မှတ်တိုင်ပဲ။ နို့၊ ကြက်ဥ မသုံးတဲ့ Vegan ဆိုင်ပေါ့။





ဈေးကလည်း အဲ့လောက်ကြီး ကြီးတဲ့အထဲမှာ မပါဘူး။ အိမ်ဆိုင်လိုလေး.... အေးအေးဆေးဆေးရှိတယ်။ ညီမလေးဆီက ကင်မရာငှားထားတယ်။ ကန်ဒီနောက်လထဲမှာ Bali သွားလည်မလို့လေ။ လေးညအိပ်ငါးရက်။သူ့ကင်မရာက ကန်ဒီ့ကင်မရာထက် နည်းနည်းပိုကောင်းတယ်။ လေယာဉ်လက်မှတ်က အစောကြီးကတည်းက ၀ယ်ထားတာ... Tiger Airline ဆိုတော့ SGD 160 လောက်ပဲရှိတယ်။ ဟိုမှာလည်ဖို့ကိုတော့ Package ၀ယ်ထားတယ်... SGD 450 လောက်ကျတယ် စားတာရော၊ ဟိုတယ်ခပါ အပါအ၀င်။ တူတူသွားမယ့်ထဲမှာပါတဲ့ အစ်မကြီးတစ်ယောက်က Travel and Tour လုပ်တာဆိုတော့ သူပဲအားလုံးစီစဉ်တာပေါ့။


ညဆို (၁၀)နာရီကျော်ကျော်လောက် အိပ်တာ အကောင်းဆုံးပဲလို့ ကြားဖူးတယ်။ ခုတောင် (၁၀)နာရီ ခွဲနေပြီ။ ဒီနေ့တော့ စောစောအိပ်ကြည့်မယ် တာ့တာနော် Zzzz...

ယနေ့ စားဖွယ်

$
0
0
ဒီရက်ပိုင်း အင်တာနက်လိုင်း သိပ်မကောင်းဘူး။ အစက ကန်ဒီ့ကွန်ပျူတာကြောင့် ဖြစ်တယ်ပဲထင်နေတာ။ အိမ်မှာတူတူနေတဲ့ တခြားအစ်မတွေလည်း ပြောတယ်။ လိုင်းမကောင်းဘူးတဲ့။ SingTel က ဖြစ်တာထင်တယ်။ ဒီရက်ပိုင်း စောင့်ကြည့်လိုက်ဦးမယ်။ မရရင်တော့ ဖုန်းခေါ်ရမယ်။ စာရေးမယ်လုပ်ပြီး ကွန်ပျူတာဖွင့်လိုက် လိုင်းမကောင်းတာနဲ့ မရေးရနဲ့ ဖြစ်နေတာ...

ဒီနေ့ပိုစ့်ကတော့ ဘာမှထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပဲ ကန်ဒီအလုပ်လုပ်တဲ့ Week Day တစ်ရက် ဘာတွေစားတယ်ဆိုတာ ပြောပြတဲ့ပိုစ့်ပါ။ သားသတ်လွတ်စားတယ်ဆို လူတော်တော်များများက ဟိုဟာလည်း မစားဘူး ဒီဟာလည်း မစားဘူး... ကန်ဒီဆိုပိုဆိုး Vegan ဆိုတော့ နို့နဲ့ ကြက်ဥလည်း မစားတော့ တနေ့တနေ့ ဘာတွေများစားလဲဆိုပြီး စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။ နောက်ပြီး သားသတ်လွတ်စားဖို့ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း အသားငါးမပါဘဲ ဘာတွေစားလို့ရလဲဆိုတာ သိစေချင်လို့ပါ။


ဒီရက်ပိုင်း အိပ်ယာစောစောမထနိုင်တော့ မနက်စာကို အပြင်မှာပဲ စားဖြစ်တယ်။ မနက်နိုးတာနဲ့ ရေကို သောက်နိုင်သလောက် ပမာဏအထိ ၀,အောင်သောက်လိုက်တယ်။ အိမ်မှာ အမြဲငှက်ပျောသီးဝယ်ထားတယ်။ မနက်စာအတွက် ငှက်ပျောသီးကြီးရင် တစ်လုံးပဲ ယူသွားတယ်။ သေးရင် နှစ်လုံးယူသွားတယ်။ အဲ့နေ့က ငှက်ပျောသီးက အရမ်းကြီးပြီး ကန်ဒီ့ Lunch box နဲ့တောင် မဆန့်လို့ နှစ်ပိုင်းပိုင်းလိုက်ရတဲ့အဖြစ်။ သနားစရာ ဟဟ။ ရထားစီးပြီး အလုပ်နားမှာ Mr. Bean ပဲနို့ဆိုင်ရှိတယ်။ ပဲနို့နဲ့ဆိုင်တာတွေပဲ သီးသန့်ရောင်းတဲ့ဆိုင်ပေါ့။ ပဲနို့ကြီးပဲသီးသန့်ဆို သိပ်မကြိုက်လို့ ကန်ဒီသောက်နေကြက Watermelon Soy Milk... အိမ်ကယူလာတဲ့ ငှက်ပျောသီးနဲ့ အဲ့ဒါနဲ့သောက်တယ်။ 


နေ့လည်စာမစားခင် Coffee Break မှာလည်း ငှက်ပျောသီးနောက်တစ်လုံး။ အဲ့ဒီရေဗူး တနေ့နှစ်ဗူးကုန်အောင်တော့ ကြိုးစားသောက်ဖြစ်တယ်။ နေ့လည်စာ Lunch Box က မနေ့ကချက်ပြီး မနက်ကန်ဒီအိမ်ကထည့်သွားတဲ့ ခရမ်းချဉ်သီးနှပ်နဲ့ အရွက်ကြော်... စားပြီးအချိုတည်းဖို့က ဇီးသီး... နောက် အလုပ်နားက Indian ဆိုင်မှာ Tea သွားဝယ်လိုက်သေးတယ်။ သကြားနဲ့ Tea နဲ့ပဲ ဒီမှာ "တေအိုး"လို့ခေါ်တယ်။ Indian ဆိုင်တွေမှာ ရောင်းတဲ့ တေအိုးက တရုတ်ဆိုင်တွေက တေအိုးထက်ပိုကောင်းတယ်။ အဲ့ဒါ ကန်ဒီ့ Favorite... သိပ်မသောက်ဖြစ်အောင်တော့ ထိန်းနေတယ်။ နေ့တိုင်းမသောက်ဘူး။ 


အိမ်ပြန်ရောက်တော့ ရေအရင် ၀,အောင်သောက်တယ်။ ပြီးတော့ အသီးတစ်ခုခုစားတယ်။ ဒီနေ့အိမ်မှာရှိတာ သင်္ဘောသီးဆိုတော့ သင်္ဘောသီးစားတယ်။ အိမ်ရောက်တာနဲ့ ဗိုက်ကဆာတယ်လေ။ ညစာက မလုပ်ရသေးဘူးဆိုတော့ တစ်ခုခုစားထားမှ အဆာခံတယ်။ နောက် အသီးတွေဘာတွေက ဗိုက်ထဲမှာ ဘာမှမရှိတဲ့အချိန်စားတာ ပိုကောင်းတယ်။ နို့မို့ဆို လေတွေဘာတွေ ထတတ်တယ်။ အထူးသဖြင့် သင်္ဘောသီးတို့ ဖရဲသီးတို့ဆို အစာမရှိတဲ့အချိန်စားတာ ပိုကောင်းတယ်။ 



သင်္ဘောသီးမလှီးခင် ထမင်းအိုးတည်တယ်။ ညစာကို ချက်တဲ့ဟင်းတွေထက်စာရင် အသီးအရွက်အစိမ်းတွေပါတဲ့ အသုပ်တွေစားရတာ ပိုကြိုက်တယ်။ အဲ့နေ့က ထမင်းသုပ်မှာဆိုတော့ ထမင်းသုပ်အတွက် ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးလှီးထားတယ်။ ခဏနားပြီးတော့ရေမိုးချိုးတယ်။ ပြီးမှ ထမင်းသုပ်ပြီး ညစာစားတယ်။ ရေခဲသေတ္တာထဲမှာ ပိန္နဲသီးရှိနေတာနဲ့ အဲ့တာနဲ့ အချိုတည်းတယ်။ မရှိရင်တော့ ဘာမှမစားဘူးပေါ့နော် xD


ကဲ.. တနေ့တာ စားတာတွေ ပြီးပါပြီ။ ပြီးမှပဲ... ဒီအင်တာနက်လိုင်း နှေးတာနဲ့ ဒါလေးတင်တာ နှစ်နာရီကျော် ကြာသွားပြီ (>.<)။ အိပ်တော့မယ်နော်... (၁၁)နာရီထိုးပြီ။

Zzz...

Bali: Anahata Resort (Ubud)

$
0
0
ဘာလီက ပြန်ရောက်ပြီဆိုတော့ ခရီးသွားပိုစ့်လေး ရေးလို့ရပြီ။ ကန်ဒီသွားတာ စနေနေ့ညနေ (၃)နာရီခွဲ လေယာဉ်နဲ့... Tiger Airline.. ဖြစ်ချင်တော့ ကီလိုတွေဘာတွေ ၀ယ်မသွားမိဘူး။ အဲ့ဒီ Budget Airline တွေက ကီလိုသီးသန့်ဝယ်ရတာ လုံးဝမေ့သွားတယ်။ ကံကောင်းချင်တော့ ကန်ဒီကလည်း Hand carry အိတ်လေးနဲ့ပဲ ပစ္စည်းနည်းနည်းပဲယူသွားတာဆိုတော့ ကီလိုထပ်ဝယ်စရာမလိုဘူး။ စင်္ကာပူကနေ ဘာလီကို (၂)နာရီခွဲကျော်ကျော်လောက် စီးရတယ်။ ညနေ (၆)နာရီကျော်ကျော်လောက် ဟိုကိုရောက်တယ်။ Immigration မှာ တန်းစီရတာ အကြာကြီးပဲ။ (၇)နာရီလောက်မှ အပြင်ရောက်တယ်။

ကန်ဒီတို့က Tour Package ၀ယ်သွားတာဆိုတော့ လေဆိပ်မှာ Tour Guide က အဆင်သင့်လာကြိုပေးတယ်။ အဲ့ဒီ Guide အန်ကယ်ကြီးပဲ ကန်ဒီတို့ပထမဆုံးတည်းမယ့် Ubud က ဟိုတယ်ကို လိုက်ပို့ပေးတယ်။ လေဆိပ်ကနေ Ubud ကို ကား(၁)နာရီကျော်လောက် စီးရတယ်။ ဟိုတယ်ရောက်တော့ ည(၉)နာရီလောက် ဖြစ်နေပြီ။ ညစာဟိုတယ်မှာပဲ စားလိုက်တယ်။ အဲ့ဒီနေ့ညအတွက် Dinner က ကန်ဒီတို့ဝယ်ထားတဲ့ Package ထဲမှာမပါတော့ ကိုယ့်ဟာကိုယ်ရှင်းရတယ်။ ကန်ဒီတို့တည်းတာ Anahata Spa and Resort... အရမ်းလှတယ်။ အရမ်းလှလို့ ဓာတ်ပုံတွေများနေလို့ ပိုစ့်သီးသန့်တင်ရတဲ့အဖြစ် ဟဟ...






တောင်ပေါ်မှာဆောက်ထားတဲ့ Resort လေး... Private Swimming Pool လည်းပါတယ်။ အခန်းကလည်း အကျယ်ကြီးပဲ။ မနက်စာအတွက် ဟိုတယ်က ဘူဖေးကျွေးတယ်။ Restaurant ကနေ လှမ်းကြည့်လိုက်ရင် မြင်ရတဲ့ရှုခင်းကလည်း အရမ်းလှတယ်။




Resort ထဲမှာ ဟိုဒီလျှောက်ကြည့်တယ်။ ရေကူးကန်နားသွားတယ်။ ရေပူစမ်းလည်း ရှိတယ်။ တချို့နေရာလေးတွေဆို ဓာတ်ပုံရိုက်လို့ကောင်းအောင် တမင်လုပ်ပေးထားသလိုပဲ... တောင်အောက်ကို ဆက်ဆင်းသွားရင် မြစ်ရှိတယ်။ ရေသံတွေ ကြားနေရတယ်။ အချိန်မရတာနဲ့ အဲ့ကိုမဆင်းလိုက်ရဘူး။








အဲ့မှာ ကန်ဒီတို့ (၂)ရက် တည်းတယ်။ ပထမဆုံးရက်အတွက် မနက်စာစားပြီးတော့ Guide အန်ကယ်က (၈)နာရီလောက်မှာ လျှောက်လည်ဖို့ ဟိုတယ်ကို လာခေါ်တယ်။

ဆက်မယ်နော်...

Veganniversary: One year Vegan experience

$
0
0
အားလုံး မင်္ဂလာညချမ်းပါရှင်...
ဒီနေ့က ကန်ဒီ့အတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ နေ့လေးတနေ့ပါ။ ကန်ဒီသက်သတ်လွတ်စားတာ တစ်နှစ်ပြည့်တဲ့နေ့လေးဆိုလည်း မမှားပါဘူး။ အတိအကျပြောရရင် ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေပါရှောင်တဲ့ Strict Vegetarian (Vegan)... အသွေးအသားရှောင်သက်သတ်လွတ် တစ်နှစ်ပြည့်တဲ့နေ့ပေါ့နော်။ ဘာလို့လည်းဆိုတော့ မနှစ်ကဒီနေ့မတိုင်ခင် ကန်ဒီအရင် သက်သတ်လွတ်စားတာ နို့ထွက်ပစ္စည်းတွေမရှောင်ရသေးလို့ပါ။ ဒီ ကိုယ့်ဟာကိုယ်လုပ်တဲ့ Anniversary လေးဟာ သူများတွေအတွက် ဘာမှမဟုတ်ပေမယ့် ကန်ဒီ့အတွက်တော့ တကယ်စိတ်ထဲကြည်နူးရပါတယ်။ ကိုယ့်အတွက် တစ်ဦးတစ်ယောက်ရဲ့အသက် ပျက်စီးယိုယွင်းမှုမပါဘဲ နေလာတာ တစ်နှစ်တောင် ရှိပြီပဲဆိုတဲ့ ကြည်နူးမှုဟာ ဘာနဲ့မှမလဲနိုင်ဘူး။ ဒီနေ့ ဒီပိုစ့်မှာ တစ်နှစ်တာ သက်သတ်လွတ်စားလာခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကန်ဒီ့အတွေ့အကြုံလေးကို ရေးပြချင်ပါတယ်။

♥ ကြုံတွေ့ရတဲ့ အခက်အခဲတချို့
ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေသလို ကြုံတွေ့ရတဲ့အခက်အခဲတွေလည်း ရှိပါတယ်။ ကန်ဒီ့အတွက် တစ်ခုတည်းသော အခက်အခဲကိုပြောပြရရင် အပြင်သွားတဲ့အခါ စားစရာ ရှာရခက်တာပါ။ Vegetarian ဆိုင်မတွေ့ရင် စားဖို့မရှိတော့ဘူးပေါ့။ Vegetarian ဆိုင်တွေ့ရင်တောင်မှ တချို့က နို့နဲ့ကြက်ဥပါတော့ အရင်ကြည့်ရတာပေါ့။ ဆိုင်မတွေ့ဘူးဆိုရင်တော့ အသီးအနှံတွေ စားလို့ရပါတယ်။ နောက်တစ်ခုက Vegetarian ဆိုင်တွေမှာ ဟင်းတွေက ဆီအရမ်းများတယ်။ ကန်ဒီက ဟင်းကိုဆီများရင် မစားတတ်ဘူး။ တခါတလေဆို စားလို့ရပေမယ့် နေ့တိုင်းဆို မစားနိုင်တော့ဘူး။ အဲ့ဒါကြောင့် ကန်ဒီကိုယ့်ဟာကိုယ် ချက်စားတာများတယ်။ အလုပ်ကိုလည်း အမြဲ Lunch Box ယူသွားတယ်။ ခရီးသွားရင် တော်တော်ဒုက္ခရောက်တယ်။ ရိုးရိုးစားသောက်ဆိုင်တွေမှာ Vegetarian version လုပ်ခိုင်းရင် အမြဲ ထမင်းကြော် (သို့) ခေါက်ဆွဲကြော် (သို့) အရွက်ကြော်ပဲ။ ခရီးစဉ်တလျှောက်လုံး ဒါကြီးစားနေရတော့ လူကဘယ်လိုမှ မစားနိုင်တော့ဘူးပေါ့။ ဘာလီသွားတုန်းက တော်တော်ဒုက္ခရောက်ခဲ့တယ်။ အဲ့ဒါတော့ ဘာလီပိုစ့်မှ ဆက်ပြီး Complain တက်မယ်နော် ဟဟ။ ကန်ဒီ့အတွက် အဓိက အခက်အခဲကတော့ အဲ့ဒီတစ်ခုပါပဲ။ ဒီအခက်အခဲဆိုတာကလည်း ကိုယ့်ဟာကိုယ် ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာသိရင် ကြိုပြင်ဆင်လို့ရပါတယ်။ ဥပမာ မသွားခင်စားသွားတာမျိုး ဒါမှမဟုတ် စားစရာတစ်ခုခု ယူသွားတာမျိုးပေါ့...

♥ ကြုံတွေ့ရတဲ့ ကောင်းကျိုးများ
သက်သတ်လွတ်စားခြင်းအတွက် ကိုယ်တိုင်ခံစားရတဲ့ ကောင်းကျိုးတွေကတော့ အများကြီးပဲပေါ့။ ကန်ဒီသတိထားမိတာက ထမင်းတွေ ဟင်းတွေ အများကြီးစားပြီးလည်း လူကအိပ်ငိုက်တာမျိုး၊ ဗိုက်မအီမသာဖြစ်တာမျိုး လုံးဝမရှိတော့ဘူး။ အများကြီးစားမိတဲ့အခါ ဗိုက်ပြည့်တဲ့ ခံစားမှုမျိုးတော့ ရှိတယ် (ဗိုက်ပြည့်တာနဲ့ မအီမသာဖြစ်တာ မတူဘူးနော်)။ ဗိုက်ကြီးအင့်ပြီး နေထိုင်မကောင်းတာမျိုး မရှိတော့ဘူး။ သက်သတ်လွတ် စစ,စားချင်းမှာ အရင်ထက် အသီးအရွက်တွေ ပိုစားတဲ့အခါကြတော့ ဗိုက်က ဒီ Fiber တွေကို ကျင့်သားမရသေးတဲ့အချိန်မှာ တခါတလေ လေထတယ် (အထူးသဖြင့် အသီးအရွက်တွေ အများကြီးစားပြီးရင်)။ တစ်လနီးပါးလောက်ပါပဲ... ခန္ဓာကိုယ်က ကျင့်သားရသွားတော့ လေမထတော့ဘူး။ 

အရင်ကဆို အလုပ်ကပြန်လာရင် ကုတင်ပေါ်ပစ်လှဲပြီး ဖတ်ဖတ်မောနေတာ တော်ရုံနဲ့ မထဘူး။ တခါတလေ တမှေးလောက် ရသွားသေးတယ်။ အမေဆိုအမြဲပြောတယ်... ငါ့သမီးအလုပ်က ပင်ပန်းတယ်တဲ့။ ပြန်ရောက်တာနဲ့ အဲ့လိုဖြစ်ဖြစ်သွားလို့။ ကန်ဒီသက်သတ်လွတ်စားပြီးနောက်ပိုင်းမှာ အဲ့လောက်ပင်ပန်းတာမျိုး မရှိတော့ဘူး။ နေ့တိုင်းနီးပါး အိမ်ပြန်ရောက်တာနဲ့ စားစရာပြင်ဆင်ဖို့တောင် အင်အားတွေ သူ့အလိုလိုရှိနေတာ။ ကုတင်ပေါ်လှဲပြီး မှေးကနဲ အိပ်ပျော်သွားတာလည်း မဖြစ်တော့ဘူး။ အမြဲတမ်း အဲ့လိုအားတွေပြည့်နေတယ်တော့ မပြောလိုပါဘူး။ မိန်းကလေးဆိုတော့ ရာသီလာခါနီးအချိန်မျိုးဆိုရင်တော့ နုံးပြီးအားမရှိတာမျိုး ဖြစ်တာပေါ့။ 

တဆက်တည်း ဆက်ပြောရရင် နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ အရင်က ကန်ဒီရာသီမမှန်လို့ Raspberry Tea သောက်ရတဲ့ ပိုစ့်လေးတောင် ရေးဖူးတယ်။ အခုဆို လစဉ်မှန်မှန်လာတယ်။ စိတ်ဖိစီးမှုများတဲ့လတွေဆိုရင် နောက်ကျတာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် အရင်ကလို နှစ်လ သုံးလနေလို့ မလာတာတွေ မဖြစ်တော့ဘူး။

လက်သည်းတွေ ဘေးနားကနေ အက်လာလို့ ကပ်ပြီးညှပ်လိုက်ရတာမျိုး ဖြစ်ဖူးလား? ကန်ဒီဆို အရင်က တခါတလေ အဲ့လိုဖြစ်တယ်။ ခုအဲ့လို လုံးဝမဖြစ်တော့ဘူး။ နောက်တစ်ခုက ကန်ဒီ့အသားအရည်... အရင်ကဆို ၀က်ခြံထွက်လွန်းလို့ ဆေးခန်းသွားပြပြီး ဆရာဝန်သောက်ခိုင်းတဲ့ အရမ်းပြင်းတဲ့ဆေးကို နှစ်ခါလောက် သောက်ရတာ အားလုံးအသိပါ။ ကန်ဒီ့အသားအရည်အကြောင်းပိုစ့်တွေလည်း ခဏခဏရေးဖူးတယ်။ ကန်ဒီအဲ့ဒီဆေးကို တစ်နှစ်လောက်သောက်ပြီး အဲ့ဒီတစ်နှစ်အတွင်း ၀က်ခြံလုံးဝပျောက်သွားတယ်လေ။ ဆေးရပ်လိုက်ပြီး နောက်ပိုင်းမှာ နဂိုအတိုင်း ၀က်ခြံတွေ ပြန်ထွက်လာတာနဲ့ နောက်တစ်ခေါက်သွားပြတော့လည်း ဒီဆေးကိုပဲ နောက်တစ်နှစ်နီးပါး ထပ်သောက်ရတယ်။ ကိုယ်ကလည်း Pharmacy မှာ အလုပ်လုပ်နေတာဆိုတော့ ဒီဆေးရဲ့ဆိုးကျိုးတွေ သိနေတယ်။ ပြီးခဲ့တဲ့နှစ်မေလလောက်မှာတော့ လုံးဝဆုံးဖြတ်ချက်ချလိုက်တယ်။ ဖြစ်ချင်တာဖြစ် ဆေးလည်းမသောက်တော့ဘူး.. ဘာမှမလုပ်တော့ဘူးလို့... ကုန်ကုန်ပြောရရင် ၀က်ခြံအတွက် လိမ်းဆေးတောင် ကန်ဒီမလိမ်းတော့ဘူး။ ကိုယ့်မျက်နှာကိုယ် အဲ့လောက် စိတ်ကုန်သွားတာ။ ၀က်ခြံပျောက်ဖို့ ဒီလောက်ပြင်းတဲ့ဆေးကို မှီခိုနေရတာလည်း မဟုတ်သေးဘူးလေ။ 

ဖြစ်ချင်တော့ ဆေးရပ်လိုက်ပြီး (၃)လလောက်အကြာမှာ ကန်ဒီအသားစ,မစားတော့ဘူး။ (၅)လလောက်အကြာ မနှစ်က ဒီအချိန်မှာ နို့ထွက်ပစ္စည်းတွေပါ ရှောင်လိုက်တော့ ဆေးရပ်လိုက်လို့ ၀က်ခြံက ပြန်တော့ထွက်တယ်.. ဒါပေမယ့် ဟိုးးအရင်ကလောက် မဆိုးတော့ဘူး။ အရင်ကဆို နာလို့မခံစားနိုင်တဲ့အထိပဲ။ အခုဆို ၀က်ခြံထွက်လည်း ဘာဆေးမှမလိမ်းတော့ဘူး။ မျက်နှာသစ်ဆေးဆိုလည်း ၀က်ခြံပျောက်ဆေးပါတာ မ၀ယ်ဘူး။ ၀က်ခြံနဲ့ပက်သက်တာတွေကို အကုန်စိတ်နာနေတာ ဟဟ။ အဲ့လိုဖြစ်သလိုထားမှပဲ မျက်နှာက နည်းနည်းသက်သာလာတယ်။ အလုပ်က လူတွေကလည်း ပြောတယ်။ ကန်ဒီက အသားထဲမှာပါတဲ့ ဟော်မုန်းတမျိုးမျိုးနဲ့ မတည့်တာ ထင်တယ်တဲ့။ သက်သတ်လွတ်စားပြီး ကန်ဒီ့မျက်နှာတော်တော် သက်သာလာတယ်တဲ့။ နောက် ဒီတစ်နှစ်ပြည့်ခါနီးမှာ ကန်ဒီသတိထားမိတာတစ်ခုက မျက်နှာအဆီပြန်တာ တော်တော်နည်းသွားတယ်။ အရင်ကဆို အလုပ်ရောက်တာနဲ့ ဆီစုပ်စက္ကူနဲ့ မျက်နှာသုတ်ရတာလည်း တစ်လုပ်... အခုဆို တနေ့လုံး ဆီစုပ်စက္ကူမသုံးရတော့ဘူး။ အသားအရည်နဲ့ ပက်သက်လို့ ပြောင်းလဲတာတွေကတော့ တစ်နှစ်လောက်နေမှ သတိထားမိတယ်။ စစ,စားချင်းမှာ ဘာမှ သတိမထားမိဘူး။

အရေးအကြီးဆုံးအချက်ကတော့ စိတ်ကြည်လင်နေတာပါပဲ။ ထမင်းတစ်နပ်စားတိုင်း ကိုယ့်ကြောင့် မဆုံးရှုံးရတဲ့အသက်တွေအတွက် ပျော်ရွှင်ရတယ်။ အရင်ကဆို အစာစားတယ်ဆိုတာ အသက်ဆက်ဖို့ပဲ... တစ်ခါမှ အခုလိုမျိုး မတွေးဖူး၊ မခံစားဖူးဘူး။ အခုဆို စားဖို့ပြင်ဆင်နေရတာ၊ ဘာစားမလဲ စဉ်းစားနေရတာလေးကိုတင် တက်ကြွနေတာမျိုး။

ဒါတွေကတော့ ကန်ဒီ့တစ်နှစ်တာအတွေ့အကြုံလေးတွေပါ။ ကိုယ်အလေးချိန်ပြောင်းလဲမှုရှိလားမေးရင် (၂)ကီလိုလောက်တော့ ကျသွားပါတယ်။ အဲ့ထက်ပိုပြီး မကျတော့ပါဘူး။ ဘာလို့ကန်ဒီ သက်သတ်လွတ်စားလဲဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ "Vegan Story"ပိုစ့်လေးသီးသန့်တော့ ရေးချင်ပါသေးတယ်။

Vegan for the Voiceless^
Vegan for Life ^^

Bali: Taman Ayun Temple and Ulun Danu Temple

$
0
0
ဟိုတယ်ကို ညဘက်မှာရောက်သွားတာဆိုတော့ ပထမဆုံးနေ့က ဘယ်မှမသွားဖြစ်ဘူး။ နောက်နေ့မနက်စာကို ဟိုတယ်မှာပဲစားတယ်။ ကန်ဒီတို့ Tour Guide ဦးလေးကြီးက ဟိုတယ်ကို မနက်(၈)နာရီလောက် လာခေါ်တယ်။ ပထမဆုံးသွားဖြစ်တာက Taman Ayun Temple... "Taman Ayun Temple"ဆိုတာ "လှပတဲ့ဥယျာဉ်ထဲက ဘုရားကျောင်း"လို့ အဓိပ္ပာယ်ရတယ်။ Mengwi ဒေသမှာရှိပြီးတော့ ဟိုးးအရင် Mengwi ဘုရင်က AD 1634 မှာ ဆောက်ခဲ့တာ...





သူတို့ဆီမှာလည်း မြန်မာတွေလိုပဲ ကြက်ပွဲတွေရှိတယ်။ ကြက်နှစ်ကောင်ကို ခွပ်ခိုင်းပြီး ပွဲကြည့်ပရိသတ်က ဘယ်ဘက်ကနိုင်မယ်ဆိုပြီး လောင်းကြတာမျိုးလေ။ ခုချိန်ထိတောင် မြန်မာပြည်မှာ အဲ့လိုပွဲမျိုးတွေ ရှိသေးလား မသိဘူးနော်။ လူတွေကတော့ ပျော်စေပျက်စေလောင်း... ကြက်တွေခမျာတော့ ခွပ်ရလို့ ဒဏ်ရာတွေ ဗရပွနဲ့... အဲ့ဒါမျိုးတွေ လုံးဝ လုံးဝ အားမပေးဘူး....



ဘုရားကျောင်းအတွင်းတော့ ၀င်လို့မရဘူး။ အုတ်တွေနဲ့ကာထားတယ်။ ရှိခိုးမယ့်သူတွေပဲ ၀င်လို့ရတယ်။ ဘာလီမှာ ထူးခြားတာတစ်ခုက နေရာတိုင်းလိုလိုမှာ ဘုရားကျောင်းတွေ ရှိတယ်။ Tour Guide ဦးလေးကြီးကို မေးကြည့်တော့ သူပြောပြတာ Family တစ်ခုမှာ သီးသန့်ဘုရားကျောင်းတစ်ခုစီ ရှိတယ်တဲ့။ အဲ့ဒါကို Family Temple လို့ခေါ်တယ်တဲ့။ မိသားစုရေးရာပွဲတွေဆို သူတို့ကိုယ်ပိုင် Family Temple မှာ ဆွေမျိုးတွေစုပေါင်းပြီး လုပ်တယ်ပေါ့။ မိသားစုချမ်းသာရင် ချမ်းသာသလောက် Temple ကလည်း ပိုကောင်းပြီး ကျယ်တယ်။ Community Temple ဆိုတာလည်း ရှိတယ်တဲ့။ အဲ့ဒါကျတော့ လူတိုင်းလာပြီး ရှိခိုးကြတာပေါ့။ ဒီ Taman Ayun ဆိုတာက ပြောရမယ်ဆို အဲ့ဒီခေတ်က ရှေးဘုရင်မိသားစုရဲ့ ဘုရားကျောင်းလိုမျိုးဆိုပါတော့။

အဲ့ဒါပြီးတော့ ကန်ဒီတို့ Ulun Danu Beratan Temple ကို သွားတယ်။ ဒီဘုရားကျောင်းကတော့ Beratan လို့ခေါ်တဲ့ ရေကန်လေးအလယ်မှာ ရှိတာ။ တောင်ပေါ်မှာလည်းဖြစ်တော့ ရာသီဥတုက အေးစိမ့်စိမ့်လေး... (၁၇)ရာစုက အဲ့ဒီရေကန်ရဲ့ဘုရား ခေါ်မလား... Goddess of the Lake ကို ရှိခိုးဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာတဲ့။ ဘာလီမှာ ဟိန္ဒူဘာသာဝင်တွေ များတယ်။ သူတို့ဘာသာတရားကိုလည်း တော်တော်လေး ကိုင်းရှိုင်းကြတယ် ပြောရမယ်။






အနောက်ဘက်က တောင်တွေ မြူတွေနဲ့မို့ ဓာတ်ပုံထဲမှာ မမြင်ရဘူး...



အဲ့ဒီနှစ်နေရာပြီးတော့ Botanical Garden လိုနေရာ သွားတာကို မိုးတွေရွာတာနဲ့ အထဲက အမိုးပါတဲ့ တစ်နေရာပဲရောက်သွားပြီး နေ့လည်စာ စားကြတယ်။ စားသောက်ဆိုင်က ရှုခင်းကလည်း လှတယ်။ ဒါပေမယ့် မိုးရွာနေတော့ အရာအားလုံးမှုန်ဝါးဝါးပေါ့။



မိုးတိတ်သွားမှ ရှုခင်းက ကြည်လင်လာတယ်။

နေ့လည်စာ...

Package အရတော့ ဘူဖေးကျွေးတာ... ကန်ဒီ့သူငယ်ချင်းတွေက ဘူဖေးစားကြတာပေါ့။  ဒါပေမယ့် သက်သတ်လွတ်မပါလို့ Tour Guide ဦးလေးကြီးက ကန်ဒီ့အတွက် သီးသန့်စီစဉ်ပေးတာ။ ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်... ဆီနဲ့ဆားအရမ်းသုံးထားတယ်။ 

ဒီနေ့တော့ ဒီလောက်နဲ့ ရပ်မယ်နော်...

Bali: Monkey Forest and Tanah Lot Temple

$
0
0
မိုးရွာနေတာနဲ့ နေ့လည်စာစားရင် မိုးတိတ်တာကို စောင့်... စားလို့ပြီးတာတောင် မိုးကတိတ်မလိုလိုနဲ့ မတိတ်နိုင်ဘူး။ အဲ့ဒါနဲ့ ဆက်မစောင့်တော့ဘဲ Monkey Forest ကို ခရီးဆက်တယ်။ မိုးဖွဲဖွဲရွာနေတော့ ထီးနဲ့လျှောက်ရတာပေါ့။ ပြန်ခါနီးကျတော့မှ မိုးလည်းတိတ်သွားတယ်။



အစက Monkey Forest ဆိုတော့ လမ်းလျှောက်ရမယ်ပေါ့။ မိုးရွာတာနဲ့ ထီးကြီးနဲ့ ဘယ်လိုလုပ်မလဲပေါ့။ တကယ်တမ်းက တစ်ပတ်ပတ်တာ (၁၀)မိနစ်တောင် မကြာဘူး။ အဲ့မှာ လိုက်ပို့ပေးတဲ့ သူတွေရှိတယ်။ သူတို့က ကိုယ်တွေနဲ့တူတူ တစ်ပတ်လိုက်ပတ်ပေးတယ်။ ပြီးရင် လက်ဆောင်ပစ္စည်းဝယ်ချင်ရင် သူတို့ဆိုင်မှာ ၀ယ်ဖို့ပြောတယ်။ တကယ်တော့ သူတို့ပို့ပေးစရာလည်း မလိုပါဘူး။ ကန်ဒီတို့ Tour Guide ဦးလေးကြီးတောင် ကားမှာပဲ စောင့်နေခဲ့တာ။ ခက်ခက်ခဲခဲလမ်းတွေရှုပ်တာလည်း မဟုတ်ဘူး။ တစ်ပတ်ပတ်ရုံပဲကို... ဒီလိုပဲ သူတို့ဆိုင်ကပစ္စည်းဝယ်အောင် ပို့ပေးတဲ့သဘောပါပဲ။ ကန်ဒီကလည်း အားနာတတ်တဲ့သူဆိုတော့ မကောင်းတတ်လို့ ပစ္စည်းလေးတစ်ခုခုတော့ ၀ယ်လိုက်ပါမယ်လေဆိုပြီး လက်ဆောင်ပေးလို့ရတဲ့ Key Chain လေး တစ်ထုတ်ဝယ်လိုက်တယ်။ အထဲမှာ (၄)ခုပဲ ပါတယ်။ SGD 15 ပေးရတယ်။ တခြားနေရာမှာ ၀ယ်ရင် SGD 5 တောင်မရှိဘူးဆိုတာ အဲ့အချိန်က မသိခဲ့ဘူးလေ။ အဲ့လိုလည်း အလိမ်ခံခဲ့ရတယ်။ နောက်တစ်ခါ အားနာချင်ဦး...



မျောက်တွေကို အစာကျွေးလို့ရတယ်။ မျောက်တွေက လူလည်းမကြောက်ဘူး။ အစာရှိမှန်းသိရင် လိုက်လာရော... မရှိဘူးဆိုပြီး လက်ကိုပြလိုက်ရင် မလိုက်တော့ဘူး ဟဟ မျောက်လည်လေးတွေ။ မျောက်တစ်ကောင် ကန်ဒီ့ပုခုံးပေါ် ခုန်တတ်လာလို့လေ... "အားးးးး"ဆိုပြီး အော်လိုက်တာ အကျယ်ကြီးပဲ ဟီးဟီး။ မျောက်လေးတွေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုတော့ သူတို့က ကင်မရာရှေ့မှာ တစ်ယောက်ဖင်တစ်ယောက်ကြည့်နေကြတယ် ဟဟ...

Monkey Forest ပြီးတော့ Tanah Lot Temple ကို သွားတယ်။ Sunset ကြည့်ဖို့ ရည်ရွယ်ပေမယ့် မိုးရွာထားပြီး နေတောင်မထွက်တော့ နေ၀င်တာလည်း မကြည့်ရပါဘူး...











ထုံးစံအတိုင်း Temple အထဲတော့ ၀င်လို့မရပါဘူး။ အပြင်ကပဲ ရှုခင်းကြည့်ရတာပေါ့။ တွေ့တဲ့အတိုင်း လူတွေကတော့ အရမ်းများတယ်။ အဲ့ဒါပြီးတော့ ညစာမစားခင် အချိန်နည်းနည်းရတာနဲ့ အပြင်ဘက်က ဈေးတန်းလေးလျှောက်တယ်။ အဲ့ဒီဈေးတန်းလျှောက်တော့မှ SGD 5 လောက်တန်တာကို SGD 15 နဲ့ Monkey Forest မှာ ပေးဝယ်ခဲ့မိတာကို သိလိုက်တာပါပဲ... :(



ညစာစားပြီး Ubud က ဟိုတယ်မှာပဲ ပြန်အနားယူတယ်လေ။ ဘာမှထူးထူးခြားခြားမဟုတ်တာနဲ့ ညစာတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ 

Bali: Holy Spring Water & Coffee Plantation

$
0
0
တတိယနေ့... မနက်(၉)နာရီလောက်မှ ဟိုတယ်က စထွက်တယ်။ အဲ့နေ့ညက ဟိုတယ်ပြောင်းမှာဆိုတော့ ပစ္စည်းတွေပါ ကားထဲတခါတည်း ထည့်ရတာပေါ့။ မနက်စာကို ဟိုတယ်မှာပဲစားပြီး Holy Spring Water Temple ကို အရင်သွားကြတယ်။ အဲ့ဒီကရေက မကောင်းတဲ့အညစ်အကြေးတွေကို သန့်စင်ပေးတယ်တဲ့။ အဓိကကတော့ စိတ်ကို Purification လုပ်တဲ့သဘောပေါ့... ဒါသူတို့အယူပေါ့နော်...





ဘုရားကျောင်းထဲဝင်ဖို့ဆို သူတို့ဝတ်တဲ့ အဲ့ဒါလေးပတ်ပြီးဝင်ရတယ်။ တချို့နေရာတွေဆို ဆံပင်ပါစည်းရတယ်။ အဲ့လိုမျိုး ရေထဲဆင်းပြီး ဆုတောင်း သန့်စင်နေတဲ့သူတွေလည်း ရှိတယ်။ 






ဘုရားရှိခိုးနေကြတဲ့အထဲကို ၀င်ခွင့်မရှိဘူး။ အဝေးကပဲ ဓာတ်ပုံရိုက်လို့ရတယ်။ အဲ့ဒါပြီးတော့ ကန်ဒီတို့ ကော်ဖီစိုက်ခင်းရှိတဲ့ဆီသွားကြတယ်။ အဲ့မှာ ကော်ဖီအရသာမျိုးစုံကို အလကားပေးမြည်းတယ်။ ကြိုက်ရင် ၀ယ်ပေါ့နော်... Coconut coffee ၀ယ်ခဲ့တယ်။









အဲ့ဒီရှုခင်းကို ကြည့်ပြီး ကော်ဖီသောက်ရတာ ဘယ်လောက်မိုက်လဲ... အစက မီးတောင်ဆီသွားမယ်ဆိုပြီး ရာသီဥတုက သိပ်မကောင်းတာနဲ့ မသွားဖြစ်လိုက်ဘူး။ နေ့လည်စာကို မီးတောင်ကိုလှမ်းမြင်နေရတဲ့ စားသောက်ဆိုင်မှာ စားတယ်။ ပြီးတော့ Kuta ကို တောက်လျှောက်သွားပြီး အဲ့နေ့ညတည်းမယ့် Kuta က ဟိုတယ်မှာ Check in အရင်ဝင်ထားလိုက်တယ်။



Kuta ဟိုတယ်က အဲ့လောက်မကောင်းဘူး။ အခန်းကလည်း ကျဉ်းသေးတယ်။ စိတ်တိုင်းမကျဘူး။ ခဏနားပြီး ညနေကျ ကန်ဒီတို့ Cruise သွားစီးကြတယ်။ အဲ့ပေါ်မှာပဲ ညစာစားတယ်။ 






ဖျော်ဖြေရေးတွေလည်း အစုံပဲ။ အင်ဒိုအကတွေ... မျက်လှည့်တွေပါတယ်။ တန်တယ်။ အဲ့ဒါပြီးတော့ (၈)နာရီခွဲကျော်လောက်ရှိပြီ။ အဲ့တော့မှ ဟိုတယ်ပြန်နားတယ်။ အဲ့နေ့ညက ကန်ဒီတို့အခန်း Aircon မကောင်းလို့ ပူပူလောင်လောင်အိပ်ရတယ်။ အစက Aircon မကောင်းမှန်း သတိမထားမိတော့ ၀န်ထမ်းတွေကို မမေးဖြစ်ဘူး။ နောက်နေ့မနက်မှ သူတို့ကို ခေါ်ပြီး ပြင်ခိုင်းရတယ်။

ကထိန် (Yeo's Building)

$
0
0
ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့နော်... ဘယ်သူမယ်ဇလီဖူးသုပ် စားပြီးပြီလဲ?? ဘာလီပိုစ့်တွေချည်းဖတ်ပြီး ငြီးငွေ့နေမှာစိုးလို့ လောလောလတ်လတ်လုပ်ဖြစ်တဲ့ ပိုစ့်လေးတွေလည်း တင်ဦးမှပါ။ မနေ့က Yeo's Building မှာ ဓာတ်တော်တိုက် စုပေါင်းမဟာဘုံကထိန်ပွဲ ရှိတယ်။ အဲ့ကိုသွားတယ်ပေါ့နော်... အဓိက,ကတော့ ဒီအချိန်အထိ ကထိန်သင်္ကန်းမကပ်ရသေးလို့ ကထိန်သင်္ကန်းကပ်ဖို့ သွားတာ။ တစ်ဦးတည်းသောချစ်သူရည်စား ကိုမျိုးက အဲ့မှာဝေယျာဝစ္စလုပ်အားပေးပြီး အလုပ်တွေရှုပ်... ရှုပ်ဆိုသူတို့ပရဟိတအဖွဲ့က ဦးစီးလုပ်တဲ့ပွဲကိုး။ ကန်ဒီကတော့ သူ့ကို သွားရှုပ်တာပေါ့။ ကထိန်လှည့်ဖို့ ကွမ်းတော်ကိုင် ပန်းတော်ကိုင်လိုတယ်ဆိုလို့ ကထိန်လှည့်တာမှာ ပါလိုက်သေးတယ်။ 



ကျေးဇူးရှင်က သူ့ဟာသူရှုပ်ပြီး ကန်ဒီကွမ်းတော်ကိုင်တဲ့ပုံလေးတောင် ဓာတ်ပုံလာမရိုက်ပေးဘူး။ အမြင်ကတ်တယ်။ သူလာမရိုက်ပေးတော့ သူများရိုက်ထားတာလေးတွေ ကိုယ့်ဟာကိုယ် ပြန်တောင်းရတာပေါ့။ အဲ့ဒါ သူများပို့ပေးထားတဲ့ ပုံလေးတွေ...



မသိရင် တကယ်မြန်မာပြည်ပြန်ရောက်နေသလိုပဲ... ဦးရွှေရိုးနဲ့ ဒေါ်မိုးကလည်း သီချင်းနဲ့ စည်းချက်ညီညီ မြူးမြူးကြွကြွ ကတယ်။ တခြားအဖွဲ့က က,ချင်တဲ့သူတွေကလည်း ၀င်ကပေါ့။ နေ့လည်စာ ဒံပေါက်ကျွေးတယ် ထင်တယ်။ ကန်ဒီလည်း ကိုယ်စားလို့မရတော့ သိပ်သတိမထားမိဘူး။





မင်္ဂလာဆောင်တစ်ခုသွားဖို့ရှိတာနဲ့ ဘုန်းဘုန်းကို အရင်ကပ်ပါရစေခွင့်တောင်းပြီး ကထိန်သင်္ကန်းကပ်... ပြီးမှ မင်္ဂလာဆောင်သွားကြတယ်။ သူကတော့ မင်္ဂလာဆောင်ကအပြန် ဘုန်းကြီးကျောင်းပြန်သွားပြီး လိုအပ်တာတွေ ဆက်ကူရသေးတယ်။ သာဓု သာဓု သာဓု... ကန်ဒီကတော့ အိမ်ပြန်လာတယ် ဟီးဟီး xD

ဒီလိုနဲ့ တနင်္ဂနွေတနေ့တာ ကုန်ဆုံးပါ၏ :)

I am Back!!

$
0
0
အားလုံးပဲ မင်္ဂလာရှိတဲ့ တနင်္ဂနွေနေ့လေးပါနော်...
ကန်ဒီရန်ကုန်ကို နှစ်ပတ်ပြန်သွားတာနဲ့ စာမရေးဖြစ်တာပါ။ မပြန်ခင်လည်း အလုပ်တွေရှုပ်နေတာနဲ့ မသွားခင် နှုတ်တောင်မဆက်လိုက်ရဘူး။ အလုပ်က Annual Dinner and Dance က လည်း ရှိလိုက်သေးတယ်။ ဘာဝတ်ရမလဲ မသိတာနဲ့ ရှိတဲ့မြန်မာအကျီလေးပဲ ၀တ်သွားလိုက်တယ်။ အစကတော့ ဒီနှစ် D & D ကိုမသွားတော့ဘူးပေါ့။ ရန်ကုန်ပြန်မယ့်ရက်နဲ့ ကပ်နေတော့လေ။ အလုပ်ကလူတွေ အတင်းသွားခိုင်းလို့ သွားရတာ။ နှစ်တိုင်းလိုလို အဆိုအကတွေနဲ့ ပျော်ဖို့တော့ ကောင်းပါတယ်။  








ဘုန်းကြီးကျောင်းမှာ မြန်မာစာသင်တန်းက ကျောင်း(၃)လပိတ်ထားတယ်ဆိုပေမယ့် ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ တစ်လသင်တန်းက ရှိပြန်ရော။ မြန်မာစာသင်တန်းက တစ်ပတ်ကို တနင်္ဂနွေတစ်ရက်တည်းဆိုပေမယ့် ဗုဒ္ဓဘာသာသင်တန်းက တစ်ပတ်ကို(၆)ရက် စနေတစ်ရက်တည်းပိတ်တယ်။ ဘုန်းဘုန်းက တစ်ပတ်ကို နှစ်ရက်လောက်တော့ လာကူပေးပါ ဆရာမရယ်ဆိုတာနဲ့ ဗုဒ္ဓဟူးနဲ့သောကြာနေ့ဆို အလုပ်ပြီးရင် ဘုန်းကြီးကျောင်း သွားကူတယ်။ တမင်ကြားရက်ပဲ ကူပေးလိုက်တယ်။ ကြားရက်ဆို ကူမယ့်ဆရာမလည်း နည်းတယ်လေ။ အလုပ် Boon Lay ကနေ ဘုန်းကြီးကျောင်း Topayoh ဆို တစ်နာရီကျော်လောက် သွားရတယ်။




ညနေ(၆)နာရီကနေ ည(၈)နာရီအထိပေါ့။ အလုပ်ကနေ ဘုန်းကြီးကျောင်းသွားရင်း လမ်းမှာအသီးလေးဘာလေး စားထားရတယ်။ ည(၈)နာရီခွဲ (၉)နာရီလောက် အိမ်ရောက်မှ ညစာစားရတော့လေ။ ဘုန်းကြီးကျောင်းမှာတော့ ကျွေးပါတယ်။ ကန်ဒီက စားလို့မရဘူးလေ။ ကိုယ်တစ်ယောက်တည်းအတွက်လည်း တကူးတက မလုပ်ပေးစေချင်ဘူး။ ရန်ကုန်မပြန်ခင်နဲ့ ပြန်လာပြီး အဲ့လိုတွေ အလုပ်ရှုပ်နေတာနဲ့ ဘလော့ဘက် မလှည့်နိုင်ဘူး။ မနေ့ကတော့ အလုပ်ကအပြန် အလုပ်က သူငယ်ချင်းနှစ်ယောက်နဲ့ Burger သွားစားတယ်။ သားသတ်လွတ် Burger...






စားလို့ အရမ်းကောင်းတယ်။ တခါတလေလည်း ကိုယ့်ကိုကိုယ် အဲ့လိုလေး Treat လုပ်ဦးမှ.. ပင်ပန်းတယ် ဟဟ။ သူငယ်ချင်းနှစ်ယောက်လုံးက အံသြနေကြတယ်။ အသားမပါ၊ ကြက်ဥမပါ၊ နို့မပါဘဲနဲ့ ဒီလောက်ကောင်းအောင် ဘယ်လိုများလုပ်ထားလဲ မသိဘူးဆိုပြီး။ တချို့သူငယ်ချင်းတွေက သားသတ်လွတ်ဘာဂါသွားစားမယ်ဆိုလို့ "I hate Vege"ဆိုပြီး မလိုက်ကြဘူးလေ။ လိုက်တဲ့နှစ်ယောက်က "They missed a chance. They are gonna regret it"တဲ့ xD xD

ဓာတ်ပုံတွေလည်း များသွားပြီ...
ဒီနေ့တော့ ဒီလောက်ပဲနော်....

Baking Vegan Banana Cake!!

$
0
0
ကန်ဒီ့အတွက် မမမိုးငွေ့တင်ပေးထားတဲ့ ငှက်ပျောသီးကိတ်လုပ်နည်းပိုစ့်လေးကို ကြည့်ပြီး ဒီနေ့ကိုယ်တိုင်လုပ်ကြည့်တာ အောင်မြင်တယ်ဗျို့... လုပ်သာလုပ်တာ ကိုယ့်ကိုကိုယ်ယုံကြည်မှုက သိပ်မရှိဘူးလေ။ ပထမဆုံးလုပ်တာဆိုတော့... နောက်ပြီး မမမိုးငွေ့လုပ်တဲ့ Loaf pan က ကန်ဒီ့ Loaf pan ထက်ကြီးတယ်ထင်တယ်။ ကန်ဒီ့ Loaf pan က (1)lb ပဲ ဆိုတော့ နည်းနည်းသေးတယ်။ အဲ့ဒါနဲ့ အချိုးအစားကို အားလုံးတ၀က်နည်းပါး လျော့လိုက်တယ်။ ကိုယ့်ဟာကိုယ် လျှောက်လုပ်တာတွေလည်း နည်းနည်းပါတယ် ဟဟ။ ကန်ဒီထည့်တဲ့ အချိုးအစားတွေကို ရေးပြမယ်နော်...

Wet Ingredients
1) 2 Bananas
2) Half of the 1/4 cup of oil
3) 2 drops of vanilla essence
Dry Ingredients
1) 1 cup of whole grain flour
2) 1/4 tsp of baking soda
3) 1 tsp of baking powder
4) Half of the 1/4 cup of brown sugar




Dry Ingredients နဲ့ Wet Ingredients ကို ရောလိုက်တဲ့အချိန်မှာ အချိုးအစားကမမျှဘဲ အရမ်းကြီးပျစ်နေတာနဲ့ ကိုယ်လိုချင်တဲ့အနေအထားရတဲ့အထိ ပဲနို့တွေထည့်လိုက်သေးတယ်။ ပြီးတော့မှ (1)lb Loaf pan ကို ဆီသုတ်၊ Baking paper ခံပြီး ခုနကရောထားတဲ့အနှစ်ထည့်တယ်။ 


အပူချိန် 170'C ကြိုပြီးအပူပေးထားတဲ့ Oven ထဲမှာ (၅၅)မိနစ်လောက် ထားတယ်။ (၁၅)မိနစ်တစ်ကြိမ်လောက် လှည့်ပေးတယ်။ အပေါ်မျက်နှာပြင်ညိုလာတဲ့အချိန်လောက်မှာ မျက်နှာပြင်တူးမှာစိုးလို့ အပေါ်ကနေ Aluminium Foil အုပ်လိုက်တယ်။ (၅၅)မိနစ်ပြည့်ပြီးသွားတော့ နောက်ထပ်(၁၀)မိနစ်လောက် ထပ်ထားလိုက်သေးတယ်... မကျက်မှာစိုးလို့။ ၀ါးတုတ်လေးနဲ့ ထိုးကြည့်လို့ မုန့်သားကပ်မပါလာရင် ကျက်ပြီတဲ့။


မြည်းကြည့်တာ စားလို့ကောင်းတယ်။ ကန်ဒီသုံးတဲ့ဂျုံက Wholegrain ဆိုတော့ အဲ့အနံ့လေးတော့ နည်းနည်းပါတယ်။ သကြားလည်း အနေတော်ပဲ။ ကိုယ်က အချိုမစားတဲ့သူဆိုတော့ ကန်ဒီအတွက်တော့ နည်းနည်းချိုတယ်။ နောက်တစ်ခါ ဒီထက်လျော့ထည့်ရမယ်။ အိမ်ကအစ်မကို ကျွေးကြည့်တော့ အားလုံးအနေတော်ပဲ ကောင်းတယ်တဲ့ ^_^

သြော်... နောက်တစ်ခုက သိပ် Fluffy မဖြစ်ဘူး။ အဲ့ဒါကို ဘယ်လိုပြောရမလဲ... နည်းနည်းကျစ်တယ်။ ဘာလိုတာလဲ မသိဘူး။ Baking soda လိုတာလား... ကန်ဒီသုံးတဲ့ ဂျုံကြောင့်ပဲလားတော့ မသိဘူး။ စားလို့တော့ ရပါတယ် :D

ကန်ဒီ့အတွက် မုန့်လုပ်နည်းရေးပေးတဲ့ မမမိုးငွေ့ကို ကျေးဇူးတင်ပါတယ် :)

ဆုပေးပွဲ

$
0
0
Merry Christmas!!
Christmas ပိတ်ရက်လေးမှာ တော်တော်များများ လုပ်ဖြစ်တယ်။ အိပ်ယာပေါ်ပဲလှဲပြီး အီလေးဆွဲမနေဘဲ အိမ်အလုပ်တွေလုပ်တယ်၊ ကြမ်းတိုက်တယ်၊ အိပ်ယာခင်းတွေလျှော်တယ်၊ ဟင်းချက်တယ် Productive ဖြစ်တယ်ပြောရမှာပေါ့။ ခုတော့ ညစာစားပြီးလို့ ကော်ဖီတစ်ခွက်ဖျော်ပြီး စာရေးမလို့...


ကန်ဒီကော်ဖီဖြတ်ထားတာ (၁)လကျော်ပြီ.. အရင်ကဆို မနက်ကော်ဖီမသောက်ရရင် ဘာလိုနေမှန်းမသိဘူး။ ကော်ဖီ စွဲနေတာလေ။ ကော်ဖီသောက်ပြီး ဗိုက်ထဲနေလို့ကောင်းလားဆိုတော့လည်း မကောင်းဘူး။ အဲ့ဒါလည်း သောက်တာပဲ။ အဲ့ဒါနဲ့ ငါဘာလို့မဖြတ်နိုင်ရမှာလဲဆိုပြီး ကောက်ခါငင်ခါဖြတ်ထားတာ တစ်လကျော်ပြီ။ ဒါ တစ်လကျော်ကျော်အတွင်းမှာ ဒုတိယမြောက်သောက်တဲ့ကော်ဖီ... ဟဟဟ ကော်ဖီတစ်ခွက်ကတောင် သူ့ရာဇ၀င်နဲ့သူ xD ခုဆို ကော်ဖီမသောက်ရလည်း နေနိုင်သွားပြီ။ တခါတလေပဲ သောက်တော့တယ်။

ပုံမှန်စနေနေ့ဆို နေ့ဝက်အလုပ်ဆင်းရပေမယ့် ကံကောင်းချင်တော့ ကန်ဒီ့ Off day နဲ့ သွားတိုက်တယ်။ အဲ့ဒါနဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ (၃)ရက်ဆက်တိုက် ပိတ်သွားတယ်။ အစကတော့ စနေနေ့ညနေဘက်ကို Orchard ဘက်သွားပြီး Christmas Lighting တွေ သွားကြည့်မလို့... ဒါပေမယ့် အဲ့အကြံအစည်မအောင်မြင်လိုက်ပါဘူး။ စင်္ကာပူမှာ Christmas Eve ဆို အမြဲတမ်း မိုးတွေသည်းကြီးမည်းကြီး ရွာတယ်။ အဲ့ဒါနဲ့ အိမ်မှာပဲ အောင်းနေလိုက်တယ်။ တနင်္ဂနွေနေ့ကတော့ ကန်ဒီအပတ်တိုင်းသွားသွားကူနေတဲ့ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းဆုပေးပွဲအခမ်းအနား... အဲ့ဒါ သွားကူတယ်။






ကြုံရင်ကြုံသလို ပါလေရာ ငါးပိချက်ဖြစ်နေတယ်။ ဆရာမလည်း လုပ်တယ်၊ MC က အကူအညီလိုတော့လည်း မိုက်ကြီးကိုင်ပြီး နာမည်တွေခေါ်တယ်၊ ဆုပေးတော့လည်း ဆုလင်ဗန်းကိုင်တယ် ဟဟဟ xD ကလေးတွေက အကုန်တော်ကြတယ်။ အတန်းကြီးကလေးတွေဆို မင်္ဂလသုတ်၊ မေတ္တသုတ်တွေအပြင် တခြားသုတ်တွေပါ ရွတ်နိုင်တယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်။





ကန်ဒီ့အတန်းထဲက ကလေးတွေ... လိမ္မာယဉ်ကျေးကြတယ်။ ချစ်စရာကောင်းလိုက်တာ။ သူတို့မိဘတွေကို ချီးကျူးတယ်။ ကလေးကို ဒီလိုသွန်သင်နိုင်လို့လေ။ တချို့ကလေးတွေဆို ဒီမှာနေပြီး ဒီက ကလေးတွေလို ဖြစ်နေပြီ။ ဒီနေရာမှာ မိဘသွန်သင်ဆုံးမမှုက အရမ်းအရေးပါတယ်။ ကန်ဒီ့ဆီလာပြီး "မင်္ဂလာပါ ဆရာမ"ဆိုပြီး လာနှုတ်ဆက်တဲ့အချိန် သူတို့သူငယ်ချင်းတစ်စုကို ရိုက်ပေးထားတာ။


နောက်ဆုံးအနေနဲ့ သူတို့သင်ရတဲ့ ယဉ်ကျေးလိမ္မာစာအုပ်ထဲက ကန်ဒီနှစ်သက်တဲ့ ဘုရားဂုဏ်တော်ကိုးပါး ကဗျာလေး အားလုံးကို မျှဝေပေးချင်ပါတယ်။ ကန်ဒီတို့နေ့တိုင်း ဘုရားရှိခိုး ဂုဏ်တော်တွေ ရွတ်နေပေမယ့် အဓိပ္ပာယ်ကိုတော့ တွဲတွဲပြီး မဆိုဖြစ်ကြဘူးလေ... ကဗျာလေးဆိုတော့ အိမ်အလုပ်လုပ်နေရင်းတောင် ညည်းပြီး ဂုဏ်တော်ပွားနေလို့ ရတယ်။

ဘုရားဂုဏ်တော် ကိုးပါး ကဗျာ
၁။ ကိလေသာတွေ ကင်းစင်ပြတ်လို့၊ လူနတ်ဗြဟ္မာ ပူဇော်တယ်။
၂။ တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ထူးတဲ့အသိဥာဏ် အကျင့်မှန်များလည်း၊ ကောင်းစွာ ထင်ရှားပြည့်စုံတယ်။
၎။ ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ သတ္တ၊ သခါင်္၊ သြကာသတဲ့၊ လောကသုံးပါး သိမြင်တယ်။
၆။ မယဉ်ကျေးသူကို ယဉ်ကျေးအောင်ပြုတဲ့ ဆုံးမမှုမှာ သာလွန်တယ်။
၇။ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါများရဲ့၊ ဆရာထင်ရှား ဖြစ်ပါတယ်။
၈။ လေးပါသစ္စာ စိပ်ဖြာသိတဲ့၊ ဥာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့ မစမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွဲ့၊ အသဲစွဲအောင် မှတ်ကြကွယ် (မှတ်ကွယ်)၂။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်နော်...

Rolling to 2017 + Lab Report

$
0
0
မင်္ဂလာနှစ်သစ်ပါရှင်...
New Year Eve မှာ အမေတို့က ထုံးစံအတိုင်း ရန်ကုန်အိမ်မှာ မိသားစု စုံစုံညီညီနဲ့ အကင်လုပ်စားကြတယ်။ ကန်ဒီကလည်း ဒီမှာအားကျမခံ Sushi လုပ်စားတယ်။ ဆူရှီအတွက် ကန်ဒီထည့်တဲ့ Ingredients တွေက ဆလတ်ရွတ်၊ မုန်လာဥ၊ သခွားသီး၊ ပြောင်းဖူး၊ မှိုနဲ့ ထောပတ်သီး။ မှိုကို ရေခမ်းသွားအောင် မီးဖိုပေါ်မှာ အရင်အပူပေးထားတယ်။ သူများတွေက ထောပတ်သီးကို အချောင်းလိုက်လေးတွေ ထည့်ပေမယ့် ကန်ဒီက ချေပြီးဆားလေးနဲ့နယ်ထားပြီးမှ ထည့်ရတာကို ပိုကြိုက်တယ်။




လာမယ့် (၁၅)ရက်နေ့ အိမ်မှာဘုရားအနေဂဇာတင်နဲ့ နှစ်ဦးဆွမ်းကပ်ဖို့ စီစဉ်ထားတယ်။ ဟိုးအရင် လွန်ခဲ့တဲ့(၄)နှစ်လောက် အိမ်မှာအရင်ကနေတဲ့ အန်တီရှိတုန်းကပဲ အိမ်မှာ ဆွမ်းကပ်ဖြစ်တယ်။ အန်တီပြန်သွားပြီး အိမ်မှာလူငယ်တွေချည်း ဖြစ်သွားတော့ ဆွမ်းမကပ်ဖြစ်တော့ဘူး။ ရန်ကုန်ပြန်တုန်းက ကန်ဒီပင့်လာတဲ့ ဘုရားသေးသေးလေးကလည်း ဒီမှာအနေဂဇာမတင်ရသေးဘူးဆိုတော့ ကွက်တိပဲပေါ့။ အမေနဲ့အဖေကလည်း (၆)ရက်နေ့ဆို စင်္ကာပူရောက်ပြီ။ တိုပါးရိုးကျောင်းမှာပဲ လျှောက်ထားတယ်။ ဘုန်းဘုန်းက ရတယ်တဲ့။ အိမ်ပင့်တာက သိပ်လူမများဘူးတဲ့။ ဘုန်းကြီးနှစ်ပါးပေါ့နော်... အာရုံဆွမ်းပဲ ရွေးလိုက်တယ်။ အိမ်ကအစ်မတွေကတော့ လူသိပ်မပင်ပန်းအောင် အော်ဒါမှာချင်တယ်။ ကန်ဒီကတော့ ကိုယ်တိုင်ပဲ လုပ်ချင်တယ်။ ကိုယ်တိုင်လုပ်ပြီးကပ်တော့ ကုသိုလ်ပိုရတယ်လေ။

အာရုံဆွမ်းဆိုတော့ သိပ်ပြီးလည်း အမယ်မများပါဘူး။ သက်သတ်လွတ်ပဲ ကျွေးမှာပါ။ ဘုန်းဘုန်းတို့ကိုလည်း ကြိုလျှောက်ထားတယ်။ သက်သတ်လွတ်မုန့်ဟင်းခါး ကျွေးမယ်။ အမေ့ကို ကန်ဒီစားနေကြ စံပြဒေါ်ကြည် သက်သတ်လွတ် မုန့်ဟင်းခါးထုတ်လေးတွေ ၀ယ်လာပေးဖို့ ပြောထားတယ်။ အဲ့ဒါကို အစာပလာ... ပဲ၊ ငှက်ပျောအူ၊ ကြက်သွန်နီလေးတွေ ထည့်လိုက်ရင် ရှယ်ဖြစ်သွားပြီ။ ဧည့်သည်တွေလည်း အများကြီး မဖိတ်ဘူး။ ကိုယ့်မိသားစုပဲ။ အချိုပွဲအတွက် Vegan Banana Cake လေး ကိုယ်တိုင်ဖုတ်မလို့လေ.. အခုအစမ်းထပ်လေ့ကျင့်နေတယ်။ မုန့်ဖုတ်ထားရင်း စာရေးနေတာ... ဟော ရပြီ... ဒန်တန်တန်


ရှယ်ပဲ... အရင်တခေါက်ထက် အများကြီးကောင်းတယ်။ ဒီတခေါက် Whole Grain Flour တ၀က်၊ Bread Flour တ၀က် သုံးထားတယ်။ Baking Soda ပိုထည့်ထားတယ်။ သကြားလျော့တယ်။ ငှက်ပျောသီး သုံးလုံးသုံးထားတယ်။ ဒီတခေါက်မှ ငှက်ပျောသီးနံ့လေး မွှေးပြီး တကယ်ကောင်းတာ။ ဒါဆိုအချိုပွဲအတွက် ပူစရာမလိုတော့ဘူး... ကိုယ်တိုင်လုပ်တဲ့ ငှက်ပျောသီးကိတ်လေးရယ်၊ ကော်ဖီရယ်၊ သစ်သီးရယ်... ပြည့်စုံသွားပြီ။

ဒါနဲ့ ကန်ဒီရန်ကုန်ပြန်တုန်းက သွေးစစ်ထားတဲ့ Result လေး မပြရသေးဘူးနော်... အားလုံးပုံမှန်ပဲ။ သွေးအားလည်းမနည်းဘူး။ သံဓာတ်အပြည့်အ၀ရှိတယ်။ Folic Acid လည်း မနည်းဘူး။ Vitamin B12 လေး တစ်ခုပဲ မဆိုသလောက်လေး နည်းတာ... ဒါကလည်း ကိုယ်မျှော်လင့်ပြီးသားဆိုတော့ ပြသနာမရှိပါဘူး။ B12 ဆိုတာ မြေကြီးမှာရှိတဲ့ Bacteria လေးတွေက ထုတ်လုပ်တာလေ... သားသတ်လွတ်စားတဲ့လူမှမဟုတ်ဘူး အသားစားတဲ့လူလည်း Vit B12 နည်းနိုင်ခြေရှိတာပဲ။ Deficient ဖြစ်တယ်လို့ ပြောရလောက်အောင်လည်း နည်းတာမဟုတ်ဘူးဆိုတော့ စိတ်ပူစရာမရှိဘူး။ Vit B12 supplement ကတော့ သတိရရင် ရသလို သောက်ဖြစ်ပါတယ် ဟီးဟီး xD (ဆေးကြောက်တဲ့လူဆိုတော့ သတိမရတာ များပါတယ် xD)





တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟိုနေ့ကအလုပ်မှာ လူနာတစ်ယောက် သွေးအားနည်းလို့တဲ့ ဆရာဝန်က သံဓာတ်အားဖြည့်ဆေး Iron Tablet ပေးလိုက်တယ်။ လူနာကလည်း ဆေးမသောက်ချင်တော့ ကန်ဒီ့ကိုမေးတယ်။ သံဓာတ်များများရအောင် ဘာစားရမလဲတဲ့။ ဆရာဝန်ကတော့ သူ့ကိုအသားများများစားလို့ ပြောတယ်တဲ့။ ကန်ဒီက "Ok.. If you ask me, since I am vegetarian, I would not recommend eating meat for iron. You can also get iron from all the dark green vegetables". လူနာက "Although you are vegetarian, you didn't have iron deficient but why that happened to me?!?!"

ဒီနေရာမှာ ကန်ဒီ ပြောပြချင်တာက မွေးကတည်းက တယူသန်စွဲနေတဲ့ တချို့အရာတွေကို လက်တွေ့အချက်အလက်တွေပေါ်မူတည်ပြီး ပြောင်းလဲလက်ခံသင့်ရင် ပြောင်းလဲလက်ခံကြရမယ်။ ဥပမာ.. နွားနို့သောက်မှ Calcium ရမယ်.. အရိုးသန်မာမယ် ဆိုတာမျိုး၊ အသားစားမှ သံဓာတ်ရမယ်.. သွေးအားကောင်းမယ်၊ Protein ရမယ်ဆိုတာမျိုးပေါ့။ ပဲနို့မှာလည်း Calcium နဲ့ Protein ရှိပါတယ်။ အခုနောက်ပိုင်းတွေ့ရှိချက်တွေအရဆို နွားနို့အရမ်းသောက်တဲ့ အနောက်တိုင်းနိုင်ငံတွေမှာ အရိုးပွရောဂါဖြစ်ပွားမှုနှုန်း ပိုများတာတွေ့ရပါတယ်တဲ့။ အဲ့လိုပေါ့... မျက်စိကြီးစုံမှိတ်ပြီး ထိုင်ငြင်းမနေဘဲ စာများများဖတ်ပါ... ပြောင်းလဲလက်ခံသင့်တာတွေကို ပြောင်းလဲလက်ခံပါ။ ကန်ဒီသိချင်တာတွေရှိရင် Dr. McDougall's website မှာ သွားသွားဖတ်လေ့ရှိပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။

အသိမိတ်ဆွေတော်တော်များများက ကန်ဒီ့ကိုဆိုစိတ်ပူကြတယ်။ အသားမစားဘူး... သွေးအားတွေ နည်းတော့မှာပဲ... ကျန်းမာရေးတွေ ထိခိုက်တော့မှာပဲ ဆိုပြီး။ ဒါကလည်း ချစ်လို့ စိတ်ပူကြတာဆိုတော့ ကန်ဒီက ပိုတောင်ပျော်ပါတယ်။ ရန်ကုန်ပြန်တုန်း သွေးစစ်တယ်ဆိုတာကလည်း စိတ်ပူနေတဲ့လူတွေ စိတ်မပူစေဖို့နဲ့ လိုအပ်တာတွေရှိရင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ပါ။

ဒီနေ့တော့ ဒီလောက်ပဲနော်...

Bali: Kuta Beach and Uluwatu Temple

$
0
0
ခုမှပဲ Bali နောက်ဆုံးပိုစ့်လေး ရေးဖြစ်တော့တယ်။ Kuta ရောက်တော့ တကယ့်မြို့ကြီးပြကြီးကို ရောက်သွားသလိုပဲ... Shopping Center တွေ လူတွေနဲ့ ရှုတ်ရှက်ခတ်နေတယ်။ ကန်ဒီတို့တည်းတဲ့နေရာ (Home@36 Condotel) က Shopping Center အနောက်.. Beach ကို မျက်နှာစာပေးထားတာပေါ့နော်။ ပထမနှစ်ရက်တည်းတဲ့ Ubud က ဟိုတယ်နဲ့ တခြားစီပဲ။ အခန်းက အရမ်းကျဉ်းတယ်။ ပထမတစ်ရက်က Aircon မကောင်းလို့ လူခေါ်ရသေးတယ်။ 




Beach နဲ့ နီးနီးနေပေမယ့် ကမ်းခြေဘက် အဲ့လောက်ကြီး မသွားဖြစ်ဘူး။ တနေကုန်တခြားနေရာ လျှောက်လည်နေတာဆိုတော့ ဟိုတယ်ပြန်ရောက်ရင်ပဲ ညရောက်နေပြီ။ ဓာတ်ပုံရိုက်ဖို့ပဲ ကမ်းခြေဘက် ထွက်ဖြစ်တယ်။ ရေကလည်း မကူးတတ်ဘူးလေ ဟီးဟီး(xD)။ သူငယ်ချင်းတွေကတော့ အဲ့မှာရှိတဲ့ Beach Activities တွေ လုပ်ကြတယ်... လေထီးစီးတာတို့ ဘာတို့။ သူတို့အဲ့ဒါလုပ်နေတဲ့အချိန် ကန်ဒီက Spa သွားတယ်... Massage လုပ်တယ် အေးအေးဆေးဆေးပဲ xD



ရေက အဲ့လောက်လည်း မကြည်ဘူး။ Kuta လို လူများတဲ့ Beach မို့လို့ထင်တယ်။ နောက်တစ်ခါသွားရင် ရေပြာပြာလေးတွေရှိတဲ့ လူနည်းတဲ့ Beach သွားရမယ်။ Kuta နဲ့ယှဉ်ရင် ကန်ဒီတို့ စင်္ကာပူနဲ့နီးတဲ့ Bintan Beach က ရေကမှ ပိုပြာသေးတယ်။ အဲ့နေ့ပဲ ကန်ဒီတို့ Uluwatu Temple သွားတယ်။ အရမ်းသဘောကျတယ်။ ရှုခင်းအရမ်းလှတယ်။








ညစာကို Tour Guide ဦးလေးကြီးက Beach ပေါ်မှာ Candle လေးနဲ့ စားရတဲ့ဟာမျိုး စီစဉ်ပေးပေမယ့် သူတို့ကျွေးတဲ့ ဘာလီစတိုင်လ် သားသတ်လွတ်ကို (၄)ရက်လုံးလုံးစားပြီး လုံးဝမစားနိုင်တော့တာနဲ့ Beach ပေါ်မှာ တွန်းလှည်းလေးနဲ့ရောင်းတဲ့ ပြောင်းဖူးကင်ကို ထောပတ်မသုတ်ဘဲ ကင်ပေးဖို့ပြောပြီး ပြောင်းဖူးကင်နှစ်ဖူး၊ အုန်းသီးတစ်လုံးစားလိုက်တယ်။ အဲ့လိုလေးစားလိုက်မှ လူလည်းနေသာထိုင်သာရှိသွားတယ်။ နောက်နေ့ ကန်ဒီတို့ စင်္ကာပူပြန်ခဲ့ကြပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲရှင် :D

ဂရုဏာဒေါသော

$
0
0
ဒီမနက်တင် ပိုစ့်အသစ်တစ်ပုဒ် တင်ထားပြီးပေမယ့် ထပ်တင်ဖို့အကြောင်းက ဖန်လာတော့ ထပ်တင်ရပါဦးမယ်။ စိတ်ထဲဖြစ်နေတာကို စာရေးမှကို ဖြစ်မှာပါ။ နို့မို့ဆိုသက်သာမှာ မဟုတ်လို့ ရေးပါရစေနော်။ ဒီပိုစ့်ရေးတာ ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့စိတ်နဲ့ရေးတာ မဟုတ်ပါဘူး။ ကန်ဒီ့ခံစားချက်သက်သက်ကို ရေးပြခြင်းသာ ဖြစ်ပါတယ်။ 

ဒီနေ့ ကန်ဒီတို့ မြန်မာစာသင်တန်း ပြန်စဖွင့်ပါတယ်။ ကလေးတွေလည်း တက်ကြွ ဆရာမတွေလည်း တက်ကြွနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့။ စာစ,သင်ရင်း စာဖတ်ရမယ့်နေရာရောက်တော့ ကန်ဒီက လက်ညိုးလေးနဲ့ စာကိုထောက်ဆိုဖို့ အားလုံးကို ပြောတော့ ကလေးတစ်ယောက်က ကန်ဒီ့ကို လက်ခလယ်ထောင်ပြပါတယ်။ မြန်မာကလေးတစ်ယောက်ဆီက တစ်ခါမှမတွေ့ဖူးတဲ့ အပြုအမူတစ်ခုကို တွေ့လိုက်တဲ့အချိန်မှာ စိတ်ထဲထောင်းကနဲဖြစ်သွားတယ်။ ဒီကလေးလေးပုံကြည့်ရတာလည်း ဆိုးသွမ်းပြီး ပြောစကားနားမထောင် မျောက်ရှုံးအောင် ဆော့တတ်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒေါသစိတ်နဲ့အတူ ကလေးကိုသနားတဲ့စိတ်၊ ဒီလိုမျိုး ရိုင်းစိုင်းတဲ့အပြုအမူမျိုး မရှိစေချင်တဲ့စိတ်၊ လိမ္မာယဉ်ကျေးစေချင်တဲ့စိတ်၊ မိဘတွေကို သနားတဲ့စိတ် အားလုံးက ရောထွေးနေတယ်။ ကိုယ်တိုင်ကလည်း Professional ဆရာမတစ်ယောက် မဟုတ်တဲ့အခါကြတော့ ဒီလိုကလေးမျိုးကို ဘယ်လိုဆုံးမသင့်လဲဆိုတာမျိုးလဲ ကိုယ်မသိဘူး။ ကိုယ်ဆိုဆုံးမပုံ မှားသွားမှာလည်း အရမ်းကြောက်သလို မဆုံးမလို့ လုံးဝမရဘူးဆိုတာလည်း သိတယ်။ ကလေးကို "သား ဆရာမဆီ ခဏလာခဲ့ဦး"ဆိုပြီး ခေါ်လိုက်တယ်။ ကန်ဒီနဲ့တူတူသင်တဲ့ဆရာမက ဒီနေ့လာတော့ သူပဲတခြားကလေးတွေကို ဆက်သင်ပေးတယ်။ 

ကလေးကိုခေါ်ပြီး စကားမစနိုင်ဘူး.. သူ့ကိုခဏကြည့်နေမိတယ်။ "သား.. ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ? ဘယ်သူသင်ပေးတာလဲ သား?"ကန်ဒီ့အသံတွေ တုန်နေတယ်။ မျက်လုံးအိမ်ထဲ မျက်ရည်စတချို့နဲ့ ပြည့်နေတယ်။ စိတ်ထဲမှာ ခုနကအတွေးတွေအများကြီးဝင်နေတယ်။ ကလေးကိုတော့ အေးအေးဆေးဆေးပဲ မေးတယ်။ ကလေးက "သားကျောင်းက သူငယ်ချင်းတွေ..."ကန်ဒီဆက်မေးတယ် "သား ဒီလိုလုပ်တာ မကောင်းဘူးဆိုတာ သိလား?"သူဘာအဓိပ္ပာယ်လဲ မသိလို့လုပ်တာလားဆိုပြီး မေးကြည့်တော့ ကလေးက "သိတယ်"တဲ့။ အဲ့နေရာမှာတင် ဗုန်းဗုန်းလဲချင်စိတ်ဖြစ်သွားပြီး "သိရဲ့သားနဲ့ သားရယ်... ဘာလို့ လုပ်ရတာလဲ"ဆိုပြီး အာမေဋိတ်သံ သဲ့သဲ့နဲ့ ပြောမိတယ်။ ကန်ဒီ့ကိုကြောက်ပြီး ကန်ဒီပြောတဲ့စကားတွေ နားမ၀င်မှာစိုးလို့ သူ့ခေါင်းလေးကို သာသာလေးပွတ်ပေးရင်း"သား.. သားဖေဖေနဲ့ မေမေက သားကိုဘုန်းကြီးကျောင်းလာပို့တာ သားကို လိမ္မာယဉ်ကျေးတဲ့သားလေး ဖြစ်စေချင်လို့... ဆရာမကို သားဒီလိုလုပ်ပြလို့ ဆရာမက ဘာမှမဖြစ်ဘူး သား... ဒီအပြုအမူမျိုးကို ဆရာမ မဟုတ်တဲ့ တခြားတစုံတယောက်က မြင်သွားရင် သားကိုဘယ်လိုထင်မလဲ? သားကို လူဆိုးလေးလို့ပဲ မြင်မယ်... ပြီးရင် သားကို မဆုံးမရကောင်းလားဆိုပြီး သားမိဘတွေကိုပဲ အပြစ်တင်ကြမယ်..."ကန်ဒီသူ့မျက်လုံးကို စေ့စေ့ကြည့်ပြီး ငြင်ငြင်သာသာပဲ ပြောဖြစ်တယ်။ တကယ်က သူ့မျက်လုံးဆီက ကန်ဒီပြောတာကို နားလည်ပါတယ်ဆိုတဲ့အဖြေကို လိုချင်မိတာ။ "နောက်တစ်ခါ ဒီအပြုအမူမျိုးမလုပ်တော့ပါဘူးလို့ ဆရာမကို ကတိပေးမလား သား"သူခေါင်းငြိမ့်တယ်။ သူ့ကို သူ့နေရာ ပြန်သွားခိုင်းလိုက်တယ်။ စာသာ ဆက်သင်နေတယ်။ ရင်ထဲမှာ ဆို့နေတုန်း...

ဖြစ်ချင်တော့ ကလေးကို ကန်ဒီခေါ်ပြီး စကားပြောနေတဲ့အချိန် ကလေးအမေက သူ့သားကို အခန်းထဲမှာ စာလုပ်ရဲ့လား လာကြည့်ရင်း တွေ့သွားပုံရတယ်။ အတန်းပြီးတော့ ကလေးအမေက သူ့သားကို မေးလို့မရတာနဲ့ ကန်ဒီ့ကို ဘာဖြစ်တာလဲ လာမေးတယ်။ သူသားကိုမေးတော့ "သား သိတယ်"ပဲ ပြောနေတယ်တဲ့။ အဲ့လိုလာမေးလာတော့ ကန်ဒီလည်း ဘာဖြစ်လဲ ပြောပြဖြစ်တယ်။ လာမမေးရင်တော့ သွားပြောဖြစ်မှာမဟုတ်ဘူး။ ပြောပြပြီးမှ စိတ်ထဲ ကိုယ့်ကြောင့်ဒီကလေး အိမ်မှာအဆူခံရမလားဆိုပြီး စိတ်ထဲလုံးဝမကောင်းဘူး။ သူ့အမေကို မဆူဖို့ မပြောလိုက်မိဘူး။ ပြန်ခါနီး ကလေးအဖေက တစ်ခါ ကန်ဒီ့ဆီလာပြီး "ဆရာမ.. အမြင်မတော်တာရှိရင် သားကိုဆုံးမပါ.. အားမနာပါနဲ့"လာပြောတော့မှ ကိုယ်လဲသတိရသွားတာနဲ့ ကလေးကိုမဆူဖို့ ပြောလိုက်သေးတယ်။ ပြောသာပြောရပေမယ့် ကန်ဒီကိုယ်တိုင် မိဘဆိုလည်း ဂရုဏာဒေါသောနဲ့ ဆူမိမှာ အမှန်ပဲ။ မိဘနေရာမဟုတ်တဲ့ ဆရာမတစ်ယောက်နေရာမှာတောင် ဒီကလေးအတွက် စေတနာဒေါသနဲ့အတူ စိတ်မကောင်းဖြစ်၊ ကောင်းစေချင်တဲ့စေတနာတွေနဲ့ အသံတွေတုန်၊ ရင်တွေတုန်ရတယ်။

ကလေးငယ်ရွယ်စဉ်မှာ ပတ်ဝန်းကျင်က အရမ်းအရေးကြီးပါတယ်။ သူငယ်ချင်းတွေလုပ်ရင် လိုက်လုပ်မယ်။ လိုက်အတုခိုးမယ်။ သူငယ်ချင်းကောင်းတွေ၊ လိမ္မာယဉ်ကျေးတဲ့သူတွေ ၀န်းရံနေဖို့ အရမ်းအရေးကြီးပါတယ်။ စာလေးရေးလိုက်တော့ ရင်ထဲနည်းနည်းပေါ့သွားပါပြီ။ ကန်ဒီကလေးကို ပြောပြတာလေးတွေ သူ့နားထဲ ရောက်ပါစေ။ ကန်ဒီ့ဆုံးမမှု နည်းလမ်းမှန်ကန်ပါစေလို့ ဒီနေရာက ဆုတောင်းနေရုံကလွဲလို့...

အရုဏ်ဆွမ်းအလှူ

$
0
0
အိမ်မှာအလှူ ရှိတာနဲ့ စာမရေးအားဘူး။ သားသတ်လွတ်မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်တာနော်... အထင်မသေးနဲ့.. Ready made ထုပ်နဲ့ ဟဟဟ (xD)။ ပုံမှန်ဆို အမေလုပ်ပေးနေကြ... ဒီတခေါက်တော့ ကြည့်ရတာ သူ့သမီးဂျီးများလွန်းလို့ တယောက်တည်းလုပ်ချင်တာ လုပ်ပါစေဆိုပြီး လွှတ်ထားပုံရတယ်။ ညကြီးမင်းကြီး ဒယ်အိုးကြီးနဲ့ မုန့်ဟင်းခါးကို လူ(၁၅)ယောက်စာချက်နေတာ။ ကုလားပဲကိုပြုတ်ပြီး ထည့်တယ်။ ငှက်ပျောအူနဲ့ ကြက်သွန်နီထည့်တယ်။ Ready made ဆိုပေမယ့် နည်းနည်းတော့ ပြင်ရတာပေါ့နော် ဟဲဟဲ။ အမေနဲ့ အိမ်ကအစ်မတွေက မြည်းပေးတယ်။ ကန်ဒီစားသလို ချက်ရင် သူများစားလို့မရမှာလည်း ကိုယ့်ကိုကိုယ်သိတယ်။ ကန်ဒီက အငန်သိပ်မစားဘူး။ အချိုမှုန့်မစားဘူး။ ဆီသိပ်မစားဘူး။ အများအတွက်ဆိုတော့ အများကြိုက်မယ့်ပုံစံချက်ရတာပေါ့နော်။ နောက်ဆုံး Final အရသာက ကန်ဒီ့အတွက်တော့ ငန်တယ်။ တခြားသူတွေကတော့ အနေတော်ပဲတဲ့။ ပဲငံပြာရည်တောင် ကောက်ထည့်လိုက်သေးတယ် O_o




မုန့်ဟင်းခါးကို ည(၁၀)နာရီလောက်က စချက်တယ်။ အဲ့ဒါပြီးတော့ ကန်ဒီ့ ငှက်ပျောသီးကိတ်မုန့် ဖုတ်ရသေးတယ်။ အမေက အုန်းစိမ်းကျောက်ကျောနဲ့ ရွှေကြည်ကို သားသတ်လွတ်ထိုးပေးတယ်။ အချိုပွဲက ကော်ဖီ၊ ရွှေကြည်၊ ကျောက်ကျော၊ ကိတ်မုန့်နဲ့ သစ်သီးပေါ့နော်။ မုန့်ဟင်းခါးကို အများအကြိုက်ချက်ပြီး ကိတ်မုန့်ကျတော့ ကန်ဒီ့အကြိုက် အချိုနည်းနည်းနဲ့ ဖုတ်တယ်။ အဲ့ဒါကို Complain တက်လိုက်ကြတာ တစ်ယောက်တည်း မဟုတ်ဘူး... အကုန်နီးပါး ဟဟဟ... ကိတ်မုန့်က မချိုလို့တဲ့(xD)။ ဒီအလှူပြီးမှပဲ ကိုယ်စားတာတွေဟာ သူများနဲ့ အများကြီး ကွာဟနေမှန်း သိတော့တယ်။ တစ်ခုတော့ ကျေနပ်တာ ရှိတယ်။ အမေက ကန်ဒီ့ဆီက ငှက်ပျောသီးကိတ်မုန့်ဖုတ်နည်း ပြန်သင်မယ်တဲ့.. အလဲ့ ဆိုလိုတာက ကန်ဒီ့ကိတ်မုန့်ကို သူသဘောကျတယ်ပေါ့ ဟီးဟီး ^_^




သားသတ်မလွတ်တာဆိုလို့ အိမ်ကအစ်မတစ်ယောက်ကပ်တဲ့ အဲ့ဒီအ၀ါရောင်ကိတ်လေးပဲ ပါတယ်။ ရေနွေးက ကန်ဒီလက်ဖက်ခြောက်ထည့်တာ များသွားလို့ ခါးသွားတယ်။ လောလော လောလောနဲ့ မြည်းလည်း မမြည်းလိုက်မိဘူး။ ဘုန်းဘုန်းတို့ ပြောမှ ခါးမှန်းသိတယ် ဟီးဟီး... အဲ့ဒါနဲ့ ရေပြန်ရောရတယ်။ ဘုန်းဘုန်းတို့က မနက်(၆)နာရီခွဲလောက် ကြွတယ်။ ဘုန်းဘုန်းတို့ပြန်ကြွသွားမှပဲ ညီမလေးတို့လင်မယားနဲ့ အဖေတို့ လာကြတယ်။ ပြီးတော့ အစ်ကိုတွေပေါ့။ ဧည့်သည်တွေအများကြီး မဖိတ်ဘူး။ အမျိုးတွေလောက်ပဲ။




Tissue Box လေးတွေ... လင်ဗန်းလေးတွေက ကန်ဒီစုထားတဲ့ ယွန်းထည်လေးတွေ။ ယွန်းထည်လေးတွေ လုပ်ရတာ မလွယ်ဘူးနော်... နှီးနဲ့ အဆင့်ဆင့်လုပ်ရတာ။ လက်မှုပညာကို တန်ဖိုးထားတယ်။ ပန်းချီ ပန်းပုတွေဆိုလည်း အရမ်းကြိုက်တယ်။ ပန်းပုဆိုလို့ ဆင်ရုပ်လေးတစ်ရုပ်ပဲ ရှိတယ်။ နောက် ပုဂံက ၀ယ်လာတဲ့ ရုပ်သေးရုပ်လေး... ဧည့်ခန်းမှာ ချိတ်ထားတယ်။ ပိတ်ပေါ်မှာ ရေးထားတဲ့ သဲပန်းချီကားတစ်ချပ် ပုဂံက ၀ယ်လာသေးတယ်။ အဲ့ဒါကို ဘယ်လိုချိတ်ရမလဲ စဉ်းစားမရလို့ မချိတ်ရသေးဘူး။ ဧည့်သည်အားလုံးပြန်သွားတော့မှာ အိမ်ပြန်ရှင်း ခဏနားပြီး ဘုန်းကြီးကျောင်းပြေး စာသွားသင်တယ်။ 

ကုသိုလ်တွေ အမျှပေးဝေပါတယ်နော်...

Vegan: ယနေ့ စားဖွယ် #2

$
0
0
ဒီနေ့တော့ ဒီလိုပိတ်ရက်မျိုးဆို တနေ့တာ ဘာတွေစားဖြစ်လဲ ပြောပြမယ်နော်။ မနက်အိပ်ယာထတော့ ပလာတာနဲ့စားဖို့ ပဲပြုတ်ကို ကြက်သွန်ဖြူနီဆီသတ်ပြီး ကြော်တယ်။ ကော်ဖီလျော့ထားတာဆိုတော့ ကော်ဖီမသောက်ဘဲ Matcha Greentea လေးနဲ့ ပဲပလာတာလေးနဲ့ မနက်စာစားတယ်။ Matcha Greentea က ရိုးရိုး Greentea နဲ့ယှဉ်ရင် Antioxidant အဆပေါင်းများစွာပါဝင်ပြီး ကျန်းမာရေးအတွက် သင့်တော်တယ်။ ကန်ဒီ့အလုပ်မှာရှိတဲ့ Retail Pharmacy က ၀ယ်ထားတာ။ သူတို့က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ အားဆေးတွေ အဓိကရောင်းတယ်။ 

မနက်စာ...


နေ့လည်စာအတွက်က ပြုတ်ထားပြီးသား အမေယူလာပေးတဲ့ ပဲကတ္တီပါကို ကြက်သွန်ဖြူနီဆီသတ်ပြီး ကြော်တယ်။ ပဲကတ္တီပါက စားရခဲတယ်။ အဓိက,က ပြုတ်ရမှာ ပျင်းလို့ ဟဟ။ အမေက Pressure Cooker လေးဝယ်တဲ့။ အရမ်းမြန်တယ်တဲ့။ ၀ယ်မလို့ဟာ ကိုယ့်စိတ်ကြိုက် Size မတွေ့သေးလို့။ အကြီးကြီးလည်း မ၀ယ်ချင်ဘူးလေ။ တစ်ယောက်တည်းအတွက် အကြီးကြီးလည်း မလိုအပ်ဘူး။ ကိုယ်ကလည်း ပဲပြုတ်တာလောက်ပဲ သုံးမှာဆိုတော့။ တစ်ခါအမေက ကန်ဒီ့အတွက်ဆိုပြီး Pressure Cooker ကြီး ရန်ကုန်ကနေ ထည့်ပေးလိုက်သေးတယ်။ အကြီးကြီးပဲ။ နောက် ညီမလေးက သူအမဲသားချက်ချင်လို့ ယူသွားမယ်ဆိုတာနဲ့ ယူသွားဆိုပြီး ပေးလိုက်တယ်။ ကန်ဒီသာ သားသတ်လွတ်စားတာ... ကန်ဒီ့မိသားစုက အစုံစားတယ်။ အမေ့ကို ကိုယ့်ဟာကိုယ် အသေးလေးပဲ ၀ယ်လိုက်မယ် ပြောထားတယ်။ မနေ့ကဟင်းတွေရှိနေသေးတော့ နေ့လည်စာအတွက် အဲ့ဒါပဲလုပ်တယ်။ မနေ့ကကြော်ထားတဲ့ ပဲပင်ပေါက်ကြော်နဲ့ ချက်ထားတဲ့ ရွှေဖရုံသီးဟင်းရှိတယ်။ 

နေ့လည်စာ...

ညစာမလုပ်ခင် ဗိုက်ကဆာလာတာနဲ့ လက်ကျန် Rice Milk လေးသောက်တယ်။ ပြောင်းဖူး ပြုတ်တယ်။ ပြောင်းဖူးပြုတ်စားတယ်။ ညစာအတွက်ကို (၇)နာရီကျော်လောက်မှ မုန်လာဥချဉ်ရည်ဟင်းချက်တယ်။

Snack..

ညစာ...

ညစာ ရွှေဖရုံသီးဟင်းနဲ့ မုန်လာဥချဉ်ရည်ဟင်း၊ ပဲပင်ပေါက်ကြော်နဲ့ ပဲကတ္တီပါကြော်ကို လက်စသတ်တယ်။ ကောင်းမှကောင်းပဲ။

Happy Holiday!!

နှစ်ကူးပိတ်ရက် လည်လည်

$
0
0
တရုတ်နှစ်ကူး ပိတ်ရက် မတိုင်ခင် အလုပ်ကလူတွေနဲ့ China Town သွားကြတယ်။ ဒီလို နှစ်ကူးအချိန် တခါမှ China Town မသွားဖူးဘူး။ လူတွေအများကြီးပဲ.. ပွဲဈေးလိုမျိုး ဆိုင်တွေလည်း အများကြီး... တိုးကျိတ်ပြီး လျှောက်ကြည့်ကြတယ်။





အဲ့ဒီနားမှာ ဟိန္ဒူ ဘုရားကျောင်းတစ်ခုလည်း ရှိတယ်။ အဲ့ဒီဘုရားကျောင်းရှေ့မှာ Home Deco တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အရမ်းသဘောကျပေမယ့် ဘာမှမလိုအပ်သေးတာနဲ့ ဘာမှမ၀ယ်ဖြစ်ခဲ့ဘူး။ နောက်ဆို လိုအပ်တာရှိရင် အဲ့ဆိုင်မှာ သွားကြည့်ရမယ်။ စားပွဲခင်းတွေ၊ အလှခေါင်းအုံးစွပ်လေးတွေ၊ အိတ်တွေ ရောင်းတယ်။ ဈေးလည်း အရမ်းမကြီးဘူး။ သူကတရုတ်ဆိုင်မဟုတ်ဘူး။ သူ့ Theme က ဆင်တွေ... ကနုတ်တွေနဲ့.. ကန်ဒီကြိုက်တတ်တဲ့ စတိုင်လ်မျိုး... ပြမလို့ပါဆို ဖြစ်ချင်တော့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။

ပိတ်ရက်မှာ ရန်ကုန်ပြန်တဲ့သူကပြန်... အင်ဒိုနီးရှားဘက်၊ မလေးရှားဘက် ခရီးတိုလေးတွေ ထွက်တဲ့သူကထွက်နဲ့ ကန်ဒီတစ်ယောက်ကတော့ စင်္ကာပူမှာ ဟင်းတွေချက် အစားတွေစားပြီး ပိတ်မိနေတယ်။ ဘယ်ရမလဲ... တနေရာရာတော့ သွားရမယ်ဆိုပြီး အိမ်နဲ့ (၅)မှတ်တိုင်လောက်ပဲ ဝေးတဲ့ Botanic Garden ကို သွားတယ် ဟဟဟ။ ဓာတ်ပုံရိုက်တယ်။ သစ်ပင်တွေ ကြည့်တယ်။ 













မိုးကလည်း ရွာလိုက်သေးတယ်။ ထီးကမပါ.. ကွင်းပြင်ကြီးမှာ ပြေးရတယ်။ ပိတ်ရက်မှာ အဲ့ဒီတစ်နေရာပဲ ရောက်တယ်။ ကျန်တဲ့ရက်တွေ အိမ်မှာပဲ ဟင်းချက်တယ်၊ မုန့်လုပ်တယ်၊ စားတယ်၊ အိပ်တယ်။ တခါတလေလေးရတဲ့ ပိတ်ရက်ကို ကောင်းကောင်းအနားယူတယ်။

Happy Chinese New Year!!
Viewing all 246 articles
Browse latest View live