Quantcast
Channel: My freedom
Viewing all 246 articles
Browse latest View live

5km Run

$
0
0
သုံးပတ်လောက် ပစ်ထားတဲ့ ကိုယ့်ဘလော့ဂ်လေး.. လွမ်းတာ။ ခုပဲ ညစာစားပြီးတယ်။ မျှစ်ဟင်းချက်တယ်။ ကန်စွန်းရွက်ကြော်တယ်။ လိုက်တော့ မလိုက်ဘူး။ ရေခဲသေတ္တာထဲ ရှိနေတာ ချက်လိုက်တာ။ အဲ့ဒါစားပြီးတော့ မပြီးသေးဘူး။ Tortilla Chip နဲ့စားဖို့ Guacamole လုပ်တယ်။ အရမ်းကောင်း အရမ်းလိုက်..




ခုတော့ ဗိုက်ကြီးအရမ်းတင်းနေတယ် ဟဟ။ ကဲ ကဲ.. ဒီရက်တွေမှာ ဘာတွေလုပ်ပြီး အလုပ်ရှုပ်နေလဲ ပြောပြမယ်နော်။ ဘုန်းကြီးကျောင်း မြန်မာစာသင်တန်းက မနက်ဖြန်ဆရာကန်တော့ပွဲပြီးရင် ကျောင်းပိတ်ပြီဆိုတော့ ကလေးတွေကို စာမေးပွဲစစ်ရတယ်။ သူတို့အဖြေလွှာတွေ အမှတ်ခြစ်ရတယ်။ အမှတ်ပြည့်ရတဲ့သူတွေ ဆုပေးဖို့ ဆုဝယ်ရတယ်။ နောက် ဆရာကန်တော့ပွဲမှာ ကဗျာရွတ်ပြိုင်ဖို့အတွက် အမူအရာလေးတွေနဲ့ ကဗျာရွတ်ကျင့်ပေးရတယ်။ သူတို့ကို မသင်ခင် ကိုယ့်ဟာကိုယ်မှန်ရှေ့မှာ အမူအရာနဲ့ ကဗျာရွတ်ကြည့်ရသေးတယ် ဟဟ ဆရာမဘ၀ဆိုတာ အဲ့လို xD


အလုပ်က လူတွေနဲ့ စာရင်းတူတူပေးထားတဲ့ CSC Run by the Bay မှာ 5km သွားပြေးသေးတယ်။ မပြေးခင်တစ်ပတ်အလိုမှာ နည်းနည်းစီ ကိုယ့်ကိုကိုယ် စ Train ရတယ်။ ကိုယ်က နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့သူမဟုတ်တော့ အဲ့လို မ Train ပဲ သွားပြေးရင် မူးလဲသွားမှာစိုးလို့လေ ဟဟဟ xD ပထမနှစ်ရက်လောက်က အိမ်မှာပဲ Aerobic ဆော့တယ်။ နောက်(၃)ရက်မြောက်နေ့ကျ 5km စမ်းပြေးကြည့်တယ်။


အိမ်ကိုပတ်ပြီး ရထားနှစ်ဘူတာစာလောက်ပြေးတာ မိနစ်(၅၀)ကြာတယ်။ အဲ့ဒါပြီးတော့ ခြေထောက်တွေ ပေါင်တွေ တောင့်တင်းပြီး နှစ်ရက်လောက် ဘာလေ့ကျင့်ခန်းမှမလုပ်နိုင်ဘူး။ ဒီပုံအတိုင်းဆို တကယ်ပြေးမယ့်နေ့ကျ ငါပြေးနိုင်မှာ မဟုတ်တော့ဘူး ထင်တာ (၃)ရက်မြောက်နေ့ကျ တော်တော်ကြီး သက်သာသွားတယ်။ တကယ်ပြေးတဲ့နေ့ (၄)ရက်မြောက်နေ့ တနင်္ဂနွေနေ့ကျ မနာတော့ဘူး။ 5km ကို နှစ်နာရီအချိန်ပေးတာ (၄၅)မိနစ်နဲ့ ပြေးတယ်။ ပြေးပြီးတော့လည်း ပထမတစ်ခေါက်တုန်းကလို ပေါင်တွေ တင်းမနေဘူး။ နေလို့ကောင်းတယ်။ စမ်းပြေးထားခြင်းရဲ့ အကျိုးကျေးဇူးပေါ့ ^_^



သွားပြေးဖြစ်တာက သူငယ်ချင်းတွေ အတင်းခေါ်လို့။ တူတူပြေးရအောင် ပျော်စရာကြီး ဘာညာနဲ့ အတင်းခေါ်နေတာနဲ့ အင်း အင်း လုပ်လိုက်တာ။ အမှန်က ပြေးတာကို ကန်ဒီသိပ်မကြိုက်ဘူး။ ခန္ဓာကိုယ်က ဒီပုံစံအတိုင်း လှုပ်နေရတာ ပျင်းဖို့ကောင်းလို့လေ။ ငယ်ငယ်ထဲက Aerobic ဆော့လာတာဆိုတော့ ပုံစံမျိုးစုံနဲ့ ကနေရတာကို ပိုသဘောကျတာ။ အဲ.. ဒါပေမယ့် 5km ပြေးပြီး ခံစားချက်ကတော့ မိုက်တယ်။ ငါမဆိုးဘူး... လုပ်နိုင်သားပေါ့ :)


ငယ်ငယ်က Aerobic ပြိုင်ပွဲမှာ ဆုရတုန်းကပုံလေး သူငယ်ချင်းတစ်ယောက် လာပေးလို့။ အမှတ်တရပါပဲ။ (၄)တန်းထဲကဆော့တာ (၉)တန်းအထိ ပြိုင်ပွဲတိုင်းပါတယ်။ ကန်ဒီ့ကို တွေ့လား ဟီးဟီး(xD)။ ကိုယ့်ပုံကိုယ်ကြည့်ပြီး ရီချင်လို့... ဘာနဲ့တူနေမှန်းမသိဘူး။ 



သီတင်းကျွတ်လပြည့်ညက အလုပ်ကအပြန် Vivo City သွားတယ်။ အမေ့အတွက် Oven သွားဝယ်တာ။ အဖေ့အတွက်က စွတ်ကျယ်။ မရောက်တာ ကြာပေါ့။ သီတင်းကျွတ်ဆို ရန်ကုန်မှာဆိုရင်တော့ ဆွေမျိုးတွေအိမ် သွားကန်တော့တယ်။ မီးတွေထွန်းတယ်။ အဲ့ဒီအချိန်လေးတွေ အရမ်းသတိရတယ်။

မိသားစုနဲ့ပျော်ရွှင်ရတဲ့ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေရှင်..
Good Night နော်..

ကဗျာရွတ်ဖတ်ပွဲ

$
0
0
ကန်ဒီစာသင်တဲ့ ဘုန်းကြီးကျောင်း မြန်မာစာသင်တန်း (၂၀၁၇)စာသင်နှစ် ပြီးသွားပါပြီ။ ကျောင်း(၃)လမပိတ်ခင် ဆရာကန်တော့ပွဲနဲ့ ကဗျာရွတ်ဖတ်ပွဲ ရှိတယ်လေ။ ကန်ဒီ့အခန်းက ကလေး(၄)ယောက်လည်း ကဗျာရွတ်ကြတယ်။




ဒါက တခြားအခန်းက ကလေးလေးတွေ။ ကိုယ့်အခန်းက ကလေးတွေအလှည့်တုန်းကကြ ဓာတ်ပုံမရိုက်လိုက်ရဘူး။ သူတို့မေ့တာတွေ ထောက်ပေးဖို့ ဆရာမက ရှေ့ကသေချာကြည့်နေရတယ်။ ကိုယ်မရိုက်လိုက်ရပေမယ့် ဘုန်းဘုန်း Live မှာတော့ ရှေ့က ဆရာမစပ်စလူးစိန်ရော ကလေးတွေရော ပါသွားတယ် ဟဟဟ xD





ဒီတနင်္ဂနွေကတော့ ကျောင်းပိတ်သွားတော့ တနေ့လုံးအိမ်မှာပေါ့။ နောက်နှစ်ပတ်၊ သုံးပတ်လောက်ဆို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း စဖွင့်ပြီ။ ဘုန်းဘုန်းက လာလုပ်အားပေးဖို့ ပြောထားတယ်။ ဗုဒ္ဓဘာသာသင်တန်းက တပတ်(၅)ရက်၊ တပတ်ကို တစ်ရက်ဖြစ်ဖြစ် နှစ်ရက်ဖြစ်ဖြစ် ကိုယ်နိုင်သလောက်လေးတော့ သွားကူဖို့ စဉ်းစားထားတယ်။


ကန်တော့ခံမယ့် ဆရာမဆိုတော့ ကြည့်ပျော်ရှုပျော်လေးတော့ ဖြစ်အောင် ပြင်သွားရတယ် ဟဟ။ အလှသေချာမပြင်တာ ကြာပေါ့။

ပျော်စရာတနင်္ဂနွေလေး ဖြစ်ပါစေရှင်..

Big Thank You + 2 Years Veganniversary

$
0
0
မင်္ဂလာညချမ်းပါရှင်..
ဒီမှာည(၁၀)နာရီတောင်ထိုးတော့မှာကို မျက်လုံးကခုထိ ပြူးကြောင်နေတုန်း.. မနက်က အိမ်သန့်ရှင်းရေးတွေလုပ်၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်ပြီး နေ့လည်နှစ်နာရီခွဲ သုံးနာရီလောက်က စ,အိပ်လိုက်တာ ညနေ(၅)နာရီမှ နိုးတယ်လေ။ နိုးတာနဲ့ မနက်ကရေစိမ်ထားတဲ့ ခြေသုတ်အ၀တ်တွေလျှော်၊ ရေချိုး၊ ခေါင်းလျှော်၊ ညစာစားပြီး ကုတင်ပေါ် ဟိုလှိမ့်ဒီလှိမ့်ပြန်လုပ် (အပျင်းရောဂါလို့ ခေါ်တယ် xD) အဲ့ဒါပြီးမှ ခု Matcha Tea လေးနဲ့ စာထိုင်ရေးတာ။

ညီမလေးတစ်ယောက်က ကန်ဒီ့ Email မှာရော၊ ဘလော့ဂ်က Chat box လေးမှာပါ "စာတွေများများရေးပါ။ ကန်ဒီစာရေးတာ အရမ်းနည်းသွားတယ်။ ဖတ်ရတာ အားမရဘူး"ဆိုပြီး ပြောလာတယ်။ အဲ့လိုကျတော့လည်း ကိုယ့်ဘလော့ဂ်ဆီလာပြီး ပိုစ့်အသစ်လေးတွေ စောင့်ဖတ်နေတဲ့သူ ရှိသေးသားပဲဆိုပြီး ပျော်ရတာအရမ်း။ အဲ့လို အမာခံစာဖတ်သူတွေကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်နော်။ စာရေးနည်းသွားတယ်ဆိုတာ အလုပ်များတာရော၊ အသက်ကြီးလာတာရောပါမယ်ထင်တယ် ဟဟ။ အသက်ကြီးလာတော့ ကိုယ်တိုင်ရော၊ ကိုယ်လုပ်နေတာတွေရောက စိတ်ဝင်စားစရာသိပ်မကောင်းတော့ဘူး.. ဆိုတော့ ရေးစရာစာတွေလည်း သိပ်မရှိတော့သလိုပဲ ဟဟ။ အဲ့ဒါကြောင့် စာရေးနည်းသွားတာပါ။

ကျောင်းတက်တဲ့အချိန်တုန်းကတော့ ဘာမှလုပ်စရာမရှိဘူးလေ။ တနေ့တနေ့ လျှောက်လည်ရင်လည် မလည်ရင် ဒီမှာပဲ စာထိုင်ရေးနေတာ။ ကန်ဒီစာရေးတဲ့ပုံစံ၊ ပြောပုံဆိုပုံတွေလည်း နည်းနည်းပြောင်းသွားတယ် ထင်တယ်။ ကိုယ်ထင်တာပြောတာ။ ဟိုးးးးအရင်က ကိုယ့်ပိုစ့်တွေ ကိုယ်ပြန်ဖတ်ကြည့်ရင် ခုနဲ့နည်းနည်းကွာသွားသလိုပဲ။ ခုက နည်းနည်း ပိုရင့်ကျက်လာတယ် ထင်ရတာပဲ ဟဟ။ တခါ စာဖတ်သူအစ်မတစ်ယောက်က ပြောဖူးတယ်.. သူ့သမီးလေးအိမ်နာမည်ကို "Candy"လို့ ပေးထားတယ်တဲ့။ ကန်ဒီ့လို ချစ်စရာကောင်းပြီး တော်အောင်လို့တဲ့။ အဲ့လိုမျိုးလေးတွေ ပြန်ပြန်သိရရင် အရမ်းပျော်တယ်။ ဘာမှမဟုတ်တဲ့ကိုယ့် Diary Blog လေးကိုဖတ်ပြီး ကိုယ့်ကိုချစ်တဲ့သူတချို့ ရှိနေပါလားဆိုတာ သိရလို့လေ။ အဲ့လိုချစ်စရာကောင်းတဲ့ စာဖတ်သူတွေအတွက် ကန်ဒီစာမှန်မှန်လေးရေးနိုင်အောင် ကြိုးစားပါ့မယ်နော်။

➤ 2 Years Veganniversary
ဒီအောက်တိုဘာလက ကန်ဒီသက်သတ်လွတ်စားတာ (၂)နှစ်တင်းတင်းပြည့်တဲ့လလေးပါ။ တစ်နှစ်ပြည့်တုန်းက အတွေ့အကြုံလေးတွေကို ဒီပိုစ့်လေးမှာ ရေးဖူးပါတယ်။ ဒီနှစ် (၂)နှစ်ပြည့်မှာ ကန်ဒီ့အတွေ့အကြုံလေးတချို့ကို ထပ် Update လုပ်ချင်ပါတယ်။ ကန်ဒီ့သွေးစစ်ထားတဲ့အဖြေတွေကို ဘလော့ဂ်လေးမှာ တစ်ခါပြဖူးလို့ အားလုံးသိတဲ့အတိုင်း ကန်ဒီ့ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။ နှစ်စဉ်ဆေးစစ်ဖို့ ရည်ရွယ်ထားလို့ လာမယ့်နိုဝင်ဘာလ ရန်ကုန်ပြန်ရင် ထပ်စစ်ပါဦးမယ်။

သက်သတ်လွတ်စားပြီးကတည်းက လစဉ်ရာသီပုံမှန်လာတာ ခုထိပါပဲ။ အရင်ကလို (၁)လ (၂)လ မလာတာတွေ မရှိတော့ပါဘူး။ ၀က်ခြံလည်း ကန်ဒီပထမပိုစ့်မှာ ပြောထားသလိုပဲ အများကြီးသက်သာသွားပါပြီ။ အရင်လို အဆီဖုသေးသေး သေးသေးလေးတွေ မရှိတော့ပါဘူး။ ရာသီလာတဲ့အချိန်တော့ ထုံးစံအတိုင်း ၀က်ခြံပေါက်ပါတယ်။ ပြောရမယ်ဆို ခုက ၀က်ခြံပေါက်မယ်ဆိုလည်း တနေရာတည်းမှာ သေသေချာချာပေါက်တယ်။ အများကြီး မျက်နှာတပြင်လုံးမှာ မပေါက်တော့ဘူး။ ၀က်ခြံအပေါ် သိပ် stress မထားတော့တာကြောင့်လည်း ပါပါတယ်။ အရင်လို ၀က်ခြံအတွက် ဆေးအပြင်းစားတွေ မသောက်ရတော့တာနဲ့တင် အရမ်းကျေနပ်တယ်။ Body Weight ကတော့ ဘာမှအပြောင်းအလဲသိပ်မရှိပါဘူး။ သက်သတ်လွတ်မစားခင်ကလည်း ပိန်တယ်။ ခုလည်း ပိန်တယ်။ 

ဒီ(၂)နှစ်အတွင်းမှာ ကန်ဒီမသိဘဲ မှားခဲ့တဲ့အမှားလေးတွေလည်း ပြောပြချင်ပါတယ်။ ကန်ဒီက ဒံပေါက်ကြိုက်တော့ Indian Vegetarian Restaurant တွေမှာ သက်သတ်လွတ်ဒံပေါက်တွေ သွားသွားစားတတ်တယ်လေ။ သက်သတ်လွတ်ဒံပေါက်ဆိုပေမယ့် သူတို့က ဒံပေါက်ထဲမှာ Ghee လို့ခေါ်တဲ့ နို့ထွက်ပစ္စည်းတစ်မျိုးထည့်တာ ကန်ဒီလုံးးးဝမသိခဲ့ဘူး။ အဲ့ဒါဟိုတလောက အိမ်မှာအမေကိုယ်တိုင် သက်သတ်လွတ်ဒံပေါက်ချက်ကျွေးမှ သိတာ။ အဲ့ဒီကတည်းက ဒံပေါက်ဆို အမေချက်တာကလွဲလို့ အပြင်မှာဝယ်မစားတော့ဘူး။

နောက်တခုက အမှားလို့တော့ ပြောလို့မရပါဘူး။ အတွေ့အကြုံပေါ့နော်။ ကန်ဒီသက်သတ်လွတ် စ,စားခါစမှာ ထမင်းအရမ်းစားတယ်။ တခါစားရင် အများကြီးစားတယ်။ အဲ့ဒီအချိန်တုန်းက ကန်ဒီသိတာ Carbohydrate လုံလောက်နေရင် Protein Deficiency မဖြစ်ဘူးဆိုတာပဲ။ အားလုံးသိတဲ့အတိုင်း ကန်ဒီသက်သတ်လွတ်စ,စားတာ ကျန်းမာရေးကြောင့်မဟုတ်ဘူးဆိုတော့ Nutrition နဲ့ပက်သက်တဲ့အပိုင်းတွေ အဲ့ဒီအချိန်တုန်းက နားမလည်ခဲ့ဘူး။ သူများတွေတွေးသလိုပဲ ငါအသားမစားလို့ Protein ပဲ ချို့တဲ့မလားဆိုတာမျိုး တွေးမိပြီး Carbohydrate တွေ အများကြီးစားတယ်။ နောက်ပိုင်းမှာ စာတွေပိုဖတ်ပြီး Carbohydrate အများကြီးစားတာထက် Protein ရနိုင်တဲ့ တခြားအရာတွေ ပိုစားတတ်လာတယ်။ Protein ဆိုတာ ခန္ဓာကိုယ်အတွက် တနေ့ကို အနည်းငယ်ပဲလိုအပ်တဲ့ အာဟာရတစ်ခုဆိုတာ ပိုသိလာတယ်။ 

ခုဆို ကန်ဒီသွားနေတာ မျှတတဲ့ဘက်ပေါ့နော်။ ထမင်းတွေ အသားကုန်မစားတော့ဘူး။ ထမင်းနဲ့ဟင်းနဲ့ကို မျှအောင်စားတယ်။ အရွက်တွေ အသီးအနှံတွေ ဥတွေဆီကနေ ဗီတာမင်တွေ Minerals တွေ ပိုယူတယ်။ ပဲမျိုးစုံကနေ Protein ယူတယ်။ ကန်ဒီ့ကို Satiate ဖြစ်စေတဲ့ အစားအစာတွေ ကန်ဒီမှတ်ထားတယ်။ အဲ့ဒီဟင်းတမျိုးမျိုးတော့ အမြဲပါအောင် ချက်တယ် (ဥပမာ- အာလူးနဲ့ ပဲမျိုးစုံ)။ Satiate ဆိုတာကို မြန်မာလို မရှင်းပြတတ်ဘူး။ ကိုယ့်ကို ကျေနပ်စေတဲ့ အစားအစာ၊ ဗိုက်ဝစေတဲ့ အစားအစာလို့ ပြောရမလား။ 

သက်သတ်လွတ်စားဖို့ ကြိုးစားနေတဲ့သူတွေကို ကန်ဒီအကြံပေးချင်တာက ကိုယ်ဘာလို့ သက်သတ်လွတ်စားချင်တာလဲ အရင်ဆုံးသိအောင်လုပ်ပါ။ ဒါသိမှ ဒီ Lifestyle ကို ထိန်းထားနိုင်မှာမို့ပါ။ Nutrition ပိုင်းကို လေ့လာပါ။ စာသေချာဖတ်ပါ။ အာဟာရမျှတအောင် စားပါ။ Vitamin B12 သောက်ပါ။ သက်သတ်လွတ်စားလို့ ဘယ်ဘက်ကကြည့်ကြည့် လုံးဝအကျိုးမယုတ်စေဘူးဆိုတာ အာမခံပါတယ်ရှင်။

Good Night^^

ဒုတိယမြောက် ဆည်းလည်းလေး

$
0
0
ဟတ် ဟတ် ဟတ်ချိုးးးး...
နှာတွေချေပြီး ကိုယ်လက်တွေ လေးလံနေလို့ ဒီရက်ပိုင်းတွေ ဘာမှမလုပ်နိုင်ဘူး။ ဖျားလားဆိုတော့လည်း မဖျားဘူး။ အသံကလည်း ၀င်ချင်သလိုလိုဖြစ်ပြီး ခုတော့ကောင်းသွားပြန်ပြီ။ နှာသံဖြစ်နေတာကလွဲလို့။ ရာသီဥတုအပြောင်းအလဲမို့ ထင်တာပဲ။ အလုပ်ကလူတိုင်း အဲ့လိုဖြစ်နေတယ်။ ဆေးခန်းမှာလုပ်လို့လည်း ပါမယ်။ မဖျားတာပဲ ကျေးဇူးတင်ရမယ်။ ဒါနဲ့ ကန်ဒီ့ စံပယ်ပန်းလေး နှစ်ပွင့်ထပ်ပွင့်တယ်။



♫♪ အသာအယာဆွတ်ယူ ရင်မှာထွေးထားမယ် အိုကွယ်.. ပန်းလေးတပွင့်ရယ်.. ♫♪ 
အဲ့သီချင်းထဲကလိုတော့ ပန်းပျိုးတဲ့သူက မခူးရက်ဘူးဗျ ဟဟ။ လက်လေးနဲ့ကိုင်ထားရင်တောင် လက်ငွေ့ကြောင့် နွမ်းသွားမှာစိုးတတ်တဲ့အမျိုး။ သူ့ဟာသူ အပင်ပေါ်မှာပဲ အစွမ်းကုန်လှခိုင်းထားတယ်။ မနက်အလုပ်သွားဖို့ တံခါးဖွင့်ရင်း သူတို့လေးတွေ ပွင့်နေတာတွေ့တော့ အမောကိုပြေလို့။ 

ရန်ကုန်ကနေ အမေက ချဉ်ပေါင်ကြော် ထည့်ပေးလိုက်တယ်။ သက်သတ်လွတ်ဆိုတော့ မကောင်းဘူး သမီးရယ်တဲ့။ အဲ့ဒါနဲ့ နည်းနည်းပဲ ကြော်ပေးလိုက်တယ်တဲ့။ သူ့အတွက်သာ မကောင်းတာ။ ကိုယ့်အတွက်ကတော့ ရှယ်ပဲ။ အရမ်းကြိုက်။ သက်သတ်လွတ်မစားခင်ကဆို အမေက ချဉ်ပေါင်ကြော်အမြဲ လူကြုံထည့်ပေးတယ်။ သူ့ချဉ်ပေါင်ကြော်က ကန်ဒီစားဖူးသမျှထဲမှာ အကောင်းဆုံး။ မျှစ်လေးနဲ့ ပုဇွန်လေးနဲ့ ကြက်သွန်ဖြူလေးနဲ့ ငရုတ်သီးအစိမ်းတောင့်လေးနဲ့ ကြော်တာ။ ကန်ဒီသက်သတ်လွတ်စားပြီးကတည်းက သူချဉ်ပေါင်ကြော် မထည့်ပေးတော့ဘူး။ သူ့ချဉ်ပေါင်ကြော်မှာ အဓိကအချဉ်ဓာတ်ကိုထိန်းတာ ပုဇွန်နဲ့မျှစ်လေ။ သူပုဇွန်ထည့်လို့မရတော့ သူ့သက်သတ်လွတ်ချဉ်ပေါင်ကြော်ကို သူကောင်းတယ်မထင်တော့ဘူး ဟဟ။ ချဉ်လို့တဲ့။ ကန်ဒီစားကြည့်တာတော့ အရမ်းကောင်းပဲ။ မစားရတာ ကြာလို့လည်းပါမယ်။ ဇီးဖြူသီးလည်း ထောင်းပေးလိုက်တယ်။ အချဉ်တွေကြီးပဲ ဟီးဟီး။ ငရုတ်သီးအကျက်မှုန့်သန့်သန့်လေး လုပ်ပေးပါမှာထားလို့ သူကိုယ်တိုင်လုပ်ထားတဲ့ ငရုတ်သီးအကျက်မှုန့်လေးလည်း ထည့်ပေးလိုက်တယ်။ မိဘမေတ္တာတွေ..



အစ်ကိုဝမ်းကွဲရဲ့သားလေး ဒီနေ့ပဲမွေးလို့ တမိသားစုလုံး ပျော်နေကြတယ်။ နောက်ထပ် ဆည်းလည်းလေးတစ်ခုပေါ့။ ကန်ဒီကတော့ တူလေးနှစ်ယောက်တောင်ရပြီမို့ ပျော်နေတယ်။ ပြောသာပြောရတာပါ.. ကြွားသာကြွားရတာ ကိုယ်က ဒီမှာ.. သူတို့လေးတွေက ဟိုမှာ.. တွေ့ချင်တာတောင် မတွေ့ရဘူး :(



ကန်ဒီ့ညီမသားလေး သားသားဥာဏကတော့ ခုဆို(၁)နှစ်ပြည့်ပြီးလို့ အရမ်းဆော့.. စကားတော့ မပြောသေးဘူး။ အမေနဲ့ညီမလေးမိသားစုပုံလေး ချစ်လို့ အမှတ်တရတင်လိုက်တယ်။ သူတို့လင်မယားနှစ်ယောက်လုံးက ဆရာဝန်တွေ။ ခုဖောင်ကြီးတက်နေရတော့ ကလေးကို အမေတို့ဆီ ပို့ထားတယ်။ အမေတို့ကတော့ မြေးတစ်ယောက်နဲ့ အလုပ်တွေကို ရှုပ်လို့..

(၁၁)နာရီလည်းခွဲတော့မယ်.. 
နှာချေတာအတွက် ဆေးတလုံးသောက်ပြီး အိပ်တော့မယ်နော်..

ရွှေဖရုံသီး ကုလားပဲဟင်း

$
0
0
ဒီနေ့တော့ ဟင်းချက်နည်းလေး တင်မယ်နော်။ အရင်ကဆို ရွှေဖရုံသီးကို သူ့ချည်းပဲ ချက်နေကြ။ တစ်ရက် ကုလားပဲနဲ့ရောချက်လိုက်တာ အရမ်းစားလို့ကောင်းလို့ အားလုံးနဲ့ ပြန်မျှဝေတဲ့သဘောပါ။ ကုလားပဲကို (၈)နာရီကြာ ရေစိမ်ပြီး ဆား၊ နနွင်းနဲ့ ပြုတ်ထားပါတယ်။ ကြက်သွန်ဖြူ နီကို နနွင်း၊ ကြိုက်နှစ်သက်တဲ့ ဟင်းခတ်အမွှေးအကြိုင်၊ Curry Powder နဲ့ ဆီသတ်ပါတယ်။ ပြီးရင်တော့ ပြုတ်ထားတဲ့ ကုလားပဲ၊ ရွှေဖရုံသီးထည့်ပြီး ကိုယ်စိတ်ကြိုက်အရသာရအောင် ဆား၊ ဟင်းသီးဟင်းရွက်မှုန့်ထည့်ပြီး ပြင်ပါတယ်။ ပြီးခါနီးရင်တော့ ပျဉ်းတော်သိမ်ရွက်လေး မွှေးနေအောင် ထည့်လိုက်ရုံပါပဲ။ လွယ်တယ်နော်။ ဗွီဒီယိုလေးလည်း လုပ်ပေးထားတယ်။


အသံနည်းနည်းတိုးနေတာတော့ သည်းခံပေးပါနော်..
Good Night^^

Holiday Mood is ON!!

$
0
0
မင်္ဂလာပါဗျို့..
နှုတ်ဆက်တာကိုက တက်ကြွနေတာ ဟဟ။ အဂါင်္နေ့ဆို ရန်ကုန်ကို အလည်နှစ်ပတ်ပြန်မယ်။ ကန်ဒီပျောက်နေရင် အဲ့ဒါကြောင့်နော်။ ပြန်လာမှ စာရေးမယ်။ Laptop မယူသွားတော့ဘူး။ မနက်ဖြန်တော့ အလုပ်တစ်ရက်ဆင်းရဦးမယ်။ ဒီနေ့က ပိတ်ရက်ဆိုတော့ အထုပ်တွေပြင်ပေါ့။ အဖေမှာတာတွေဝယ်၊ ဦးလေးမှာတာတွေဝယ်နဲ့  ပြီးခဲ့တဲ့ရက်တွေက အလုပ်ရှုပ်နေတာ.. သားသားတို့အတွက်လည်း လက်ဆောင်လေးတွေ ၀ယ်တယ်။


ဗုဒ္ဓဘာသာသင်တန်းမှာလည်း ဘုန်းဘုန်းကို သွားကူဖြစ်တယ်။ ဗုဒ္ဓဟူးတစ်ရက်ပေါ့။ အလုပ်ကနေ ဘုန်းကြီးကျောင်းကို (၁)နာရီခွဲလောက် သွားရတော့ တစ်ရက်ပဲ ကူဖြစ်တယ်။ ဘုန်းဘုန်းရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ Facebook က သယ်လာတာ xD




ဘုန်းဘုန်းတွေ သင်တာကို ကိုယ်ကကူပေးရုံပါပဲ။ စာတိုင်ပေးတာတို့ ဘာတို့ပေါ့။ ဗူးသီးချဉ်ဟင်း ရှယ်ချက်တဲ့နေ့မှာ ဧည့်သည်ကလာတယ်။ တော်တော်ကံကောင်းတဲ့ဧည့်သည်.. ကိုယ်ဟင်းချက်တာများ ကြိုသိနေသလား မှတ်ရ ဟဟ။ ပဲကတ္တီပါကြော်၊ ပန်းပွင့်စိမ်းကြော်၊ ဗူးသီးချဉ်ဟင်း.. ဟင်းတွေက အရမ်ကောင်း။ အချိုတည်းဖို့ သရက်သီးလည်း ပါတယ်။


မြို့ထဲရောက်တဲ့တစ်ရက်.. တနေ့တနေ့ အိမ်၊ အလုပ်၊ ဘုန်းကြီးကျောင်းပဲ လည်နေတော့ အဲ့လိုအပြင်သွားတဲ့ရက်လေးလည်း မှတ်တမ်းတင်ရတယ်။ မှတ်မှတ်ရရပဲ City Hall မြန်မာဆိုင်မှာ အသုပ်စားပြီး အိမ်ပြန်လမ်းမှာ အန်တယ်လေ။




အစာမကြေတာလဲ ဖြစ်နိုင်တယ်။ အသုပ်က မသန့်တာလဲ ဖြစ်နိုင်တယ်။ အန်ပြီးမှပဲ တော်တော်သက်သာသွားတယ်။ စနေနေ့ အိမ်မှာ Aircon Cleaning လုပ်တယ်။ SGD 80 ကျတယ်။ အိမ်သာက ရေဆွဲချတဲ့ Button က နှိပ်ပြီးရင် ပြန်တက်မလာဘဲ ညှပ်ညှပ်နေလို့ Plumber ခေါ်ရတယ်။ အဲ့ဒါလဲတာ SGD 180 ကျတယ်။ အိမ်ကအစ်မတွေတော့ အကုန်အကျများလို့ဆိုပြီး ကိုယ့်ကိုမေတ္တာပို့နေလောက်ပြီ။

အဲ့ကိစ္စတွေပြီးတော့ ညနေဘက် Mustafa သွားတယ်။ ဦးလေးမှာတဲ့ Portable DVD Player က ဆိုင်ကြီးတွေမှာ မတင်တော့ဘူး။ ခေတ်မရှိတော့ဘူးလေ။ Mustafa မှာတော့ ရှိတယ်။ SGD 126 ပေးရတယ်။ သူတို့ကောင်းတယ်လို့ ညွှန်းတဲ့ဟာ ၀ယ်လိုက်တာပဲ။ ကိုယ်ကလည်း သိပ်နားမလည်ဘူးဆိုတော့။ သူကတရားခွေဖွင့်ချင်တာ... တရားနာဖို့ဆိုတော့ ကိုယ်လည်း ကုသိုလ်ရတယ်လေ။


Mustafa မသွားခင် ညစာကို Clarke Quay မှာ သက်သတ်လွတ်ဟမ်ဘာဂါစားတယ်။ မှိုကိုလုပ်ထားတာ တကယ့်ကြက်သားတုံးကို ၀ါးနေရသလိုပဲ လှန့်တောင်လှန့်သွားတယ်။ ဒီရက်ပိုင်း လုပ်ဖြစ်တာလေးတွေကတော့ ဒီလောက်ပါပဲ။ ရန်ကုန်က ပြန်လာမှ တွေ့မယ်နော်...

တာ့တာ^^

Mask Review + Tips for Acne Prone Skin

$
0
0
ပြန်ရောက်ပါပြီဗျို့...
အင်္ဂါနေ့ ညနေ(၃)နာရီလောက် စင်္ကာပူကို ပြန်ရောက်တယ်။ ဗုဒ္ဓဟူးနေ့ တစ်ရက်နားတယ်။ ဒီနေ့တော့ အလုပ်သွားတယ်။ အလုပ်ကပြန်လာ ရေမိုးချိုးပြီးတော့ Mask လေး ဘာလေး လုပ်လိုက်ပါဦးမယ်လေဆိုပြီး စိတ်ကူးပေါက်တာနဲ့ ပိုစ့်လေးတင်ဖို့ပါ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဒီလို Review တွေ မရေးဖြစ်တာ တော်တော်ကြီး ကြာပြီနော်။

ရန်ကုန်ပြန်တော့ ခရီးတွေထွက်တယ်လေ။ ဖုန်တွေ လေတွေ နေတွေနဲ့ ကိုယ့်မျက်နှာလေး ကိုယ်ပြန်သနားလို့ လန်းလန်းဆန်းဆန်းပြန်ဖြစ်သွားအောင် ဆိုပါတော့။ ဒီ Mask လေးက ကန်ဒီခုမှ စသုံးဖူးတာ မဟုတ်ပါဘူး။ ၀ယ်ထားတာကြာပြီ စိတ်ကူးပေါက်ရင် ပေါက်သလို သုံးဖြစ်တယ်။ ကန်ဒီနဲ့လည်း မတည့်တာတွေ ဘာတွေမဖြစ်လို့ သဘောကျတယ်။ Body Shop က Himalayan Charcoal Purifying Glow Mask ဆိုတာလေးပါ။ သူက အဆီပြန်တဲ့အသားအရည် ပိုင်ရှင်တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ဒါပေမယ့် ကန်ဒီ ဒီ Mask လေး ၀ယ်ဖြစ်တာ မျက်နှာအဆီပြန်တာကို Treatment ယူဖို့ ၀ယ်ဖြစ်တာ မဟုတ်ပါဘူး။ အဓိက,က Charcoal ကြောင့်ပေါ့.. Charcoal ရဲ့သဘောက အဆိပ်အတောက်တွေ စုပ်နိုင်တဲ့ ဆွဲအားရှိတယ်။ မျက်နှာပေါ်က ချေးတွေ အဆိပ်အတောက်တွေ စုပ်ယူနိုင်တယ်ဆိုပြီး ၀ယ်ဖြစ်တာ။ Body Shop မှာ တခြား Brightening Mask တွေ၊ Moisturizing Mask တွေလည်း ရှိပါတယ်။ အဲ့ဒါတွေတော့ ကန်ဒီ မသုံးဖူးသေးပါဘူး။


မိန်းကလေးတော်တော်များများက Sheet Mask တွေ ကြိုက်ကြတယ်။ မျက်နှာပေါ် တင်ထားရတာလေးလေ။ ကန်ဒီက အဲ့ဒါမျိုးကို လုံးဝမကြိုက်ဘူး။ စိုစိစိုစိနဲ့ နေရတာ မလွတ်မလပ်မို့လေ။ ကန်ဒီက မျက်နှာပေါ် အဲ့လိုလိမ်းထားပြီး သူ့ဟာသူခြောက်သွားတာမျိုးကို ပိုသဘောကျတယ်။ အဲ့ဒါလေး ခြောက်သွားတာနဲ့ ကန်ဒီပြထားတဲ့ အစိမ်းရောင် Konjac Sponge ဆိုတဲ့ဟာလေးနဲ့ မျက်နှာကိုပွတ်ပြီး သစ်တယ်။ Konjac Sponge ဆိုတာ သဘာဝ Fiber တစ်မျိုးပါ... သူက ရေစုပ်နိုင်တဲ့ စွမ်းအားရှိတယ်။ ရေခြောက်သွားရင် သေးသေးလေးနဲ့ မာမာလေးရယ်.. မသုံးခင် ရေအရင်စွတ်ပြီး အဲ့လိုကြီးပြီးပျော့လာအောင် လုပ်ပေးရတယ်။ သူက မျက်နှာကို Exfoliate လုပ်ပေးတယ်.. ဆဲလ်အသေတွေ ဖယ်ရှားပေးတယ်ပေါ့။ Charcoal က အညစ်အကြေးတွေ စုပ်ပေးပြီး Konjac Sponge က Exfoliate လုပ်ပေးတော့ အားလုံးပြီးသွားရင် မျက်နှာလေးက ချောပြီးကျန်ခဲ့တယ်။

Mask သုံးပြီး မျက်နှာသစ်ပြီး Rosehip Oil လိမ်းပြီး မျက်နှာ...

သူ့ကို ခဏခဏတော့ မသုံးသင့်ဘူး။ Sheet Mask တွေနဲ့ ယှဉ်ရင် နည်းနည်း Strong ဖြစ်လို့လေ။ တစ်ပတ်တစ်ခါလောက် သုံးပေးရင်ရပြီ။ ကန်ဒီကတော့ စိတ်ကူးပေါက်မှ ထ,ထလုပ်တာ။ ကြုံတုန်းလေး လွန်ခဲ့တဲ့ (၄)နှစ်တုန်းက ကန်ဒီရေးဖူးတဲ့ "My Skin Story"ဆိုတဲ့ ပိုစ့်ထဲက ပုံလေးတချို့ကို ပြရင်း Skin Update လေး လုပ်ချင်တယ်။ 

လွန်ခဲ့တဲ့(၄)နှစ်က ပုံလေးတွေ...

"Before"ဆိုတာက ကန်ဒီ အဲ့အချိန်တုန်းက ဆေးခန်းမပြခင် ဖြစ်နေတဲ့မျက်နှာပေါ့။ "After 6 months"ဆိုတာက ဆရာဝန်ပေးတဲ့ ဆေးအပြင်းစားကြီးတွေကို နှုတ်ခမ်းကွဲခံ၊ အသားခြောက်ခံ (၆)လသောက်ပြီး တိုးတက်လာတဲ့ မျက်နှာ။ အဲ့တုန်းကတော့ အရမ်းပျော်ခဲ့တာပေါ့။ ဖြစ်ချင်တော့ အဲ့ဒီဆေးကို (၉)လ (၁၀)လလောက် သောက်ပြီး ရပ်လိုက်တာနဲ့ "Before"ပုံအတိုင်းကို ပြန်ဖြစ်သွားတော့တာပဲ။

လွန်ခဲ့တဲ့(၄)နှစ်က ပုံများ...

အဲ့ဒါနဲ့ နောက်တစ်ခေါက်ဆေးခန်းထပ်သွား ထပ်ပြ.. ဆရာဝန်က ဒီဆေးပဲ ပြန်ပေးတယ်။ အဲ့ဆေးအပြင်းစားကြီးကိုပဲ ဒုတိယအကြိမ်ထပ်သောက်တယ်။ ပျောက်တယ်။ ရပ်လိုက်တာနဲ့ ပြန်ဖြစ်တာပဲ။ နောက်ဆုံး မသောက်တော့ဘူး ဆေးခန်းလည်း မပြတော့ဘူး ၀က်ခြံနဲ့ပက်သက်ရင် ဘာမှကိုမလုပ်တော့ဘူးဆိုပြီး ပစ်ထားလိုက်မှပဲ သူ့ဟာနဲ့သူ ကောင်းသွားတော့တာပဲ။ တစ်ခုရှိတာက ဆေးရပ်လိုက်တဲ့အချိန်မှာ ကန်ဒီ Vegetarian စ ဖြစ်နေပြီ... သုံးလလောက်နေတော့ နို့ထွက်ပစ္စည်းတွေပါ ဖြတ်ပြီး Vegan ဖြစ်သွားတယ်။ ဒါက ၀က်ခြံကြောင့် တမင်ရှောင်တာ မဟုတ်ဘူးနော်။ အကြောင်းဖန်လာတာကို ပြောပြတာ။ စ,စခြင်းမှာ သိပ်မသိသာဘူး.. ခုလို နှစ်နှစ်လောက်ကြာတော့ အသားအရည်အပြောင်းအလဲက အရမ်းသိသာလာတယ်။ ဒီလိုပြောလို့ ၀က်ခြံလုံးဝမထွက်တော့တာလားလို့ မေးရင် မဟုတ်ဘူး.. ထွက်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)နှစ်က "Before"ပုံစံ အခြေအနေအထိ မရောက်သွားတော့ဘူး။ အဲ့ဒါကိုပဲ ကျေနပ်နေတယ်ဆိုပါတော့။ 

ကန်ဒီအဓိကပြောပြချင်တာက အသားအရည် ၀က်ခြံဆိုတာ ကိုယ်စားတဲ့အစားအစာပေါ်မှာလည်း အများကြီးမူတည်တယ် ဆိုတာကိုပါ။ ကိုယ်တွေ့မို့ အံလည်း အံသြရတယ်။  နောက်ပြီး ၀က်ခြံပေါက်တယ်ဆိုပြီး အဲ့ဒီအပေါ် အရမ်း Stress မထားပါနဲ့.. မေ့မေ့ပျောက်ပျောက်ထားလိုက် သူ့ဟာသူပျောက်သွားလိမ့်မယ်။ သွားပြီး အဲ့ဒီအပေါ် Stress များနေမှ Stress ကြောင့် ၀က်ခြံပိုပေါက်မယ်။ နောက်တစ်ချက်က မျက်နှာသစ်ဆေး... အရမ်းအရေးကြီးတယ်။ ၀က်ခြံထွက်တဲ့အသားအရည်အတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေ လုံးဝမသုံးပါနဲ့.. အဲ့ဒါတွေက အသားအရည်ကို ခြောက်သွေ့စေပြီး အဆီပိုပြန်၊ ၀က်ခြံပိုထွက်တတ်ပါတယ်။ ကိုယ့်အသားအရည်ကို ပုံမှန်လို့ပဲ သဘောထား.. Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးလေးတွေ ရွေးသုံး.. အသားအရည်က သူ့ဟာသူ တိုးတက်လာပါလိမ့်မယ်။

ဒါကတော့ ၀က်ခြံနဲ့ ပက်သက်ပြီး Skin update နဲ့ ကန်ဒီ့အတွေ့အကြုံအရ Tips လေးတွေပါ။

အားလုံးပဲ Good Night ပါနော်^

Christmas Party @ Work

$
0
0
အားလုံး မင်္ဂလာပါနော်..
ဒီဇင်ဘာဆိုတာ ကန်ဒီတစ်ယောက် အလုပ်ရှုပ်တဲ့လဆိုလည်း မမှားပါဘူး။ Christmas ဆို အလုပ်က လူတိုင်းကို ကန်ဒီက လက်ဆောင်လေးတွေ ပေးတတ်တော့ အဲ့ဒါအတွက် Shopping ထွက်ရတယ်။ Goodies Bag လေးတွေအတွက် Snacks လေးတွေ ၀ယ်ရတယ်။ လက်ဆောင်လှလှလေးဖြစ်အောင် ထုတ်ရတယ်။ Note လေးတွေ ရေးရတယ်။ အဲ့ဒါတွေနဲ့ အလုပ်ရှုပ်နေတာ နောက်လကုန်မှာလာမယ့် စာမေးပွဲအတွက် စာတောင် မကြည့်ရသေးဘူး ဟဟ



ဒါတွေအားလုံးက Vegan Snacks တွေဆို ယုံမလား?! Cookies တွေမှာတောင် နို့နဲ့ကြက်ဥ မပါဘူး။ Fair Price မှာတင် ၀ယ်လို့ရတယ်။ အဲ့လောက် ခက်ခက်ခဲခဲကြီး ရှာစရာမလိုဘူး။ လက်ဆောင်ထုပ်လေးတွေထဲ ထည့်ဖို့လေ။ တခြားလက်ဆောင်အနေနဲ့ဆို Body Shop က Hand cream လေးတွေ၊ Shower Gel လေးတွေ၊ Body Lotion လေးတွေ ၀ယ်တယ်။ ဆံပင်ရှည်တဲ့သူအတွက်ဆို ခေါင်းစည်းကြိုးလေးတွေ၊ ယောက်ျားလေးတွေအတွက်ဆို Key cover လေးတွေလည်း Online က ၀ယ်ဖြစ်တယ်။ 


အားလုံး Pack ပြီးတော့ ဒီလိုလေးတွေပေါ့။ လှမှလှနော်။ အလုပ်မှာ Christmas Party လုပ်တဲ့ ပြီးခဲ့တဲ့သောကြာနေ့က အဲ့ဒါတွေအကုန်ယူသွား၊ သူတို့မလာခင် သူတို့ Locker တွေထဲထည့်၊ ဒီလိုအချိန်မျိုးဆို အဲ့လိုလုပ်ရတာကို ပျော်တာလေ။ Christmas Party က ပုံလေးတွေလည်း တင်ဦးမယ်။


Organizer က အားလုံးအတွက် Pizza မှာပေးတယ်။ ကန်ဒီက ကန်ဒီ့အတွက် သက်သတ်လွတ်သီးသန့်လုပ်ပေးစရာမလိုဘူး ပြောထားတာတောင် တစ်ယောက်က Indian spices တွေနဲ့ Quinoa ချက်လာပေးတယ်။ နောက်တစ်ယောက်က Pumpkin Salad လုပ်လာပေးတယ်။ Salad ထဲမှာ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားသီး၊ ဆလတ်ရွက်၊ အသားတု.. စုံနေတာပဲ၊ Salad Dressing မပါဘဲကို ချိုပြီး စားကောင်းနေတာ။ ကန်ဒီကတော့ Vegan Pizza အကြီးတစ်ချပ် ၀ယ်သွားတယ်။ ကိုယ့်အတွက်ရော.. သူများတွေကိုပါ Try စေချင်လို့လေ။ 

သက်သတ်လွတ်ပီဇာ (Vegan Pizza)

Pumpkin Salad

Quinoa

Fruits


အလုပ်ပြီးတဲ့အချိန်လုပ်တာဆိုတော့ ဗိုက်ဆာဆာနဲ့စားတာ အလုပ်ကလူတွေနဲ့ ဓာတ်ပုံတောင် သေချာမရိုက်လိုက်ရဘူး။ အစားအသောက်ပုံတွေပဲ ပါလာတယ် ဟဟဟ။ အဲ့နေ့က အပျော်ဆုံးကတော့ ကန်ဒီတို့ Clinic Pharmacy Manager ဆီက လက်ဆောင်ရတာကိုပဲ။ ကိုယ့်ကို လက်ဆောင်ပေးဖို့ သတိရတယ်ဆိုကတည်းက သူ့စိတ်ထဲ ကိုယ်ရှိတယ်လို့ ယူဆရတယ်လေ။ ကိုယ့်ကြိုးစားမှုတွေကို အသိအမှတ်ပြုတယ်ဆိုတဲ့သဘောလည်း သက်ရောက်တယ်။ 

အဲ့နေ့ကရတဲ့ လက်ဆောင်လေးတွေ..

Present from Boss



စာရေးတဲ့အချိန်တွေမှာရော၊ မရေးတဲ့အချိန်တွေမှာပါ လာလည်ကြတဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်နော်..
Merry Christmas To You All :D

Secret Revealed

$
0
0
အားလုံးပဲ Happy New Year ပါဗျို့...
ညီမလေးဆီက Christmas လက်ဆောင်အနေနဲ့ ကန်ဒီလိုချင်နေတဲ့ Tarte Facial Oil လေး ရတယ်။ သူနဲ့ညစာစားဖြစ်ကြတဲ့နေ့က ပုံလေးပါ။ မတွေ့တာအတော်ကြာပြီး စကားပြောဖြစ်ကြတော့ သူတို့လင်မယားနှစ်ယောက် Canadian PR လျှောက်ဖို့ ကြိုးစားနေကြတယ်လို့ ပြောပြလာတယ်။ အမေတို့ကိုပြောပြတော့ အမေတို့က စိတ်မကောင်းတဲ့ပုံပဲတဲ့။ စဉ်းစားဦးလို့ ပြောတယ်တဲ့။ သူက ကန်ဒီတို့ ညီအစ်မတွေထဲမှာ အသွက်ဆုံး.. (၁၀)တန်းဖြေပြီးကတည်းက စင်္ကာပူကို တစ်ယောက်တည်းလာ ကျောင်းတက်တာ။ ခုလည်း Canada ကို Move ဖို့ ကြိုးစားနေလေရဲ့.. ကန်ဒီကတော့ သူနဲ့ဆန့်ကျင်ဘက်။ ဘယ်တော့မြန်မာပြည်ပြန်ရမလဲ ချောင်းနေတဲ့သူ ဟဟဟ

အရင်က ကန်ဒီကိုယ်တိုင်လည်း မြန်မာပြည်ပြန်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ဒီမှာက ကိုယ့်အတွက်အစစအရာရာ အဆင်ပြေပြီး နေသားလည်းကျနေပြီ။ မြန်မာပြည်မှာမရနိုင်တဲ့ လစာမျိုးလည်းရတယ်။ ကိုယ်လုပ်ချင်တဲ့ပရဟိတအလုပ်လေးတွေလည်း လုပ်ခွင့်ရတယ်။ မိဘဆီက ပိုက်ဆံလက်ဖြန့်တောင်းစရာမလိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ်ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တာက အဖေနဲ့အမေ။ ခုချိန်မှာ သူတို့အသက်က(၆၈)နှစ်ထဲ ၀င်နေပြီ။ သားသမီးတွေအနားမှာနေပြီး ပြုစုသင့်တဲ့အရွယ်ရောက်နေပြီ။ ဒီတော့ ကိုယ့်တကိုယ်ကောင်းစိတ်ကို စွန့်လွှတ်သင့်တဲ့အချိန်ရောက်ပြီလို့ ကန်ဒီထင်တယ်။ မိဘဆိုတာရှိတုန်းပဲ ပြုစုခွင့်ရှိတာမလား။ မိဘနဲ့ယှဉ်ရင် ကျန်တာတွေက ဘာမှအရေးမကြီးဘူးလေ။ ဆိုတော့ ကန်ဒီလာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရန်ကုန်အပြီး ပြန်ဖြစ်လိမ့်မယ်။


ဗုဒ္ဓဘာသာသင်တန်း ဆုပေးပွဲတုန်းက ပုံလေးတွေ မတင်ရသေးလို့ အမှတ်တရတင်ဦးမယ်နော်။ ဗုဒ္ဓဘာသာသင်တန်းက တစ်လခွဲလောက်ကြာတယ်။ ကန်ဒီရန်ကုန်ပြန်တာနဲ့ ဘာနဲ့ဆိုတော့ သေချာတောင် မကူညီဖြစ်ပါဘူး။ ဒီပြန်လာမှ သေချာပြန်ကူဖြစ်တယ်။ ဘုန်းဘုန်းကတောင် မခိုင်လေးတစ်ယောက်ပျောက်ချက်သားကောင်းနေတယ်တဲ့။ ရန်ကုန်နှစ်ပတ်ပြန်သွားလို့ပါဘုန်းဘုန်းလို့ ပြန်ပြောပြရတယ်။




ဆရာမတွေ ဓာတ်ပုံရိုက်..



ကိုယ်ပိုင်ကင်မရာမန်း ပါလာတော့ တစ်ယောက်တည်းပုံလေးတွေလည်းရိုက်.. ဟီးဟီး။ အားလုံးကို မပြောပြရသေးတဲ့ ကြီးကြီးမားမားကိစ္စတစ်ခုရှိတယ်။ အဲ့ဒါကတော့... လာမယ့်ဇွန်လမှာ ကန်ဒီမင်္ဂလာဆောင်တော့မယ်!! ရန်ကုန်မှာပဲ လက်မှတ်ထိုးပြီး ဘုန်းကြီးဆွမ်းကပ်မှာပေါ့။ အံသြသွားအောင် Surprise လုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်က အဲ့ဒီကိစ္စနဲ့ပက်သက်ရင် ပေါ်ပေါ်ထင်ထင်မပြောတတ်လို့ လျှိုသလိုဖြစ်သွားတာ။ ပြီးခဲ့တဲ့နှစ်တည်းက ဇွန်လကို မင်္ဂလာဆောင်ဖို့မှန်းထားလို့ ကြိုခွင့်တင်ထားတယ်။ အဲ့အချိန်က ကန်ဒီခုနေနေတဲ့အိမ် စာချုပ်ပြည့်တဲ့အချိန်လည်းဖြစ်တော့ သူ Move in လုပ်ရင်ပဲဖြစ်ဖြစ် အိမ်ပြန်အပ်ပြီး အိမ်အသစ်ရှာရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင်ပေါ့။ ကန်ဒီ့ အခန်းဖော်အစ်မကိုလည်း ကန်ဒီပြောပြထားပြီးပြီ၊ သူကလည်း အဆင်ပြေတယ်တဲ့။ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကိုလာနေဖို့ခေါ်နေတာ ကန်ဒီ့ကိုငဲ့ပြီး မပြောင်းဖြစ်တာတဲ့။ 

အဲ့လိုသေချာတွက်ချက်ထားတာတောင် အလွဲအချော်တွေက ဖြစ်လာတယ်။ ကန်ဒီတို့နဲ့နေနေတဲ့ ဟိုဘက်အခန်းကအစ်မတစ်ယောက်က ဒီမတ်လကုန်မှာပြောင်းမယ်တဲ့။ သူအလုပ်ပြောင်းတော့ အလုပ်နဲ့နီးတဲ့နေရာပြောင်းချင်တာပါ။ ဆိုတော့ အခုကန်ဒီတစ်ယောက် ဦးနှောက်ခြောက်နေတယ်။ လူအသစ်ရှာရအောင်လည်း ကန်ဒီတို့အိမ်ကဈေးကြီးတော့ လူရှာဖို့တော်တော်ခက်တယ်။ နောက်တစ်ချက်က ကန်ဒီမင်္ဂလာဆောင်ပြီးရင် ဒီအိမ်ကပြောင်းချင်ရင် ပြောင်းမှာဆိုတော့ Short-term ငှားမယ့်လူရှာမယ်ဆိုလည်း ခက်ပြန်ရော။ 

အမေတို့လာမယ့်ဧပြီမှာ ညီမလေးဘွဲ့ယူဖို့အတွက် လာဖို့ရှိတော့ အဲ့တစ်လကို ဘယ်သူ့မှမရှာဘဲ.. အမေတို့ကို လွတ်လွတ်လပ်လပ်ပေးနေလိုက်ဖို့ စဉ်းစားထားတယ်။ တစ်ယောက်စာ SGD 560 တော့ ကိုယ်ပဲပိုပေးပေါ့။ အဲ့ဒါပြီးရင်တော့ ဒီအိမ်ကိုအပ်ပြီး အိမ်အသစ်ပြောင်း.. လွတ်နေတဲ့ မေတစ်လအတွက်အဆင်ပြေအောင် မေလမှာအရင် စင်္ကာပူမှာ မင်္ဂလာဆောင်ရမယ့်ကိန်းရောက်နေတယ် >.<



ကိုယ်မှန်းထားတဲ့အတိုင်း မဖြစ်လာတော့ New Year ကြီးမှာ စိတ်တွေရှုပ်ပြီး တော်ပြီ.. အိမ်မှာမနေဘူး။ အပြင်ထွက် မုန့်သွားစားမယ်ဆိုပြီး Burger ဆိုင် ရောက်သွားတယ် ဟဟဟ။ အိမ်အသစ်ငှားပြီးရင်လည်း လူကထပ်ရှာရဦးမှာ.. လူမရရင် ကိုယ်အိတ်စိုက်ပေါ့။ အစစအရာရာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

အားလုံးပဲ ပျော်စရာနှစ်သစ်လေး ပိုင်ဆိုင်ကြပါစေ..

Yangon with Loves + Little Update

$
0
0
ဒီနေ့တော့ ကန်ဒီနဲ့ ရန်ကုန်တူတူပြန်ကြမယ်နော်။ လေယာဉ်က မနက်အစောကြီး.. (၇)နာရီ (၅၅)မိနစ် လေယာဉ်ဆိုတော့ အိမ်က (၆)နာရီမထိုးခင်လောက်ထွက်တယ်။ (၇)နာရီထိုးခါနီးလောက် လေယာဉ်ကွင်းရောက်တယ်။ Check in ၀င်တာနဲ့ဘာနဲ့ဆိုတော့ ကွက်တိပဲလေ။ 




စာအုပ်လေးဖတ်လိုက်.. လေယာဉ်ပေါ်ကကျွေးတဲ့ မနက်စာလေးစားလိုက်.. ဇိမ်ပေါ့။ လေယာဉ် Booking လုပ်ကတည်းက မနက်စာကို Vegan Meal Request လုပ်ထားတော့ ပိုပြီးအဆင်ပြေတယ်။ ပဲနို့၊ အာလူးကတ်တလိတ်၊ သူတို့ပေးတဲ့ Butter က အစ နွားနို့ကလုပ်တာမဟုတ်တဲ့ Vegan Butter.. Singapore Airline ကို အဲ့တစ်ခုနဲ့တင် အရမ်းသဘောကျတယ်။ အဲ့လို Request လုပ်လို့လည်း Extra Charge မပေးရဘူး။ Online မှာ Meal ကို သွားပြောင်းလိုက်ရုံပဲ။


လေယာဉ်က (၂)နာရီ(၄၅)မိနစ်လောက် စီးရတယ်။ ရန်ကုန်ကို ရန်ကုန်အချိန် (၉)နာရီခွဲလောက်ရောက်တယ်။ နေ့လည်စာကို အမေက ရှယ်ချက်ကျွေးတယ်။ အိမ်ပြန်ရောက်ရင် မပါမဖြစ်ဟင်းကတော့ မန်ကျည်းရွက်သုပ်.. သူ့သမီးစားရအောင်ဆိုပြီး အမေက အိမ်က မန်ကျည်းပင်တွေကို အရွက်သတ်ထားတာ။ ကန်ဒီလာတဲ့အချိန်ကျ အရွက်နုနုလေးတွေ ထွက်နေပြီလေ။ သုပ်စားလို့ အရမ်းကောင်းပဲ။ သီးစုံပဲကုလားဟင်းပါတယ်.. ပဲပိစပ်ချက် ပါတယ်.. ကင်းမုံရွက်ကြော်နဲ့ ချဉ်ပေါင်ကြော်ပါတယ်။ အားလုံးသက်သတ်လွတ်..



တူအငယ်လေးကို အပြင်မှာမမြင်ရသေးဘူးဆိုတော့ အပြေးအလွှားသွားကြည့်ရတယ်။ အသားဝါတာနဲ့မီးပြထားလို့ အသားညိုနေတာ.. ညိုချောလေးပေါ့ ဟဟ။ ဒါ ကန်ဒီ့ဝမ်းကွဲအစ်ကိုလေးရဲ့သားလေး။ အားချစ်လေးလို့ ခေါ်တယ် လောလောဆယ်တော့။ နာမည်မပေးရသေးလို့။ 



ဒါကတော့ ညီမအရင်းခေါက်ခေါက်ကမွေးတဲ့ တူအကြီး ဥာဏ (ခေါ်) အားပုလေး.. တစ်နှစ်ခွဲရှိပြီ။ စကားတော့ မပြောသေးဘူး။ စကားသာမပြောတာ.. သူအကုန်သိ။ အမေတို့ အလုပ်ရှုပ်နေတယ်ဆိုတာ သူ့ထိန်းနေလို့လေ ဟဟ။ သူ့အဖေနဲ့အမေက အဲ့အချိန်က ဖောင်ကြီးတက်နေကြတယ်။ ကလေးကို အမေတို့ဆီပို့ထားတယ်။ ခုလည်း အိမ်မှာပဲ များပါတယ်။ သူ့အဖေနဲ့အမေက ဆရာဝန်တွေ.. ဆေးရုံမှာအလုပ်လုပ်တယ်။ ဆေးရုံဆိုတဲ့အတိုင်း Shift နဲ့အလုပ်ဆင်းရတော့ ကလေးက အဘိုးအဘွားအိမ်မှာနေတာများတယ်။ 



ရန်ကုန်မှာရှိသော တစ်ဦးတည်းသော သူငယ်ချင်း ငါးဖယ်ဟင်းနဲ့ သွားတွေ့.. ရန်ဂွတ်စ်ဆိုင်ကို သူ့လိုက်ပို့ခိုင်း.. ကြိုက်လို့လေ.. အဲ့လို Vintage Design လေးတွေ။ အဲ့အိတ်လေးဝယ်ခဲ့တယ်။ ပြီးခဲ့တဲ့ပိုစ့်မှာ မြန်မာအကျီလေးနဲ့လွယ်ထားတာ အဲ့အိတ်လေး :D



ရန်ကုန်မနက်ခင်းတွေကတော့ ဒီလိုပေါ့။ ဒန်းပေါ်မှာ Matcha Tea လေးသောက်.. စာအုပ်ဖတ်။ ကလေးထိန်း။ အမေက မှိုတွေပေါက်နေပြီ။ ဓာတ်ပုံလာရိုက်ဦးဆိုတာနဲ့ သစ်တုံးပေါ်မှာ ပေါက်နေတဲ့မှိုကို ဓာတ်ပုံသွားရိုက်။ နေ့ခင်းကျတော့ အဲ့မှိုတွေကို သုပ်စားတယ် ဟဟဟ



နောက်ရန်ကုန်မှာ ဘာတွေလုပ်သေးလဲဆိုတော့... မင်္ဂလာဆောင်ဖို့ခန်းမ Booking လုပ်တယ်။ မင်းကွန်းတိပိဋက နိကာယ ကျောင်းမှာ။ မင်္ဂလာဆောင်ကို ဘာမှကြီးကြီးကျယ်ကျယ်မလုပ်ဘူး.. ဘုန်းကြီးပဲ ဆွမ်းကပ်မယ်လို့ အမေ့ကိုပြောတာ။ အမေက ဘုန်းကြီးဆွမ်းကပ်မယ်ဆိုလည်း မင်းကွန်းတိပိဋကမှာတော့ လုပ်ပါတဲ့။ တင့်တင့်တယ်တယ်လေး ဖြစ်တယ်တဲ့။ သူပဲ ရွေးတာ။ ခန်းမက ရွှေရတုခန်းမကြီးကို (၄)သိန်း။ ဓာတ်ပုံ၊ ဗွီဒီယိုအတွက်လည်း သူတို့မှာအဆင်သင့်ရှိပြီးသား.. (၁၈၀၀၀၀)ကျပ်က စရှိတယ်။ တခါတည်းအဆင်ပြေသွားတာပေါ့။ အစားအသောက်က ဘာကျွေးမှာလဲဆိုတာ နီးမှသွားပြောလို့ရတယ်။ အမေက ကိုယ်သက်သတ်လွတ်စားပေမယ့် မင်္ဂလာဆောင်တော့ အများစားနိုင်အောင် ပုံမှန်ပဲလုပ်ပါဆိုလို့ အမေ့စကားနားထောင်လိုက်တယ်။ 

Pre Wedding Photo ကို အစက မရိုက်တော့ဘူး လုပ်ထားပေမယ့် နောက်တော့ အမှတ်တရဖြစ်အောင် ရိုက်လိုက်ပါမယ်ဆိုပြီး အဲ့ဒါလည်း Booking လုပ်ဖြစ်တယ်။ ၀တ်စုံ(၂)စုံပဲ (၃)သိန်းခွဲ.. "My Dream"မှာ။ မင်းကွန်းတိပိဋကကျောင်းက အစ်ကိုကြီးညွှန်လိုက်တာ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တာ နှစ်ယောက်တူတူ အဲ့ဒါတွေလုပ်ဖို့.. ဖြစ်ချင်တော့ သူကအလုပ်ပြောင်းတာနဲ့ ခွင့်ယူလို့မရဘဲ ကန်ဒီတစ်ယောက်တည်း အမေတို့နဲ့ အဲ့ဒါတွေ အကုန်လုပ်လိုက်တယ် ဟဟ။ သူက အားလုံးကန်ဒီ့သဘောဆိုတော့လည်း ပြီးရောပေါ့ xD

ကန်ဒီပြီးခဲ့တဲ့ပိုစ့်မှာ ပြောပြထားတဲ့ အိမ်ကိစ္စပြဿ    နာလေ။ အမေ့ကိုတိုင်ပင်တော့ အမေက အဲ့ကိစ္စကြောင့်တော့ စင်္ကာပူမှာအရင်မင်္ဂလာမဆောင်ရဘူးတဲ့။ သူရွေးထားတဲ့ ဇွန်လ(၁)ရက်ကပဲ အတည်တဲ့။ အခန်းလူမရှိလို့ လွတ်နေတဲ့နှစ်လစာကို ကိုယ့်အိတ်စိုက်တဲ့။ အဲ့ဒါနဲ့ ဟုတ်ကဲ့ပေါ့.. အမေတို့က အဲ့လိုဖြစ်စေချင်တော့ စကားနားထောင်တယ်လေ။ အသက်ကြီးလာတော့ မိဘစိတ်ချမ်းသာဖို့က နံပါတ်(၁)ဖြစ်လာတယ်။ ငယ်ငယ်ကဆို အမေက ဆံပင်မညှပ်သေးနဲ့ဦးပြောရင် ကိုယ့်ဟာကိုယ်ဆိုင်မှာသွားညှပ်ပြီး မိဘစိတ်ကသိကအောက်ဖြစ်အောင် လုပ်ခဲ့တာမျိုး.. ဆိုးခဲ့ ခေါင်းမာခဲ့တာလေ။ ခုတော့ လိမ္မာသွားပြီ။

ဖြစ်ချင်တော့ မတ်လမှာပြောင်းမယ်ဆိုတဲ့အစ်မက မေလကုန်ကျမှာပြောင်းမယ်ဆိုပြီး မနေ့ကပြောလာတယ် ဟဟဟ။ အဆင်ပြေချင်တော့ သူ့ဟာသူကို ဖြစ်သွားတာ။ ကိုယ်လည်း ဘာမှမလုပ်ရဘူး။ ကံကောင်းတယ်ပဲ ပြောရမှာပေါ့။ မဟုတ်ရင် တစ်လကို SGD 560နဲ့ နှစ်လစာဆိုတော့ (၁၀)သိန်းကျော်လောက်က ဘာမှမလုပ်ရပဲ ပလုံအုန်းမယ်။ အဲ့ဒီ Update လေး ပြောပြရင်းနဲ့ ဒီရန်ကုန်ပိုစ့်လေး ရေးဖြစ်တာ။ ဒီလကုန်မှာ အလုပ်က စာမေးပွဲရှိတယ်။ စာကြည့်ရမယ်။

Good Night^^

မွန်တို့ဌာနေ

$
0
0
မနေ့ကပဲ ကန်ဒီ့ Clinical Training Course စာမေးပွဲပြီးလို့ လွတ်လပ်ရေးရနေတယ်လေ။ အမှတ်ပြည့်မရမှန်းသိလို့ စိတ်ထဲမှာတော့ သိပ်မကျေနပ်ဘူး။ ဒါပေမယ့် ပြီးခဲ့တာတွေလည်း ပြီးပြီမို့ စိတ်ထဲမထားတော့ပါဘူး ဟဟ။ စာကိုအဲ့လောက်လောဘကြီးမှန်း ကိုယ့်ကိုကိုယ်တောင် သတိမထားမိခဲ့ဘူး။ အသက်ကြီးလာလေ ပိုလောဘကြီးလာလေပဲ။ သိချင်တာတွေ များနေတာလေ။

နောက် ဘာဆက်ရှိသေးလဲဆိုတော့ မတ်လဆန်းမှာ Presentation တစ်ခုလုပ်ဖို့ ရှိတယ်။ Ischaemic Stroke ဆိုတဲ့ Topic ကို ရွေးထားတယ်။ မြန်မာလိုဆိုရင်တော့ ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ ကုသမှုပေါ့။ သူတို့ရွေးချယ်ခွင့်ပေးထားတဲ့ Topics တွေထဲမှာဆို ကန်ဒီပိုင်တဲ့ Depression စိတ်ကျရောဂါနဲ့ ကုသမှုအကြောင်းကို ရွေးလို့ရတယ်။ စိတ်ကျရောဂါနဲ့ပက်သက်လို့ ကန်ဒီ Clinical Bulletin လည်းလုပ်ဖူးတယ်၊ ဆေးတစ်မျိုးအကြောင်းကိုလည်း သီးသန့် Presentation လုပ်ထားဖူးတယ်။ အဲ့ဒါရွေးရင် ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးပဲ၊ ဘာမှတောင်တကူးတကပြင်ဆင်စရာ မလိုဘူး။ ဒါပေမယ့် ကန်ဒီဆိုတော့ သိတဲ့အတိုင်း.. လွယ်တာဆို မလုပ်ချင်ဘူးလေ။ နည်းနည်းလေးတော့ အဒွန့်တက်လိုက်ရမှလေ.. သိတာကိုလုပ်ရင် မတိုးတက်ဘူး၊ ကိုယ်မသိတာလုပ်မှ သိမှာဆိုပြီး ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ကုသမှုကို ရွေးလိုက်တယ်ပေါ့ ဟဟ။ ကန်ဒီနဲ့ တော်တော်စိမ်းတဲ့ Topic မို့ တော်တော်တော့ စာဖတ်ယူရမယ်။ Prepare လုပ်ဖို့ တစ်လအချိန်ရတယ်ဆိုတော့ ဒီရက်ပိုင်းလေးတော့ ခဏလေး နားလိုက်ဦးမယ်။


အလုပ်မှာ Yuri ဆိုတဲ့ သူငယ်ချင်းမလေး အလုပ်ထွက်လို့ သူနဲ့နောက်ဆုံး အမှတ်တရ... ကိုယ့်အလှည့်ကတော့ နောက်(၂)နှစ်ကျော်လောက်နေရင်ပေါ့။ ကိုယ်အရမ်းချစ်တဲ့ ဒီအလုပ် ဒီ Profession ကို စွန့်လွှတ်ရမှာ တွေးကြည့်ရင် ဘယ်လိုမှ မခံစားနိုင်သေးဘူး။ ဒါပေမယ့် ကန်ဒီပြောခဲ့သလိုပဲ မိဘသည်သာ ပထမဦးစားပေး ဖြစ်ရမယ်လေ။ ကြုံတုန်းမြန်မာပြည်ပြန်တုန်းက မိသားစုနဲ့ မော်လမြိုင် စက်စဲဘက် သွားလည်ခဲ့တဲ့ ပုံလေးတစ်ချို့တင်ဦးမယ်။






တစ်နှစ်တစ်ခေါက်ပြန်တိုင်း အဖေနဲ့အမေတို့ တဖြည်းဖြည်းအိုမင်းလာတာ သတိထားမိလာတယ်။ ခုချိန်ထိ သွားနိုင်လာနိုင်နေသေးလို့ ကျေးဇူးတင်မဆုံးဘူး။ မော်လမြိုင်က Cinderella ဆိုတဲ့ Hotel လေးမှာတည်းတာ အရမ်းအဆင်ပြေတာပဲ။ Service အရမ်းကောင်းတယ်။ ဟိုတယ်ရဲ့အပြင်အဆင် မြန်မာမှုလက်ရာလေးတွေကိုလည်း အရမ်းသဘောကျတယ်။ အဲ့ဒီဟိုတယ်လေးကို Recommend လုပ်တယ်။



စက်စဲမှာ တည်းတဲ့ဟိုတယ်ကတော့ ပြောမနေပါနဲ့တော့.. တော်တော်ဆိုးဆိုးပဲ။ Service အရမ်းညံ့တယ်။ ဟိုတယ် Restaurant မှာ ညစာစားနေတာကို ကိုယ်တွေစားတဲ့ Table ရဲ့မီးကို မပြောမဆိုနဲ့ ပိတ်တယ်။ မေးကြည့်တော့ အဲ့ Table ရဲ့မီးကို ပိတ်ရမှာမို့ဆိုပဲ အဲ့ဒါနဲ့ Table ပြောင်းထိုင်ပေးရတယ်။ နောက် သူတို့ဆီက ရေညှိသုပ်တွေစားပြီး ကန်ဒီတညလုံးအန်တာလေ မအိပ်ရဘူး... ခရီးတလျှောက်လုံးလည်း အန်တယ်။ ရန်ကုန်ပြန်ရောက်မှပဲ ကောင်းသွားတော့တယ်။

ကဲ.. ည(၁၁)နာရီလဲကျော်ပြီမို့ အိပ်တော့မယ်နော်..
Good Night^^

My Thoughts and Reading on Supplement

$
0
0
အားလုံးပဲ မင်္ဂလာပါရှင်..
ဒီနေ့ ကန်ဒီရေးချင်တဲ့အကြောင်းအရာလေးကတော့ Vitamin & Supplement တွေအကြောင်းပါ။ ဒီရက်ပိုင်း ကန်ဒီတွေးဖြစ်တာလေးတွေနဲ့ ဖတ်ဖြစ်တဲ့စာလေးကို Share သွားမှာမို့ ပျင်းစရာပိုစ့်တစ်ပုဒ် ဖြစ်နေနိုင်ပေမယ့် ဖတ်မိတဲ့သူတွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပါတယ်။


ကန်ဒီ ခေါင်းလျှော်ရင် ဆံပင်တွေအရမ်းကျွတ်လို့ Vitamin တွေ ဘာတွေများ ချို့တဲ့နေလို့လားဆိုပြီး လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်က Hair, Nail and Skin Vitamin ဆိုတာလေး ၀ယ်သောက်ဖြစ်ပါတယ်။ ကန်ဒီ Biotin ပါတဲ့ ခေါင်းလျှော်ရည်သုံးတာ ဆံပင်ကျွတ်တာသက်သာစေတော့ Biotin ပါတဲ့ Vitamin ဆိုတော့ ပိုများသက်သာမလားလို့ လှချင်ရဲ့စက်စက်ယိုဖြစ်ပြီး စမ်းသောက်ကြည့်တာပါ။ ဖြစ်ချင်တော့ အဲ့ဒါသောက်ပြီး ကန်ဒီဝက်ခြံတွေ ထွက်လာတယ်လေ။ စ,စချင်းတော့ သတိမထားမိဘူး။ ရာသီလာခါနီးပေါက်တဲ့ Hormone ကြောင့်ဖြစ်တဲ့ ၀က်ခြံပဲထင်တာ.. နှာခေါင်းနဲ့နားထင်မှာလာပေါက်မှ သတိထားမိတာ.. ဟော်မုန်းကြောင့်ပေါက်တဲ့ဝက်ခြံတွေက မေးရိုးတစ်လျှောက်ပဲပေါက်တာလေ။ နှာခေါင်းမှာလာပေါက်မှ တစ်ခုခုတော့ မှားနေပြီဆိုတာ သတိထားမိပြီး အဲ့ဒီ Vitamin သောက်တာကို ရပ်လိုက်တယ်။ ဒါက ကန်ဒီ့ ဒီပိုစ့်ဖြစ်လာရခြင်းရဲ့နိဒါန်း..

ပုံမှန်လူတစ်ယောက်ဟာ တနေ့ကိုဆံပင် အပင်(၁၀၀)လောက်ကျွတ်တာ ပုံမှန်ပဲလို့ ဖတ်ဖူးတော့ ခေါင်းလျှော်တဲ့အချိန်လေး ကိုယ်ဆံပင်ကျွတ်တယ်ဆိုတာ ပုံမှန်ပဲလို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် သိတယ်မလား စန်းစန်းတင့်ဖြစ်ပြီး Vitamin တွေ ၀ယ်သောက်တာလေ။ နောက်မှပြန်စဉ်းစားမိတာလေးက ကိုယ့်ကိုကိုယ် Vitamin ချို့တဲ့တယ်ထင်ရအောင် ကိုယ်အခုစားနေတဲ့စားသောက်ပုံက အရင်ကနဲ့ယှဉ်ရင် အများကြီးကျန်းမာရေးနဲ့ ညီညွတ်တာမျိုး။ အရင် အသားစားတုန်းကလည်း Vitamin မသောက်ခဲ့ဖူးဘူး။ အဲ့တုန်းကဆို အခုလောက်တောင် အသီးအရွက်တွေ မစားဘူး။ Vitamin တွေ Mineral တွေဆိုတာက အသီးအရွက် အစိမ်းရောင်ရှိတဲ့အရွက်တွေမှာ ပိုများတယ်လေ။ အခုက အသီးအရွက်တွေကို အရင်ကထက် (၃)ဆ (၄)ဆလောက် စားနေတာလေ။ အဲ့တော့ အဲ့ဒါသောက်တာကို မလိုအပ်ဘူးထင်လို့ ရပ်လိုက်တယ်။ ကန်ဒီသောက်နေကျ Vitamin B12 ကတော့ အသီးအနှံကမရနိုင်တဲ့ Vitamin မို့ အဲ့ဒါလေးတော့ သောက်နေသေးတယ်။ Vitamin B12 အကြောင်း နောက်မှပိုစ့်တစ်ပုဒ် သက်သက်ရေးချင်သေးတယ်။


ကဲ.. ကန်ဒီ့ရှည်လျားထွေပြားတဲ့ နိဒါန်းလေးပြီးသွားပြီမို့ Supplement နဲ့ပက်သက်ပြီး ကန်ဒီဖတ်ဖြစ်တဲ့စာလေးတွေ မျှဝေချင်ပါတယ်။ (၄၀)ရာခိုင်နှုန်းသော US population ဟာ ပိုက်ဆံတွေအကုန်အကျခံပြီး Supplement တွေ ၀ယ်သောက်နေကြပါတယ်တဲ့။ ကိုယ့်ရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ကိုယ်သိတဲ့ဘယ်နှစ်ယောက်ကများ Vitamin Deficiency ဖြစ်နေပါသလဲ?? ဘယ်နှစ်ယောက်ကများ အသားဓာတ် ချို့တဲ့မှု ဖြစ်နေပါသလဲ?? ကန်ဒီ့ပတ်ဝန်းကျင်မှာတော့ တစ်ယောက်မှ မရှိပါဘူး။ ဒီတစ်ခါပြောင်းပြန်ပြန်မေးရရင် ကိုယ်ရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ကိုယ်သိတဲ့ဘယ်နှစ်ယောက်ကများ အာဟာရတွေချို့တဲ့တာမဟုတ်ဘဲ ပိုလျှံနေပါသလဲ.. ဥပမာ Cholesterol, Fat, Protein & Calories?? အဖြေကတော့ တော်တော်များများတွေ့ရတာပါပဲ။ ဒါ Dr. McDougall က သူ့ရဲ့ Supplement ဆောင်းပါးမှာ မေးထားတဲ့ မေးခွန်းလေးပါ။
"Doctors who prescribe supplements are practicing “faith-based medicine.” They must believe, because there is no good evidence supporting their actions—no valid research to guide them and no patient results to reward them."
Supplement တွေနဲ့ပက်သက်ပြီး ခိုင်မာတဲ့ Research တွေလည်း မရှိသေးပါဘူး။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin (၁၃)မျိုးထဲက (၁၁)မျိုးကို အပင်တွေ အသီးအရွက်တွေက ရနိုင်ပါတယ်။ မရနိုင်တဲ့နှစ်မျိုးကတော့ Vitamin D (နေရောင်ခြည်ကရတဲ့ Vitamin) နဲ့ Vitamin B12 (Bacteria တွေကရတဲ့ Vitamin)ပါ။ "The whole is much greater than a part"လို့လဲ ဆိုထားပါတယ်။ ဆိုလိုတာက မုန်လာဥနီကို စားလိုက်ခြင်းက အဲ့ဒီမှာပါတဲ့ Vitamin A ကို ဓာတ်ခွဲခန်းထဲမှာ သီးသန့်ထုတ်ယူပြီး ပြုလုပ်ထားတဲ့ဆေးကို သောက်ခြင်းထက် ပိုကောင်းပါတယ်တဲ့။ ထိုနည်းတူပဲ လိမ္မော်သီးတစ်လုံးစားလိုက်ခြင်းက Vitamin C ဆေးပြားသောက်ခြင်းထက် အကျိုးကျေးဇူးအများကြီးရစေတယ်လို့ ပြောချင်တာပါ။

တခါတလေမှာ Supplement တွေဟာ ကျန်းမာရေးကို ကောင်းကျိုးမပေးတဲ့အပြင် အာဟာရမညီမျှတဲ့ ဆိုကျိုးကိုပါ ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအဆိုအတွက် အကောင်းဆုံးဥပမာကို Dr. McDougall က Beta-carotene နဲ့ ပြထားပါတယ်။ Research Study တစ်ခုမှာ Beta-carotene ပါတဲ့ Diet ကို စားသုံးတဲ့လူတော်တော်များများမှာ ကင်ဆာဖြစ်နှုန်းနည်းပါးတယ်လို့ ရှာဖွေတွေ့ရှိကြပါတယ်။ ဒီလိုတွေ့ရှိတဲ့အခါ Beta-carotene ဆိုတဲ့အရာဟာ ကင်ဆာကို ကာကွယ်နိုင်တဲ့အရာဖြစ်နိုင်တယ်ဆိုပြီး စမ်းသပ်မှုတစ်ခုထပ်လုပ်ခဲ့ပါတယ်။ အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိတဲ့လူတွေကို ရွေးပြီး လူအုပ်စုနှစ်စုခွဲလိုက်ပါတယ်။ တစ်စုကို Beta-carotene Pill ကို တိုက်ပြီး နောက်တစ်စုကိုတော့ ဘာမှမတိုက်ပါဘူး။ မထင်မှတ်ထားတဲ့ ရလဒ်ကတော့ Beta-carotene Pill ကို သောက်တဲ့လူအုပ်စုမှာ ကင်ဆာဖြစ်မှုနှုန်းများတာပါပဲ။
"People who eat more fruits and vegetable have a lower risk of cancer. Beta-carotene is only found in plants, thus serves as a marker for the quantity of fruits and vegetables consumed. What is true is that a diet high in plant foods protects against cancer. The same effect does not carry over to consuming single nutrients, like beta-carotene. A pill is not a plant."
ပထမဆုံးတွေ့ရှိမှုမှာ Diet လို့ဆိုထားပါတယ်။ ဘာလို့ကင်ဆာဖြစ်မှုကိုနည်းပါးစေတာလဲဆိုတော့ အဲ့မှာပါတဲ့လူတွေက Beta-carotene ကို အသီးအနှံတွေက ရရှိပါတယ်။ ဒုတိယအကြိမ်စမ်းသပ်မှုမှာ Beta-carotene ချင်းတူပေမယ့် ရလဒ်မတူရတဲ့ အကြောင်းရင်းက သီးသန့်ထုတ်ယူထားတဲ့ဆေးကို တိုက်ကျွေးတာဖြစ်နေလို့ပါ။ အကြောင်းအရင်းကို ဆက်ရှင်းပြရရင် Beta-carotene ဆိုတာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အမျိုး(၅၀)သော Carotenoids အုပ်စုထဲက အမျိုးအစားတစ်မျိုးပါပဲ။ ကန်ဒီတို့ခန္ဓာကိုယ်မှာ Carotenoids ကိုလက်ခံတဲ့ Receptor ဆိုတာရှိပါတယ်။ ကန်ဒီတို့စားတဲ့ထဲမှာပါတဲ့ Carotenoids တွေဟာ ခန္ဓာကိုယ်ထဲရောက်တာနဲ့ သူ့အိမ်လို့ပြောလို့ရတဲ့ အဲ့ဒီ Carotenoid Receptor မှာသွားကပ်ပါတယ်။ ကန်ဒီတို့ အ၀ါ၊ လိမ္မော်ရောင်ရှိတဲ့ အသီးအရွက်တွေစားတဲ့အခါ သူ့ထဲမှာပါတဲ့ Beta-carotene အပါအ၀င် တခြားသော Carotenoids တွေဟာ အဲ့ဒီ Receptor လေးမှာ သွားကပ်ပြီး သူ့ရဲ့ကင်ဆာကာကွယ်စေတဲ့အကျိုးကို ပေးပါတယ်။ ဒါပေမယ့် ကန်ဒီတို့က Beta-carotene တစ်ခုတည်းကိုသာ ဆေးအနေနဲ့သွားသောက်တဲ့အခါ များစွာသော Beta-carotene တွေက အဲ့ဒါ Receptor သူ့အိမ်လေးကို သွားလုတဲ့အခါ တခြားအမျိုးအစား Carotenoids တွေက သူ့အိမ်မှာ သွားကပ်လို့မရတော့ပါဘူး။ အဲ့ဒီအခါမှာ အာဟာရမညီမျှမှုတွေ ဖြစ်စေပြီး ကင်ဆာကာကွယ်စေတဲ့ဆိုတဲ့ အကျိုးကို ယုတ်လျော့စေတာပါ။ ကန်ဒီမြန်မာလိုရှင်းပြတာ နားမလည်မှာစိုးလို့ Original ဆောင်းပါးလေးပါ တွဲထည့်ပေးမယ်နော်...

Beta-carotene is one of about 50 similar naturally occurring active substances in our diet classified as carotenoids. They are all especially abundant in yellow and orange fruits and vegetables. After nutrients enter cells they float around in the cell’s fluids (cytoplasm) until they attach themselves to the cellular machinery through a specific receptor, like a key fits into a lock. Beta-carotene and all of the other biologically active carotenoids must attach to these specific carotenoid receptors before they can function. When a cell is flooded with one kind of carotenoid, in this case beta-carotene after vitamin supplementation, then there is an overwhelming competition for the carotenoid receptor sites.9 The other 50 functional carotenoids are displaced by the beta-carotene from their cellular connections, creating deadly nutritional imbalances."

ကန်ဒီရေးတာတွေဖတ်ပြီး နည်းနည်းတော့ ခေါင်းမူးသွားမလား မသိဘူး။ ကိုယ်ကလည်း ကိုယ်ဖတ်ထားတာတွေ သိစေချင်တော့ အဲ့လိုရှုပ်တာတွေလည်း ရေးမိတယ် ဟဟ။ အဲ့ဒါကြောင့် Dr. McDougall က "Just to be on the safe side: Don't take Vitamin"ဆိုပြီး ပြောထားပါတယ်။

Random stuffs

$
0
0
ဒီနေ့ပိုစ့်ကတော့ ဘာမှထွေထွေထူးထူးရယ် မဟုတ်ပါဘူး။ ဒီရက်ပိုင်း လုပ်ဖြစ်တာလေးတွေနဲ့ ဓာတ်ပုံလေးတွေတင်ရုံပေါ့။ ကန်ဒီ့ Chinese New Year ပိတ်ရက်သုံးရက်ကတော့ အိမ်မှာ Presentation အတွက် ပြင်ဆင်နေတာနဲ့ ပြီးသွားတယ်။ နောက်ဆုံးရက် တနင်္ဂနွေနေ့ညနေမှ အပြင်ခဏထွက်ဖြစ်တယ်။



အဲ့(၃)ရက်စာဖတ်တာလည်း မပြီးသေးဘူး.. ဖတ်စရာတွေ ကျန်သေးတယ်။ အလုပ်ဖွင့်ရက်ကြတော့ ဟင်းချက်တာနဲ့ အလုပ်ပင်ပန်းတာနဲ့ စာမလုပ်ဖြစ်ဘူး။ Presentation က မတ်လ(၇)ရက်နေ့ဆိုတော့ သိပ်မလိုတော့ဘူး။ မနေ့က ကိုမျိုးမွေးနေ့.. သူနဲ့ပီဇာသွားစားတယ်။ ကန်ဒီစားလို့ရတဲ့ Vegan Pizza ပေါ့။ စင်္ကာပူမှာ ကန်ဒီသိသလောက် အဲ့တစ်ဆိုင်ပဲ ရှိသေးတယ်။





အလုပ်က Christmas Party တုန်းက ကန်ဒီပီဇာဝယ်သွားပေးတာ အဲ့ဆိုင်ကပေါ့။ Ice cream လည်း အရမ်းကြိုက်.. Loco Coco ဆိုတာ ငယ်ငယ်တုန်းကကျောင်းဆင်းရင် ၀ယ်ဝယ်စားတဲ့ အုန်းမွှေးလုံးအရသာ အတိုင်းပဲ။ အမှန်က လည်ချောင်းတွေယားပြီး ချောင်းဆိုးချင်နေတာ.. ဒါပေမယ့်လည်း မနေနိုင်ပါဘူး ရောက်တုန်းဆိုပြီး စားတာပဲ ဟဟဟ




သြော်မေ့နေတာ ကြည့်ဦး.. ကန်ဒီ Vegan Basic Baking Class သွားတက်မလို့ Register လုပ်ထားတာ ပြောပြမလို့။ တစ်ရက်ပဲ (၃)နာရီပဲ တက်ရမှာ... မတ်လထဲမှာ။ အဲ့ Class အကြောင်း Facebook မှာတွေ့တော့ အရမ်းစိတ်ဝင်စားတာ.. သိတဲ့အတိုင်း ပေါင်မုန့် ကိတ်မုန့်တော်တော်များများက ကြက်ဥ ထောပတ်တွေသုံးတော့ ကန်ဒီစားလို့မရဘူးလေ.. တခါတလေလေး စားချင်စိတ်ပေါက်ရင် ကိုယ်တိုင် Bake လုပ်ရတယ်။ ကန်ဒီလုပ်တတ်တာဆိုလို့ Banana Cake တစ်ခုပဲရှိတယ်။ ဒါကလည်း မမမိုးငွေ့သင်ပေးထားလို့.. နို့မို့ဆို မလုပ်တတ်ဘူး။ အဲ့ဒါနဲ့ သွားတက်ဖို့ ဆုံးဖြတ်လိုက်တာ.. သင်တန်းကြေးက SGD 100.. များတယ်လို့တော့ ပြောလို့မရပါဘူး။ ဒီမှာ အဲ့လို 1 Day Class လေးတွေလည်း အဲ့လောက်တော့ ပုံမှန်ပေးရတယ်။ Vegan Baking ဆိုတော့ အဲ့လိုသင်တန်းမျိုးက တွေ့ဖို့မလွယ်ဘူးလေ။ သူရေးထားတာတော့ နို့နဲ့ကြက်ဥအစား ဘာတွေသုံးနိုင်လဲဆိုတာမျိုးတွေပါ သင်ပေးမယ်ပြောတယ်။ အခုတည်းက စိတ်လှုပ်ရှားနေပြီ xD

အိပ်တော့မယ်နော်..

ဖျား

$
0
0
မနေ့ကပဲ ကန်ဒီ့ Presentation လေး ပြီးသွားတယ်။ တစ်ခုပြီးရုံလေးရှိသေးတယ် နောက်တစ်ခုလုပ်ဖို့ကို ဧပြီရွေးမလား.. မေရွေးမလားတဲ့။ ဧပြီလကတော့ သိတဲ့အတိုင်းမအားဘူးလေ။ သင်္ကြန်ဆိုတော့ အကတိုက်တာတွေ ဘာတွေနဲ့ရှုပ်နေတာ၊ ညီမလေးဘွဲ့ယူဖို့ အမေတို့လည်း လာမယ်။ မအားတော့ မေလပဲယူမယ်ပြောထားတယ်။ ဒီတခေါက် Topic က အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေအကြောင်း.. ကန်ဒီဘယ်ရောဂါအကြောင်းလုပ်ရမလဲတော့ မသိသေးဘူး။ အရိုးနဲ့ပက်သက်တာဆို ဂေါက်ရောဂါရှိမယ်၊ အရိုးပွရောဂါရှိမယ် စသဖြင့်... 

ဒီတခေါက် "Ischemic Stroke"ဦးနှောက်သွေးကြောပိတ်တဲ့ရောဂါအကြောင်း လုပ်လိုက်တာ ကိုယ်သိပ်မသိတဲ့အရာတွေ အများကြီးပိုသိသွားတယ်။ အကျိုးရှိတယ်။ ဖတ်ရတဲ့ Paper တွေလည်း မနည်းဘူးလေ။ ကိုယ်နဲ့စိမ်းတဲ့ Topic ဆိုတော့.. Challenge တစ်ခုပြီးသွားလို့ ကျေနပ်တယ်။ ကန်ဒီ့ Next Challenge က ဘာလဲဆိုတော့ ဒီမတ်လနဲ့ ဧပြီလကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာပဲ ဟဟဟ.. သင်္ကြန်အတွက် အကတိုက်ဖို့တွေရှိတယ်၊ ဒီအပတ် Stock take ရှိတော့ စနေတနေကုန်အလုပ်ဆင်းရမယ်၊ လာမယ့်အပတ် ရန်ကုန်ကို (၄)ရက်ပြန်ရမယ်၊ Vegan Baking Class ရှိတယ်၊ ကလေးတွေ စာသင်ရမယ်၊ အမေတို့လာမယ်.. သူ့သူငယ်ချင်းပါ ခေါ်လာမယ်ဆိုတော့ လိုက်ပို့ပေးရမယ်။ ဒီလိုပဲ လုံးလည်ချာလည်လိုက်ပြီး ပြီးသွားမှာပါပဲ ဟဟဟ xD သြော်.. ဒီနေ့ချက်ဖြစ်တဲ့ မုန့်ဟင်းခါးလေး ကြွားရဦးမယ်။


ပြီးခဲ့တဲ့အပတ်က ထူးထူးဆန်းဆန်း ကန်ဒီနေမကောင်းဖြစ်လိုက်သေးတယ်။ ကန်ဒီဆိုတာ တော်တော်နေမကောင်းဖြစ်ခဲတဲ့သူ။ ကိုယ်နေမကောင်းဖြစ်ဖူးတဲ့အခေါက်ရေကို လက်ချိုးရေလို့ရတယ်။ အလုပ်လုပ်တာ (၄)နှစ်ရှိပြီ.. တစ်ခါမှ MC မယူဘူး။ ဒီတခေါက်ဖျားတယ်ဆိုတာလည်း အပြင်းဖျားတာတော့ မဟုတ်ပါဘူး။ ငွေ့ငွေ့လေးဖျားတာ.. တက်လိုက်ကျလိုက် (၃)ခါလောက်ပဲ ဖြစ်တယ်။ ဆိုတော့ အလုပ်လည်း သွားတယ်လေ။ ကိုယ်ကအလုပ်မသွားရရင် မနေနိုင်တဲ့လူ။ တစ်ခုပဲ တော်တော်ဆိုးတာက အဖျားမရှိတော့တဲ့အချိန်မှာ အသံဝင်သွားတာပဲ။ စနေနေ့က အသံလုံးဝမထွက်တော့ ကန်ဒီ့မန်နေဂျာက အပြင်မှာဆေးမပေးနဲ့... အထဲမှာပဲနေဆိုပြီး ခွင့်ပေးတယ်။ ကံကောင်းလို့ ကန်ဒီ့ Presentation နေ့ကျ အသံပြန်ထွက်လာတယ်။ ဖြစ်ပုံက အခုအသံပြန်ထွက်လာပေမယ့် ချောင်းဆိုးနေတယ်။ 



နေမကောင်းတဲ့နေ့တွေ ဟင်းမချက်နိုင်တော့ အပြင်မှာပဲ စားရတယ်လေ။ ကိုယ်ချက်တာလောက် ခံတွင်းမတွေ့ဘူး။ နည်းနည်းနေပြန်ကောင်းလာတာနဲ့ ဈေးသွား အရွက်တွေအများကြီးဝယ်တယ်။ ဟင်းသေချာချက်စားတယ်။ ရွှေဖရုံသီးကို အုန်းနို့လေးနဲ့ ပဲသီးနဲ့ Soup လိုလေးချက်တယ်။ တို့ဖူးမွှေကြော်တယ်။ အရွက်ကြော်တယ်။ အသီးအရွက်တွေ များများစားချင်စိတ်ပေါက်လာရင် Salad လုပ်စားတယ်။ 




သင်္ကြန်နားနီးလို့ သင်္ကြန်ပိုးထနေတဲ့ရောဂါလေး နည်းနည်းပျောက်အောင် မနှစ်က ကိုယ်တွေအဖွဲ့ ဆမ်ဘာဝမ်းသင်္ကြန်မှာ သွားကပြီး အလွဲလွဲအချော်ချော်ဖြစ်ခဲ့တဲ့ ဗွီဒီယိုလေး အမှတ်တရ ရှယ်လိုက်ဦးမယ်။ ကန်ဒီတို့ယိမ်းက တိုပါးရိုးပင်တိုင်ယိမ်း.. မနှစ်က ဆမ်ဘာဝမ်းသင်္ကြန်မှာ လာကဖို့ဖိတ်တော့ တချို့သူတွေက မလာနိုင်တာနဲ့ ဘာနဲ့ (၈)ယောက်လောက်ကတဲ့အဖွဲ့က (၅)ယောက်လောက်နဲ့ သွားကရတော့ ကိုယ်တွေဖော်ထားတဲ့ အကွက်လှလှလေးတွေ ပျောက်ပြီး ဟာသတွေဖြစ်ကုန်တာလေ။ ပွဲကြည့်ပရိတ်သတ်တွေကတော့ သိမှာမဟုတ်လောက်ပေမယ့် ကိုယ်တွေက သိနေတော့ ရီချင်နေတော့တာ ဟဟဟ xD


နားတော့မယ်နော်..
တာ့တာ^^

Baking Class

$
0
0
မင်္ဂလာညချမ်းလေးပါနော်.. 
မနက်ဖြန်ညနေ ရန်ကုန်ခဏပြန်မှာဆိုတော့ ခုနက အထုတ်တွေပြင်နေတယ်လေ။ (၄)ရက်ပဲဆိုတော့ ဘာမှတော့ သိပ်မပြင်ရပါဘူး။ မပြန်ခင်လေး ပိုစ့်လေးတစ်ပုဒ်လောက်တော့ တင်သွားဦးမှနော်။ ဒီနေ့ ကန်ဒီ Vegan Baking Class သွားတုန်းက ရိုက်လာတဲ့ ပုံလေးတွေ တင်မယ်။ 



Credit: Photo by Teacher (Taken from Rejoyce Page)

တတိယပုံလေးတစ်ပုံကတော့ ကန်ဒီရိုက်တာမဟုတ်ဘူး။ ဆရာမတင်ထားတာလေးကို ဒီသယ်လာတာ။ ကိုယ်ပါတဲ့ပုံလေးက အဲ့တစ်ပုံပဲ ရှိတာကိုး xD ကန်ဒီတို့ Chocolate Cake နဲ့ Banana Muffins လုပ်တယ်။ ဆရာမ Recipes အတိုင်းလိုက်လုပ်တာ အရမ်းကောင်းပဲ။ ကြက်ဥမသုံး နို့မသုံးဘဲ ပုံမှန် Cake အရသာအတိုင်းထွက်တယ်။ ငှက်ပျောသီးကြိုက်တဲ့သူဆိုတော့ Banana Muffins ကို ပိုကြိုက်တယ်။




ကိုယ်လုပ်တဲ့ကိတ်လေး ကိုယ်ပြန်ယူသွား အိမ်ကလူတွေ၊ အလုပ်ကလူတွေကြွား... အဲ ကျွေး (xD) အားလုံးက အရမ်းကောင်းတာပဲဆိုတော့ အပျော်ကြီးပျော်.. ကန်ဒီ အဲ့ Class လေးကို Facebook က တွေ့တာပါ။ Rejoyce ဆိုတဲ့ Page လေးပေါ့။ ဆရာမက Vegan Cake လည်း ရောင်းတယ်၊ မတူတဲ့ သင်တန်းလေးတွေလည်း တစ်လတစ်ခါလောက် ဖွင့်တယ်ပေါ့။ လူဦးရေကန့်သတ်ထားပြီး Class တစ်ခုကို လူ(၈)ယောက်လောက်ပဲ လက်ခံတယ်။ အစကတော့ တစ်ယောက်တည်းဆိုတော့ သွားတက်ရင်ကောင်းမလား မတက်ရင်ကောင်းမလား ဟိုတွေးဒီတွေး တွေးနေသေးတယ်။ နောက်တော့ ဘာဖြစ်လဲ တစ်ယောက်ထဲလည်း တက်မယ်ဆိုပြီး စိတ်ဒုန်းဒုန်းချပြီး သွားတာလေ။ အဲ့လို out of the comfort zone လေးလည်း လုပ်ရမှ.. ကိုယ့်ဟာကိုယ်ပေးတဲ့ Challenge လေ။ ကန်ဒီက ပေါင်းသင်းဆက်ဆံရေး အားနည်းတယ်။ ကိုယ်ရင်းနှီးတဲ့ Community လေးထဲမှာပဲ ကိုယ်သိတဲ့သူတွေနဲ့ နေတတ်တဲ့သူ။ အဲ့ဒါကို ကိုယ့်အားနည်းချက်လို့ ခံယူထားတော့ အခွင့်ရရင် ရသလို ကိုယ့်ကိုကိုယ် Train လုပ်တယ်။ ကန်ဒီ Presentation တွေ လုပ်နေတာလည်း တခြားကြောင့်မထင်နဲ့.. အဲ့ဒီလူကြောက်တတ်တဲ့ လူတွေရှေ့မထွက်ရဲတဲ့စိတ်ကို ပျောက်အောင် ကိုယ့်ကိုကိုယ် Challenge တွေ ပေးနေတာ။


ကန်ဒီ့ စံပယ်လေး စ,ဖူးနေပြီ ကြည့်ပါဦး။ ကန်ဒီရန်ကုန်ရောက်နေတုန်း ပွင့်မယ်ထင်တယ်။ ၀မ်းနည်းတာ.. 
ည(၁၂)နာရီလည်း ထိုးပြီမို့ အိပ်တော့မယ်နော်..
ပြန်လာမှ တွေ့မယ်..
တာ့တာ

Thingyan Vibe

$
0
0
ရန်ကုန်က ပြန်ရောက်ပါပြီရှင်.. ပြန်ရောက်ရောက်ချင်းအပတ်ထဲမှာပဲ သင်္ကြန်အတွက် Group Photo ရိုက်ရမယ်ဆိုတာနဲ့ Garden by the Bay မှာ ပညာဒါနက ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံသွားရိုက်ကြပါတယ်။ ဆရာမက အားလုံးနှင်းဆီပန်းပန်ရမယ်တဲ့။ ကိုယ့်မှာလည်း နှင်းဆီပန်းကမရှိ.. အဲ့ဒါနဲ့ စနေနေ့ညနေကြီး Daiso (ဘာဝယ်ဝယ် နှစ်ဒေါ်လာဆိုင်) မှာ နှင်းဆီပန်းအတုပြေးရှာရသေးတယ်။ နှင်းဆီပန်းပန်တာ တခြားကြောင့် မဟုတ်ဘူး.. မှာထားတဲ့ ပိတောက်ပန်း မရသေးလို့ပါ။ တရက်တလေလေး အိပ်ရတဲ့ တနင်္ဂနွေနေ့မှာ အစောကြီးထ အလှပြင် (လှချင်တာကိုး)... မထုံးတတ်ထုံးတတ်နဲ့ ဆံပင်ကို ကပိုကရိုလေးထုံး (YouTube က ဆံပင်ထုံးနည်းတွေ ကြည့်ပြီးထုံးတာ) ပန်းပန်.. မင်းသမီးမဟုတ်တော့ အားလုံး ကိုယ်တိုင်လုပ်ရတယ် xD






Garden by the Bay ကို မနက်(၉)နာရီလောက် ရောက်တယ်။ မိုးလေးဖွဲဖွဲကျနေလို့ စောင့်ရသေးတယ်။ ဓာတ်ပုံဆရာတွေ မရိုက်ခင် ကိုယ့်မင်းသမီးလှလှလေးတွေနဲ့ အရင် Selfie ဆွဲရသေးတယ်။ လှလှပပပြင်ထားတာလေး တန်အောင်လေ။ ကိုယ်တွေယိမ်း မင်းသမီးတွေက အချောတွေချည်းနော် (ကိုယ့်ငါးချဉ်တော့ ကိုယ်ပြန်ချဉ်ရမှာပဲ ဟဟ)။ အကျီက နှစ်စုံ.. ချိတ်နဲ့တစ်စုံ၊ သင်္ကြန်ယိမ်းဝတ်စုံတစ်စုံ.. တကယ့် တိုပါးရိုးပွဲနေ့မှာလည်း အဲ့ဒီနှစ်စုံနဲ့ပဲ ကမှာ.. သီချင်းက (၄)ပုဒ်။ တကယ်က,တဲ့နေ့မှာတော့ ပိတောက်ပန်းနဲ့ သင်္ကြန်ဆံပင်ပုံစံပြင်မှာပေါ့နော်.. ခုကတော့ ပိတောက်မရှိသေးတော့ ဒီပုံစံပေါ့..



ဓာတ်ပုံဆရာတွေက စိတ်ရှည်တယ်။ အသေးစိတ်ကအစ လိုက်ကြည့်ပြီး လိုအပ်တာတွေ ပြောပေးတယ်။ သူတို့ရိုက်ပေးတဲ့ပုံတွေက မရသေးဘူး။ ဒါ ကန်ဒီမိတ်ကပ်လိမ်းထားတဲ့ရုပ်လေ.. ကန်ဒီ Foundation မိတ်ကပ်မလိမ်းတာ နှစ်နဲ့ချီပြီ။ မျက်နှာလိမ်းတဲ့ Foundation လည်း မရှိဘူးလေ။ အဲ့ဒါ ဒီသင်္ကြန်အတွက်ရယ်.. မင်္ဂလာဆောင်အတွက်ရယ်ဆိုပြီး ဟိုတလောကမှ ၀ယ်ထားတဲ့ Tarte ရဲ့ "Rainforest of the Sea"ဆိုတဲ့ Water Foundation လေး စမ်းလိမ်းထားတာ.. မဆိုးဘူး.. ကောင်းပါတယ်။ Coverage အရမ်းကောင်းတဲ့ Foundation တော့ မဟုတ်ဘူး။ Light to Medium coverage လောက်မှာရှိမယ်။ ကန်ဒီအမြဲလိမ်းတဲ့ Tinted Moisturizer ထက်တော့ ပိုကောင်းတာပေါ့နော်.. Tarte က ကန်ဒီကြိုက်တဲ့ မိတ်ကပ် Brand တစ်ခုပေါ့။ သူက Cruelty-free လေ.. သူ့ Product တွေဆို ဘယ်ဟာက Vegan ပါ ဆိုတာမျိုးတွေတောင် information ပေးထားတယ်။ ကြိုက်တယ်။ ဒါလေးက တစ်ခါပဲ သုံးရသေးတော့ Review မရေးသေးဘူးနော်..


တိုပါးရိုးသင်္ကြန်က ဧပြီလ(၁၅)ရက်နေ့နော်.. မနက်(၁၀)ခွဲလောက်မှ အဆိုအကတွေ စ,မယ်။ စင်္ကာပူကဆို ကန်ဒီတို့ တိုပါးရိုးပင်တိုင်ယိမ်းကို လာအားပေးကြပါဦးလို့(:D)။ ကန်ဒီတို့အဖွဲ့ အကတွေလည်း အသေအလဲ တိုက်နေပါတယ်။ ခုဆို ကော့ရကောက်ရလွန်းလို့ ခါးတွေတောင် နာနေတယ်။ မြန်မာအကဆိုတာလည်း ခါးချိုးမှ လှတာမလား.. အဲ့တော့ မရှိတဲ့ခါးကို အတင်းချိုးရတယ်လေ။ သူများတွေလို မြန်မာခန္ဓာကိုယ် တင်တွေရင်တွေမရှိတော့ ပိုဆိုး.. သူများနည်းနည်းချိုးရင် ကိုယ်များများချိုးရတယ် ဟဟဟ xD

ဓာတ်ပုံဆရာတွေဆီက ဓာတ်ပုံလေးတွေရရင် ပြမယ်နော်..
သင်္ကြန်မတိုင်ခင်ရဖို့ မျှော်လင့်ပါတယ် :D

တိုပါးရိုး ပင်တိုင်ယိမ်း

$
0
0
မင်္ဂလာညချမ်းပါနော်..
ကန်ဒီတို့အဖွဲ့ သင်္ကြန် Photoshoot က ပုံလေးတချို့ရပြီမို့ သင်္ကြန်မတိုင်ခင်လေး လာပြတာပါ။ (၈)ယောက်ရှိတဲ့အဖွဲ့မှာ အဲ့နေ့က တစ်ယောက်က မအားတော့ (၇)ဖော် မင်းသမီးတွေ ဖြစ်သွားတယ်လေ။ တိုပါးရိုးသင်္ကြန်က လာမယ့်တနင်္ဂနွေ ဧပြီလ(၁၅)ရက်နေ့ပါ။ နေ့လည်(၁၁)နာရီလောက် အဆိုအကတွေ စပါမယ်။



အားလုံးအကတွေတိုက်ပြီး သင်္ကြန်နားနီးမှ အခုပြသနာတတ်နေတယ်။ အဖွဲ့ထဲက ညီမလေးတယောက်က ရုတ်တရက်ရန်ကုန်ခဏပြန်သွားရတော့ အခုအသည်းအသန် လူရှာနေရတယ်။ တယောက်ရပြီလို့တော့ ပြောတယ်။ အဲ့ဒီအသစ်ညီမလေးကို အချိန်တိုအတွင်းမှာ အကတွေ အကုန်ပြန်သင်ရမှာပေါ့။ ဖြစ်လိုက်ရင် အဲ့လိုအသည်းအသန်တွေချည်းလေ..





ပညာဒါနကအစ်ကိုတွေ ရိုက်ပေးတဲ့ ပုံလေးတွေ လှမှလှနော်.. ဓာတ်ပုံဆရာတွေတော်လို့ အားလုံးလှနေကြတာပါ။ သူတို့က အသေးစိတ် သူတို့လိုချင်တဲ့ပုံစံရတဲ့အထိ လိုက်ပြောပေးတယ်။ ထမီကိုဘယ်လိုပြင်လိုက်ပါ၊ ခေါင်းကိုဘယ်လိုစောင်းလိုက်ပါ ဆိုတာမျိုး။ အဲ့ဒါကြောင့်လည်း ပုံလေးတွေက လှနေတာ။






ဒါက ကန်ဒီ့ကို တယောက်တည်းရိုက်ပေးထားတဲ့ပုံလေးတွေ... ကင်မရာကောင်းတော့ နောက်ခံရှုခင်းက၀ါးဝါးလေးတွေဖြစ်ပြီး အရမ်းလှတယ်။ အဲ့ပုံရဖို့ ကန်ဒီ့ကို အာပေါက်အောင် ပြောရတယ်လေ။ အဲ့လိုတော်တဲ့ မော်ဒယ်ပါ (xD)။ ထမီက ကျနေရင် မလှဘူးဆိုလို့ ထမီကိုဒူးနဲ့ညှပ်ထားရတယ်၊ ဘယ်ဖက်လက်နဲ့ ကိုင်ထားရတယ် ဟဟဟ။ လှချင်တော့ အဲ့လောက်တော့ အပင်ပန်းခံရတယ်။ Garden by the Bay မှာ သွားရိုက်ထားတာပါ။ စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ အစ်ကိုများအားလုံးကို ကျေးဇူးတင်ပါတယ်။


ကန်ဒီတို့ အကတိုက်ထားတဲ့ Video File လေးတချို့ကို စုပြီး အမှတ်တရဗွီဒီယိုလေး လုပ်ထားပါတယ်။ ဒါကတော့ သင်္ကြန်မတိုင်ခင် အမြည်းပေါ့နော်..

တာ့တာ..

မျှော်နေရသောသင်္ကြန် ကြိုနေရသောသင်္ကြန်

$
0
0
ကန်ဒီတို့ရဲ့ တိုပါးရိုးသင်္ကြန်လေး ချောချောမွေ့မွေ့ပဲ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ပြီးသွားပါပြီရှင်.. ဒီနေ့ပိုစ့်လေးကတော့ သင်္ကြန်ပုံလေးတွေ တင်ဖို့နဲ့ သင်္ကြန်အမှတ်တရလေးတွေ ပြောဖို့ပါ။ ပြီးခဲ့တဲ့ပိုစ့်မှာ ကန်ဒီပြောပြထားသလိုပဲ အဖွဲ့ထဲက ညီမတစ်ယောက်က ရုတ်တရက်ရန်ကုန်ပြန်သွားရတော့ နောက်ညီမလေးတစ်ယောက်ကို အစားထိုးပြီး သူ့ကို(၃)ရက်တည်းနဲ့ သီချင်းသုံးပုဒ်ကို အပြီးတိုက်ရတယ်။ အဲ့ဒီအသစ်ညီမလေးကလည်း တော်တယ်။ သူသီချင်း(၃)ပုဒ်လုံးကို (၃)ရက်တည်းနဲ့ မှတ်နိုင်တယ်။ 


သင်္ကြန်မတိုင်ခင် Rehearsal နေ့ကတော့ မှတ်မှတ်ရရ ဆရာမဆူတာ တဖွဲ့လုံးခံရတဲ့နေ့။ မညီလို့လေ.. မညီဆို တိုက်ချိန်ကလည်း မရ၊ တစ်ယောက်အားရင် နောက်တစ်ယောက်က မအား၊ ဒီကြားထဲ လူစားထိုးလိုက်ရသေးတယ်၊ အဲ့ဒီ Rehearsal နေ့မှ တဖွဲ့လုံးလူစုံတယ်။ လူစုံတခါမှ မတိုက်ဖူးဘဲ အဲ့နေ့မှလူစုံတိုက်တော့ တယောက်တပေါက် မညီမညာနဲ့ပေါ့။ နေ့လည်(၁၂)နာရီကနေ ညနေ(၄)နာရီကျော်ထိ တချက်မှ မနားရဘူး။ ဆက်တိုက် ဆရာမအဆူခံပြီး တိုက်ရတာ။ တချက်မညီတာနဲ့ သီချင်းပိတ် အစကပြန်က,ရတာ။ နောက်ဆုံးတော့ ဆရာမလည်း ဆူရတာမောသွားတယ်၊ ကိုယ်တွေလည်း မျော့မျော့ပဲကျန်တော့တယ်။ စိတ်လည်းလျော့ချလိုက်တယ်။ ဒီနှစ်သင်္ကြန်တော့ ပင်တိုင်ယိမ်း နာမည်ပျက်ပြီပေါ့။ နှစ်စဉ်ညီညီညာညာ က,လာတာကိုး။  


နောက်နေ့ မနက်စောစောထ ကိုယ့်ဟာကိုယ် အလှပြင်၊ ဆံပင်ပြင်၊ ပန်းပန် ဘုန်းကြီးကျောင်းကို (၉)နာရီလောက် အရောက်သွားရတယ်။ ဆရာမက မျက်တောင်တုတပ်ရမယ်ဆိုလို့ တစ်ခါမှ မတပ်ဖူးတဲ့ မျက်တောင်တုကိုတပ်တာ (၁၅)မိနစ်ကြာတယ်။ ချိတ်နဲ့က အောင်ထက်နဲ့ နီနီခင်ဇော်ဆိုထားတဲ့ "မင်္ဂလာပါ"ဆိုတဲ့သီချင်းလေး က,တယ်။





"ရွှေသင်္ကြန်"ဆိုတဲ့ သီချင်းလေးရယ် "တစ်နှစ်နွမ်း တစ်နှစ်ဆန်း"ဆိုတဲ့ သီချင်းလေးရယ်ကိုကျ ဆင်တူခရမ်းရောင်ဝတ်စုံလေးတွေနဲ့ ကတယ်။ အရင်နှစ်ကလောက် အားမရပေမယ့် အားလုံးကြိုးစားပြီး ကကြပါတယ်။ ပရိသတ်တွေကလည်း အားပေးတယ်။ အပျော်ရဆုံးအချိန်ကတော့ သင်္ကြန်ပြီး နောက်တနေ့.. ကန်ဒီတို့အဖွဲ့က,တဲ့ Video ဖိုင်လေးကို ကိုယ်တွေမသိတဲ့ အစ်ကိုတယောက်က စင်္ကာပူရောက် ရွှေမြန်မာများဆိုတဲ့ Facebook Group လေးမှာ သွားရှယ်ထားတာ.. Comments တွေမှာ အားလုံးက တော်တယ်၊ ကသွားတာ လှလိုက်တာ၊ အဲ့ဒီအဖွဲ့အရမ်းသဘောကျတယ်ဆိုတဲ့ comment လေးတွေ ဖတ်ရတော့ တဖွဲ့လုံး ပျော်နေကြတယ်။




နောက်မှတ်မှတ်ရရလေး တစ်ခုကတော့.. ယိမ်းအပြင် မောင်လေးတစ်ယောက်က သူဆိုတဲ့သီချင်းလေးကို က,ပေးကြပါဆိုတာနဲ့ ဆရာမရယ်၊ ကန်ဒီရယ်၊ နောက်ညီမလေးရယ်က သူ့အတွက် အကကျင့်ထားပေးတယ်ပေါ့။  ပွဲနေ့ကျတော့ ကန်ဒီက သူ့သီချင်းအလှည့်ဆိုတာမေ့ပြီး နေ့လည်စာစားနေတာ။ MC တွေက သူ့သီချင်းနာမည်ခေါ်မှ ပါးစပ်ထဲ ပလုတ်ပလောင်းနဲ့ စင်ပေါ်ပြေးရတာ ဟဟဟ xD





ကဲ.. အာလူးဖုတ်မနေတော့ဘဲ ကန်ဒီတို့က,တဲ့ ဗွီဒီယိုလေး ပြမယ်နော်။ သီချင်းကတော့ နှစ်ပုဒ်ပဲပါတယ်။ ပထမဆုံးက,တဲ့ တစ်ပုဒ်က မရိုက်လိုက်ရလို့။ မညီမညာတာလေးတွေကို သည်းခံပြီး ကြည့်ပေးပါလို့ :D


နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..

"30"

$
0
0
စာမရေးဖြစ်တာ တော်တော်ကြာ.. ဘာတွေရှုပ်နေလဲမေးရင် ဘယ်လိုတွေပြောပြရမလဲ မသိအောင်ကို စုံနေတာ ဟဟဟ။ ပြီးခဲ့တဲ့တစ်ပတ်လုံးကတော့ Presentation Rehearsal အတွက် စာဖတ်နေရတယ်၊ Slides တွေ ပြင်နေရတယ်။ တကယ့် Seminar က မေလ(၂၂)ရက်နေ့... ဒါပေမယ့် Rehearsal သဘောလုပ်ရတဲ့ဟာက မေလ(၈)ရက်နေ့ဆိုတော့ အဲ့နေ့အမှီ စာတွေအသားကုန်ဖတ်၊ ကိုယ်ပြောမယ့်အရာတွေ ပြင်နေရတာ ဖတ်ဖတ်ကိုမောရောပဲ။ Seminar Poster က ထွက်နေပြီ။ လူ(၁၂၀)လောက်ရှေ့မှာပြောရမှာ ဒါပထမဆုံးပဲ။ နည်းနည်းတော့ လန့်တယ်။ ဒါပေမယ့် ဖြစ်သွားမှာပါလေ.. (ကိုယ့်ကိုကိုယ်အားပေးတာ)။ အလုပ်က သူငယ်ချင်းတွေကလည်း ကန်ဒီ့နာမည်မှာ အသည်းလေးတွေရေးပြီး အားပေးကြတယ်.. အဲ့လိုချစ်ဖို့ကောင်းတာ။


အဲ့ဒါအပြင် ဘာရှုပ်သေးလဲဆိုတော့ ကန်ဒီ့မွေးနေ့.. မေလ(၂)ရက်နေ့။ အသက်(၃၀)ပြည့်တဲ့နေ့... (ငိုရမလား ပျော်ရမလား xD) အချိန်တွေ ဘယ်လောက်မြန်လဲဆိုတာ ကိုယ့်ဟာကိုယ်(၃၀)ပြည့်တာ ယုံတောင် မယုံနိုင်သေးဘူး ဟဟ။ ဇရာကတော့ ထောင်းလာပါပြီ။ အလုပ်က သူငယ်ချင်းက ဘာရယ်မဟုတ်ဘူး... "When is your Birthday?"ဆိုပြီး လာမေးတာ.. ဖြစ်ချင်တော့ နောက်အပတ်ဖြစ်နေတာနဲ့ "Next week. What will you get for me?"ဆိုပြီး နောက်လိုက်တာ.. သူက မွေးနေ့လက်ဆောင်ကြီး တကယ်ဝယ်လာတယ်။ အားနာလိုက်တာ ဟဟဟ xD






မွေးနေ့အမှတ်တရ "Cozy Corner"ဆိုတဲ့ သက်သတ်လွတ်ဆိုင်အသစ်မှာ ညစာသွားစားတယ်။ ဆူရှီ၊ Sweet Potato Smoothie နဲ့ Seaweed sausage စားကြည့်တယ်။ Sausage က တကယ့်အသားနဲ့တူတာ စားစားခြင်း လန့်တောင်လန့်သွားတယ်။ ချစ်သူဆီက ကန်ဒီအရမ်းလိုချင်နေတဲ့ Instax mini camera လေး ရတယ် ^_^

နောက်ဘာတွေလုပ်သေးလဲဆိုတော့ မေဒေးပိတ်ရက်မတိုင်ခင် ညနေမှာ အလုပ်ကသူငယ်ချင်းတွေနဲ့ Bowling သွားဆော့တယ်။ အဲ့လို အဲ့လိုတွေ လမ်းများနေတာလေ... အိမ်ပြန်ရောက်ရင် စာကလည်း လုပ်ရသေးတယ် ဟဟဟ




ဒီနေ့တော့ ဒီလောက်နဲ့ရပ်မယ်နော်..
တာ့တာ

1st June 2018

$
0
0
အားလုံး အားလုံး မင်္ဂလာပါရှင်..
စာမရေးတာ တစ်လကျော်ကျော်တောင် ရှိသွားပြီနော်.. လာလည်တဲ့ စာဖတ်သူတွေတောင် ရှိသေးရဲ့လားမသိ.. ဘာဖြစ်ဖြစ် ကိုယ့်ဒိုင်ယာရီစာအုပ်လေးဆိုတော့ ရေးချင်တဲ့အချိန် ထလာရေးရတာပါပဲ။ မင်္ဂလာဆောင်လည်း ပြီးသွားတော့ ခုမှအေးအေးဆေးဆေးဖြစ်သွားတာလေ။ ဒီနေ့တော့ လက်မှတ်ထိုးတဲ့နေ့လေးတုန်းက ပုံလေးတွေ အမှတ်တရတင်ချင်လို့ပါ။ 

ကန်ဒီတို့ရန်ကုန်ပြန်သွားတာ မေလ(၂၉)ရက်နေ့... လက်မှတ်ထိုးတာ ဇွန်လ(၁)ရက်နေ့ပေါ့။ တရားရုံးမသွားခင် အရင်ဆုံး ဘုရားကန်တော့... ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်း ကပ်လှူ ... မိဘကန်တော့ပါတယ်။






အိမ်ကနေတရားရုံးသွားတာ ကားတွေပိတ်တာအရမ်း.. (၁၀)နာရီချိန်းတာ (၁၀)နာရီခွဲကျော်ကျော်မှ ရောက်တယ်။ ဟိုရောက်တော့ တရားသူကြီးရှေ့မှာ တရားဝင်လက်မှတ်ထိုး :)





ဒီပုံလေးကို သူငယ်ချင်းအစ်မနှစ်ယောက်က Hardcopy လေးထုတ်ပြီး Photo Frame လေးနဲ့ လက်ဖွဲ့ထားတယ်။ အရမ်းသဘောကျတာပဲ။ ဟန်ဆောင်ပြုံးတွေမပါဘဲ သဘာဝကျလို့လေ..

နောက်ပွဲတွေက ဓာတ်ပုံတွေတော့ ဖြည်းဖြည်းချင်းလာမယ်နော် :D
Viewing all 246 articles
Browse latest View live